လက်ဖက်ခြောက်စားသူ

လက်ဖက်ခြောက်စားသူ
March 21, 2017 Asian Fame
လက်ဖက်ခြောက်စားသူ

NayMyoပြည် တော် သာမှာ နေတုန်းက။ အဲဒီ တုန်းက ကျွန်တော့်ဇနီး မကွယ်လွန်သေး။ ကျွန်တော်ရေးတဲ့ စာအုပ်တွေ မထွက် သေး။ ကျွန်တော့် သမီး ငယ်လေးရဲ့ ကျိုး နေတဲ့ ရှေ့သွားကလေးနှစ်ချောင်း ပြန် မပေါက်သေး။ ကျွန်တော်ပြောချင် တာက အဲဒါတွေ အသာထားပါ။

ကျွန်တော်တို့ ရပ်ကွက်ထဲက လူ တစ်ယောက်အကြောင်းပါ။ သူ့ နာမည်က ဦးလှရင်တဲ့။ ဦးလှ ရင်က အရပ်ရှည်ရှည်၊ မျက် နှာ သွယ် သွယ်၊ မေးရိုးကောင်း ကောင်းနဲ့။ ဦးလှရင်ဟာ နေ့ လယ်ခင်းဆိုရင် ရပ်ကွက်ထဲ က သူနဲ့ရင်းနှီးတဲ့ အိမ်တွေကို သွား လည် တတ်တယ်။ တကယ် တော့ ကျွန်တော်တို့ တစ်ရပ်ကွက် လုံးဟာတစ်ဦး နဲ့တစ်ဦး၊ တစ် မိသားစုနဲ့ တစ်မိသားစု သိကျွမ်းရင်းနှီး ကြသူတွေပါ။ ဒီတော့ ရပ်ကွက်ထဲ ကလူ တွေက ဦးလှရင်ကို သိပြီးသား။ သူလာ ရင် ရေနွေးကြမ်းနဲ့ ဧည့်ခံပြီး စကား စမြည်ပြောကြ။ အလ္လာပ သလ္လာပတွေ၊ အကြောင်းကြာင်းတွေပေါ့လေ။ ဦးလှ ရင်က ရေနွေးကြမ်း ကို ကြိုက်တယ်။ ရေ နွေးကြမ်းတစ်ခွက် သောက်လိုက် ရပ် ကွက်ထဲက အကြောင်း အရာ တစ်ခုကို ပြောလိုက်။ တစ်ခါ ရေနွေးကြမ်း တစ်ခွက် သောက်လိုက် အရပ်ထဲက အကြောင်း အရာတွေ ကို ပြော လိုက်နဲ့။ ရေနွေးကြမ်း အိုးလည်း ကုန်ရော၊ ရပ်ကွက်ထဲက ဇာတ်လမ်းစုံကို ပြောဆိုပြီး ကြပြီ။ ဒီမှာ ရေနွေး ကုန်သွားပြီဆိုတော့ ဦးလှရင်က ဘာလုပ် တယ်မှတ်လဲ။ အဲဒီရေနွေးအိုး ထဲက လက်ဖက်ခြောက် ပြုတ်ဖတ်တွေကို နှိုက်ယူပြီး တမြုံ့မြုံ့ ဝါးစားရင်း သူ့အိမ် ကို ပြန်သွားပါသဗျား။ အဲဒါ သူ့ရဲ့ အကျင့်ပါပဲ။ အဲဒီတုန်းက တစ်ရက်မှာ ကျွန်တော် ရပ်ကွက်လမ်းထဲရောက်တော့ ဦးလှရင် တစ်ယောက် ဟိုဘက်အိမ်ကနေ ပြန်ထွက်လာတာ တွေ့ရတယ်။ သူ့လက် ထဲမှာ လက်ဖက်ခြောက် ပြုတ်ဖတ်တွေ။ ဒါကို တမြုံ့မြုံ့ဝါးစားရင်း သူ့အိမ်ကို ပြန်နေတာ။

တစ်ညနေကလည်း ကျွန်တော်တို့ အိမ်ကို ဦးလှရင်ရောက်လာပြီး စကား စမြည်ပြောတယ်။ “ဟဲ့ … ဝင်းမေ ဘာချက်တုန်း” တဲ့။ သူတို့ က ကျွန်တော့် ဇနီးကို အဲဒီလိုပဲ ခေါ်ပြောလေ့ရှိကြ တယ်။ ကျွန်တော့်ဇနီးက ဓာတ်ဘူးထဲ လက်ဖက်ခြောက်ထည့်၊ ရေနွေးဖြည့် ပြီး ပေး တယ်။ ကျွန်တော်နဲ့ ဦးလှရင် ဟို အကြောင်း၊ ဒီအကြောင်းတွေ ပြောကြ တာပေါ့လေ။ “ကျွန်တော် လုပ်ငန်း သိပ် မဖြစ်ပါဘူး ဦးလေးရာ။ တိုက်ဆေး လိုက်သုတ်နေတာ နေ့တွက်မကိုက်လို့ ညဆင်းပါ ဆင်းနေရတယ်” ဆိုတော့ “ဟုတ်လား”တဲ့ သူကမေးတယ်။ “ဟုတ် တယ်ဦးလေး၊ ခုညနေစာစားပြီး အလုပ် ထဲ ပြန်သွားရဦးမှာ”ဆိုပြန်တော့ “မင်း မလဲ ပင်ပန်းလိုက်တာကွာ။ အေးလေ၊ သန်မာတုန်း လုပ်နိုင်ကိုင်နိုင်တုန်း လုပ် ထား” စသည်ဖြင့် သူကပြန်ပြော တယ် လေ။ သူနဲ့ကျွန်တော် စကားပြောလည်း ပြော၊ သူကရေနွေးသောက် လည်း သောက်ပေါ့။ ဓာတ်ဘူးထဲ ရေနွေးကုန် တော့ ကျွန်တော်က လှမ်းအယူ “နေပစေ တော့”တဲ့။ ပြီးမှ ”  ခြောက်တွေ မင်းသွန်ပစ်မှာ လား”လို့ သူက မေးတယ်။ “ဟုတ်တယ်ဦးလေး” ဆိုတော့ သူက “အဲဒါတွေ မသွန်ပစ် ပါနဲ့” ဆိုပြီး လက်ဖက်ခြောက်ပြုတ်ဖတ် တွေ သူ့လက်ဖဝါးထဲထည့်ပြီး တမြုံ့မြုံ့ စားရင်း “ကဲ ငါပြန်လိုက် ဦးမကွာဆိုပြီး ပြန်သွားပါရော။

နှစ်အတန် ကြာခဲ့ပါပြီ။ ပြန်ပြီး ရေ တွက်ကြည့်မယ် ဆိုရင် နှစ်နှစ်ဆယ်နီး ပါးရှိပြီ။ အစမှာ ပြောခဲ့သလိုပဲ။ အဲဒီ တုန်းက ကျွန်တော် ပြည်တော်သာ မှာ နေတာ။ အဲဒီတုန်းက ကျွန်တော့်ဇနီး မကွယ်လွန်သေး။ ကျွန်တော်ရေးတဲ့ စာအုပ်တွေ မထွက်သေး။ ကျွန်တော့် သမီးငယ်ကလေးရဲ့ ကျိုးနေတဲ့ ရှေ့ သွား၂ချောင်း ပြန်မပေါက်သေး။ ခုတော့ ကျွန်တော် ဒီအကြောင်းတွေကို ရေနွေး ကြမ်း တစ်ခွက် နှစ်ခွက်သောက်ရင်း ပြန်သတိရမိပေါ့။ တောင်ပေါ်မြို့က လက်ဆောင်ရတဲ့ လက်ဖက်ခြောက်ကို ရေနွေး ဆူဆူ နဲ့ နှပ် ပြီးသောက် ခဲ့တာ။ ရေနွေးကြမ်းခွက်ကြီး ၃ခွက် သောက်ပြီး ပြီ။ ရေနွေးကြမ်းခွက်ထဲမှာ လက်ဖက် ခြောက်ပြုတ်ဖတ်တွေ။ အဲဒါ ကိုမြင်တော့ “ဒါတွေကို သွန်မပစ်နဲ့”လို့ဆိုတဲ့ ဦး လှရင်ကြီးကို သတိရမိပါတော့တယ်။ လက်ဖက်ခြောက် ပြုတ်ဖတ်တွေ လက် ဖဝါးထဲ ထည့်ပြီး တမြုံ့မြုံ့နဲ့ စားရင်း သူ့ အိမ်ကို ပြန်နေပုံလေ။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*