ရုပ်ရှင်ရွေးကောက်ပွဲကို အမှုဆောင်သက်တမ်းမကုန်မီပြုလုပ်မည်ဟု ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းဆို

ရုပ်ရှင်ရွေးကောက်ပွဲကို အမှုဆောင်သက်တမ်းမကုန်မီပြုလုပ်မည်ဟု ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းဆို
March 20, 2017 Asian Fame
ရုပ်ရှင်ရွေးကောက်ပွဲကို အမှုဆောင်သက်တမ်းမကုန်မီပြုလုပ်မည်ဟု ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းဆို

Lu Min

၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီလမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဦးလူမင်းရဲ့ ဥက္ကဋ္ဌသက်တမ်းပြည့်တော့မှာဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ရွေး ချယ်တင်မြှောက်ခြင်း (ရုပ်ရှင် ရွေးကောက်ပွဲ)ကိုတော့ မတ်လ၁၈ရက် နေ့ အကယ်ဒမီပေးပွဲ အပြီးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲကို ခပ် စောစောပြုလုပ်ရခြင်းအကြောင်းကိုတော့ ဦးလူမင်းက အခုလို ပြောပါတယ်။

” အစ်ကိုက ရုပ်ရှင်ဥက္ကဋ္ဌသက်တမ်း ၂ နှစ်ဆက်တိုက်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ပထမသက်တမ်းကတော့ သက်တမ်းပြည့်လို့ မဆိုသာပေမယ့်၊ ဥက္ကဋ္ဌဦးဇင်ဝိုင်းက ပထမ သက်တမ်းမှာ ၆လကျော်လောက်နဲ့ ပဲ ကျန်းမာရေးအရ အနားယူသွား တာဆိုတော့ ကျန်တဲ့သက်တမ်း တစ်ခုလုံးနီးပါးရယ်၊ နောက်ထပ်သက်တမ်းမှာလည်း သက်တမ်းပြည့် ပါပဲ။ ၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီလ ကိုယ်တို့သက်တမ်းပြည့်မှာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲကိုစောလုပ် မယ်ဆိုတာက နောက်တက်လာမယ့် အဖွဲ့အစည်း အတွက် ကျင်းပရမယ့် အကယ်ဒမီ ပေးပွဲတွေ၊ ရုပ်ရှင်တွေ၊ သက်ကြီး ပူဇော်ပွဲတွေ ဆောင်ရွက်ဖို့ အတွက် ကြိုတင်ပြင်ဆင်ချိန်ရ အောင် ကိုယ်တို့က စောပြီးကျင်းပ တာပါ” လို့ ဦးလူမင်းက ပြောပါတယ်။ မတ်လ၁၈ရက်နေ့မှာတော့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ပေးပွဲကြီး ကို ပြည်သူ့ရင်ပြင်မှာ ကျင်းပသွား မှာဖြစ်သလို ဖျော်ဖြေတင်ဆက်မှု အနေနဲ့လည်း ခေတ်ဟောင်းရုပ်ရှင် ဇာတ်ဝင်တေးတွေကို ဖျော်ဖြေ တင်ဆက်သွားမယ်လို့ ဦးလူမင်းက ပြောပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*