မြန်မာ့ရုပ်ရှင်သမိုင်း သစ်ရေးထိုးကာ အခမ်းနားဆုံး ယဉ်ကျေးမှု အလှတရား ပြယုဂ်နှင့် ၂ဝ၁၆ခုနှစ်

မြန်မာ့ရုပ်ရှင်သမိုင်း သစ်ရေးထိုးကာ အခမ်းနားဆုံး ယဉ်ကျေးမှု အလှတရား ပြယုဂ်နှင့် ၂ဝ၁၆ခုနှစ်
March 20, 2017 Asian Fame
မြန်မာ့ရုပ်ရှင်သမိုင်း သစ်ရေးထိုးကာ အခမ်းနားဆုံး ယဉ်ကျေးမှု အလှတရား ပြယုဂ်နှင့် ၂ဝ၁၆ခုနှစ်

shwedg

မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော် မြတ်ကြီး မြင်ကွင်းအား နောက်ခံထားပြီး ၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပေးအပ်ပွဲ အခမ်း အနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ မတ်လ ၁၈ရက်နေ့က ည ၇နာရီ အချိန်တွင် စတင်ခဲ့ပြီး နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြန်ကြားရေး ဝန်ကြီးဦးဖေမြင့်၊ စည်သူဗိုလ်ကလေးတင့်အောင်နှင့်ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူ မင်းတို့က အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာ့ယဉ်ကျေးမှုအလှ ဆင်ယင်ထုံးဖွဲ့မှုအသွင်သဏ္ဍာန် မျိုးစုံပုံဖော်ခြယ်မှုန်းခင်းကျင်း၍ နိုင်ငံတကာ အဆင့်မီစင်မြင့်ဒီဇိုင်းနှင့် ပွဲအခမ်းအနား ပြင်ဆင်ခင်းကျင်း ထားသည့် ၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား စီစဉ်သူများအဖြစ် အကယ်ဒမီ မို့မို့မြင့် အောင်၊ ဆန်းထွဋ်တို့နှင့်အတူ ကို ကျော်သက်လင်းတို့ ဇနီးမောင်နှံ တို့က ဆောင်ရွက်ခဲ့သည်။ အခမ်းအနားအစီအစဉ်ကို အကယ်ဒမီ ဓီရာမိုရ် ဦးစီးသော ဂီတကဗျာ ORCHESTRA တီးဝိုင်း နှင့်အတူ ယဉ်ကျေးမှု တက္ကသိုလ်မောင်၊ မယ်တို့က ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ဝင်ခန်း တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ပြီး နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်မှ ပေးပို့သော သဝဏ်လွှာကိုအကယ်ဒမီ အိန္ဒြာကျော်ဇင်က ဖတ်ကြားပေးခဲ့သည်။

ထို့နောက်တွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နှုတ်ခွန်းဆက် စကား ပြော ကြားပေးခဲ့ပြီးနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက မြန်မာ့ ရုပ်ရှင် သမိုင်းအစဉ်အလာနှင့် ရုပ်ရှင် လောကဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂ဝ၁၆ခုနှစ်၊ ရုပ်ရှင်ထူးချွန်ဆုများကို ချီးမြှင့် ပေးအပ်ခဲ့ရာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “အုတ်ကြား မြက်ပေါက်” ၊ အကောင်းဆုံး ရုပ်ရှင် အသံဆုကို ဦးကြည်မင်းသိန်း (မှော်ကျောက်စာ)၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ဓီရာမိုရ် (လူးရတနာသိုက်)၊ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုကို ဥာဏ်ဝင့် (ဧဒင်ရဲ့နတ်သမီး)၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို မောင်မြင့်၊ အေးမင်း၊ အငယ်လေး (လူးရတနာ သိုက်)၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို အကယ်ဒမီလူမင်း (ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား နှင့် မြိုင်ရာဇာတာတေ)၊ အကောင်း ဆုံး ဒါရိုက်တာဆုကို ညွှန့်မြန်မာညီညီ အောင် (အုတ်ကြားမြက်ပေါက်)၊ အကောင်းဆုံး အမျိုးသမီး ဇာတ် ဆောင်ဆုကို အကယ်ဒမီ သက်မွန် မြင့် (ချစ်လှစွာသောအမုန်း)၊ အ ကောင်းဆုံး အမျိုးသားဇာတ် ဆောင် ဆုကို ထွန်းထွန်း (အုတ်ကြား မြက် ပေါက်)၊ အထူးဆုကို မိုးမြန်မာ မီဒီ ယာ ရုပ်ရှင်ထုတ်လုပ်ရေး (မနော မြေမှ ကျောက်စိမ်းကမ္ဘာ) စသည် ဖြင့် ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂ဝ၁၆ခုနှစ်၊
မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးဆုံး ကြောင်း ကြေညာကာ ပိတ်သိမ်းခဲ့သည်။

သို့ဖြစ်ပါသောကြောင့် ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအခမ်း အနားသည် NLD အစိုးရလက်ထက် ကမ္ဘာသိထင်ရှားသည့် မြန်မာ့ယဉ် ကျေးမှု ပြယုဂ်ဖြစ်သော ရွှေတိဂုံ စေတီတော်မြတ်ကြီး မြင်ကွင်း နောက်ခံထား၍ ရန်ကုန်၊ ပြည်သူ့ ရင်ပြင်တွင် ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပခွင့်ရရှိခဲ့ကာ မြန်မာ့ယဉ်ကျေးမှု အလှတရားများ နှင့် ဝတ်စားဆင်ယင်မှု ဖက်ရှင်ဒီဇိုင်း ဆန်းသစ်မှုများဖြင့် ခမ်းနားထည်ဝါစွာ နိုင်ငံတကာ အဆင့်မီအခမ်းအနား တစ်ခုအသွင်ဖြင့် ထုတ်ဖော်ပြသ နိုင်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့သည့် သမိုင်းဝင် အကယ်ဒမီပွဲအခမ်းအနားတစ်ခု ဖြစ်ခဲ့ပါသည်။

အချုပ်ဆိုရရင် ၂ဝ၁၆ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲသည် မြန်မာ့ရုပ်ရှင်နှစ်၁ဝဝပြည့်အတွက်ရော၊ မြန်မာ ရုပ်ရှင်လောက သားတို့၏ ယုံကြည်မျှော်လင့်ချက်များ ပါ အနာဂတ်စိတ်ခွန်အားများနှင့် အနုပညာ အားမာန်များ သန္ဓေတည် မွေးဖွားပေးခဲ့သည်က အမှန်ပင်ဖြစ် သည်။ ဤသို့ဆိုသည်မှာ အခမ်း အနားအကြိုနှင့် အစီအစဉ် ဖျော်ဖြေ တင်ဆက်မှုများတွင် အကယ်ဒမီ ဓီရာမိုရ် ဦးစီးသည့် ဂီတကဗျာ ORCHESTRA တီးဝိုင်း၏ ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ဝင်တေး သီချင်းသီဆိုဖျော်ဖြေမှုနှင့် တေး သရုပ်ဖော်ဖျော်ဖြေတင်ဆက်ခြင်း၊ ကမ္ဘာ သိထင်ရှားသောမြန်မာ့ ယဉ်ကျေးမှု ပြယုဂ် ဖြစ်သည့် လေးဆူ ဓာတ်ပုံ ရွှေတိဂုဏ် စေတီတော်မြတ်ကြီး မြင်ကွင်းအား နောက်ခံထားပြီး ပြည်သူရင်ပြင်၌ ကျင်းပခွင့်ရရှိခြင်း၊ အကယ်ဒမီပွဲအခမ်းအနား စင်မြင့် ဆက်တင်တည်ဆောက်မှုဒီဇိုင်း အပြင်အဆင်များသည် နိုင်ငံတကာ
အဆင့်မီအခမ်းအနားဖြစ်ခြင်းတို့ ကြောင့်လာမည့် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ပွဲတော်နှင့် မြန်မာ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက်လည်း စွမ်းဆောင် ဂုဏ်မြင့်တင်ပေးနိုင်ရန် အနုပညာ လောကသားအားလုံးတို့၏ စိတ်နှလုံးသားထဲတွင်ရည်မှန်းချက် စိတ်ခွန် အားသန္ဓေတည်ကိန်းအောင်းစေခဲ့ပါသည်ဟု ဆိုချင်ပါတော့သည်။

အယ်ဒီတာအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*