အသံလုံ အခန်း

အသံလုံ အခန်း
March 20, 2017 Asian Fame
အသံလုံ အခန်း

soundproofဆူညံသော အသံများကို မုန်း ၏။ ကလေးများအော် ဟစ် ပြေးလွှား ဆော့ကစားရင်း အသံများစွာ ထွက်၏။ ထီရောင်း သော တွန်းလှည်း ၏ ဆောင်း ဘောက်စ်မှ အသံဆူ၏။ မနက်စော စော ဈေးသည်များ၏ အသံသည် အိပ်စက်နေသူကို အလန့်တကြား ဖြစ်စေ၏။ တစ်ခါ တစ်ခါ ညဥ့် နက်သန်းခေါင်တွင် မော်တာဖြင့် ရေတင်သံသည် အိပ်ရေးကို အနှောင့် အယှက်ပေးသည်။ အသံလုံ အခန်းတစ်ခန်း လိုချင်သည့် ထိုအထဲ တွင် မည်သည့် အသံမျှမကြားရ။ မကြိုက်နှစ်သက်သော သီချင်းသံ များကို မကြားရ။ အတင်းအဖျင်း ပြောသံများကို မကြားရ။ အသံစူးစူး ခွေးဟောင်သံများကို မကြားရ။

မှန်တံခါးကို ဆွဲစေ့လိုက်တော့ အခန်းသည် အသံတော့ အနည်းငယ် လုံသွားသည်။ သို့သော် လေကောင်း လေသန့်မရတော့ မွန်းကျပ် ကျပ်ဖြင့် အသက်ရှူမဝ။ တကယ်တော့ သူပြေး နေသည်မှာ ကြာခဲ့ပြီ။ မိုးရာသီ ၆ဝ ကျော်၊ နွေရာသီ၆ဝကျော်၊ ဆောင်း ရာသီ ၆ဝကျော် ကျော်ခဲ့ပြီ။ တောင်တန်းတွေ ပေါ်ပြေးတက်ခဲ့၏။ တောင်တန်းတွေပေါ်က ပြေးဆင်းခဲ့၏။ မှောင်ကြီးမည်းမည်းတွင်လည်း ပြေးဖူး၏။ မိုးပေါက်ကြားမှာ ပြေးဖူး၏။ နှင်းတဖွဲဖွဲ ကြားမှာ ပြေးဖူး၏။ တံလျှပ်တို့၏အပူကြား မှာ ပြေးဖူး ၏။ မိတ်ဆွေစစ်စစ်ကို တွေ့၏။ မိတ်ဆွေ ယောင်ဆောင်ကြ သူများကိုတွေ့၏။ ရန်သူလို့ကြေငြာ ပြီး ရန်သူလို အသေအကြေ တိုက် ခိုက်ကြသူများကို တွေ့ဖူး၏။ သူ ဆက်ပြေးနေ၏။

ပြေးနေရင်းမောနေ၏။ ဦး နှောက်သည် စဉ်းစားချိန်မရ။ ခြေ ထောက်၌ အကုသိုလ်တို့ ကပ်ငြိနေ ၏။ လက်၌ ကုသိုလ်နည်းနည်းသာ ခပ်ယူနိုင်၏။ ခန္ဓာကိုယ်တစ်ခုလုံး အမှားများနှင့် ဖုံးလွှမ်းနေ၏။ သူ အသံလုံ အခန်းတစ်ခန်းကို လိုက်ရှာ နေသည်။

မေးခွန်း များကို အမေးခံနေရ သည်။ မေးခွန်းများကို သူနားမလည်။ မေးခွန်း မေးသူများ ကိုယ်တိုင် သူတို့ဘာသာ သူတို့ အဖြေတွေ့ သွား သည်လား။ ဒါမှမဟုတ် မတွေ့ဘူး လား။ သေချာတာကတော့ ဘဝင် ကျကျနှင့် ဒီဇာတ်လမ်းကို ရပ်သွား သည်ဟုတော့မထင်။ အသံလုံအခန်း သည် မွန်းကျပ်လှ၏။ ဖြစ်ပြီးသား ကိစ္စ၊ သိပြီးသားကိစ္စများကို ဘာကြောင့် ထပ်တလဲလဲ သတိရနေ ရသလဲ။ “အမည်ပေးမထား” ကဗျာ စာအုပ်ကို မိတ်ဆွေရင်း တစ်ယောက် က မလိုအပ်ဖူးဟုပြောသည်။ တစ်ယောက်ကတော့ “အမည်ပေး မထား ကိုယ်တိုင်က ကဗျာစာအုပ် အမည်း။ ဒါမှမဟုတ် အမည်ပေး မထားလို့ ပြောတာလား” ဟု မေးဖူး သည်။ ဆွဲဆောင်မှု တစ်ခုနဲ့ ဖန်တီး တင်ဆက်ကြည့်ခြင်းပါလို့ ပြောချင် ပေမယ့် သူပြောမထွက်တော့။ အာခေါင်တွေ ခြောက်ကပ်နေသည်။ ရေ ..ရေ ..ရေငတ်နေ သည်။ အဖေ ဆုံးတော့ အသက် မမီတော့။ အမေ့ကိုတော့ အသက် မီသေးသည်။ သူတို့ရဲ့ ဆန္ဒတချို့တလေ ကို ဖြည့် ဆည်း မပေးနိုင်ခဲ့လို့ နောင်တရခဲ့ ပေမယ့် အခါနှောင်းခဲ့ပြီ။ ဝမ်းနည်း ပူဆွေးမှုကလွဲလို့ ဘာမှသတိမရ တော့။ လက်ပြ နှုတ်ဆက်ချိန် မှာ သူ အနေတတ်ခဲ့သလား။ အသေတတ် ခဲ့သလား။ သူ့ကိုယ်သူ ပိုင်းဖြတ်ဖို့ ဝေဝေဝါးဝါး။ သူ့နားထဲမှာ အသံ တိုးတိုးသဲ့သဲ့ ကြားနေရသည်။ နောင်ဘဝလည်း ကဗျာဆရာ ဖြစ်ပါ စေတဲ့။ အမှောင်ထုက ကြီးစိုးနေ သည်။ ဘာကိုမှမမြင်ရ။ တစ်စုံတစ် ခုရှိနေပါသ လား။ ကြိုဆိုနေကြပါ သလား။ ဒါမှမဟုတ် အလာမခံကြ တာလား။ ကုသိုလ်၊ အကုသိုလ်သည် အသံကျယ်လောင်စွာ မြည်ဟီးတတ် သည်ဟု သူကြားဖူးသည်။ နွားခြေရာ နောက်က လိုက်သည့် လှမ်းဘီးလိုဟု လည်း ကြားဖူးသည်။ အသံလုံ အခန်း တစ်ခန်းကို သူလိုက်ရှာနေသည်။ သူလိုက်ရှာနေပါသည်။

မောင်ကြည်သာ (တောင်တွင်း)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*