ရခိုင်အမျိုးသမီးအသင်းရဲ့ ဂုဏ်ပြုဆုကို လက်ခံရရှိတဲ့ အလှမယ် ဇွန်သံစဉ်

ရခိုင်အမျိုးသမီးအသင်းရဲ့ ဂုဏ်ပြုဆုကို လက်ခံရရှိတဲ့ အလှမယ် ဇွန်သံစဉ်
March 20, 2017 Asian Fame
ရခိုင်အမျိုးသမီးအသင်းရဲ့ ဂုဏ်ပြုဆုကို လက်ခံရရှိတဲ့ အလှမယ် ဇွန်သံစဉ်

ZUn Than Zin

ရခိုင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အလှမယ်ဇွန်သံစဉ်က Miss Universe Myanmar 2017 Winner သရဖူကို ရရှိခဲ့တာကြောင့် ရခိုင်အမျိုးသမီးအသင်း ရန်ကုန် အား ဂုဏ်ယူသောအားဖြင့် ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဇွန်သံစဉ်အနေနဲ့လည်း Miss Universe ပွဲကိုသွားရောက် ယှဉ်ပြိုင်ဖို့ အဘက်ဘက်က ကြိုတင်ပြင် ဆင်မှုတွေ ပြုလုပ်နေပြီး ဒီလိုအသိ အမှတ်ပြုတဲ့အတွက် ဝမ်းသာရပါတယ်လို့ ပြောပါတယ်။

” ညီမကို ဂုဏ်ပြုပေးတဲ့နေ့တုန်းက ညီမမန္တလေးမှာ ကားရိုက်သွားနေလို့ နောက်မှပဲ ရခိုင်အမျိုးသမီးအသင်းဥက္ကဋ္ဌအိမ်မှာပဲ သွားယူလိုက်ရတယ်။ ပွဲနေ့ကတော့ မသွားလိုက်ရဘူး။ ဂုဏ်ပြုဆုရတဲ့အတွက်လည်း ပျော်မိပါတယ်။ ဒီလို ညီမကို အသိအမှတ်ပြုပေးတဲ့အတွက်လည်း ဝမ်းသာရတယ်။ ပီတိ လည်း ဖြစ်ရပါတယ်” လို့ ဇွန်သံစဉ် က ပြောပါတယ်။

အလှမယ်ဇွန်သံစဉ်က ရတနာပုံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး မန္တလေးက တက္ကသိုလ်ကျောင်းသူလေးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အနုပညာ မေဂျာနဲ့ ဘွဲ့ရထားတာကြောင့် သရုပ်ဆောင်မှုအပိုင်းမှာ အခက်အခဲ သိပ်မရှိပေမယ့် ငိုဖို့တော့ နည်းနည်းခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။ ဇွန်သံစဉ်က

” ဒီဇာတ်ကားထဲမှာ ညီမ ကာရိုက်တာကလိုချင်တာကို တဇွတ် ထိုး ရယူတတ်တဲ့ မိန်းကလေး ဆုထားသက်နေရာကပါ။ မန္တလေး တက္ကသိုလ် ကျောင်းသား ကျောင်းသူ တွေရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း လေးပေါ့။ ဒါကြောင့် မန္တလေးသူတွေ ဝတ်ပုံစားပုံကိုကြည့်ပြီး ရှင်းရှင်းလေးတွေပဲ ရွေးဝတ်ပါတယ်။ ဒီဇာတ်လမ်းတွဲက ညီမအတွက် ပထမဆုံး ဆိုပေမယ့် သိပ်အခက်အခဲမရှိဘူး။ ဒါပေမဲ့ ငိုဖို့ကျတော့ ကြာတယ်။ ကိုသားညီတို့ ကလည်း စိတ်ရှည်ရှည် နဲ့ သင်ပေးပါ တယ်။ အားလုံးကလည်းအသစ် တစ်ယောက်အနေနဲ့ ညီမကို ဖေးမကြပါတယ်။ ဒီဇာတ်ကားလေးအတွက် မန္တလေးကို ၃ခေါက်ရှိပြီသွားပြီးရိုက်ကူးရတာပါ။ ဒီလထဲမှာ ဒီဇာတ်လမ်းတွဲအတွက် ဇာတ်သိမ်းကို အပြီး ရိုက်ကူးသွားမှာပါ” လို့ ပြောပြပါတယ်။ “ရတနာပုံ” ဇာတ်လမ်းတွဲကိုတော့ ဧပြီလကစတင်ပြီး MNTV နဲ့ Channel 9 ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*