ဒီနှစ်ထဲမှာ တေးစီးရီးသစ် ထွက်ရှိမယ့် စိုးစန္ဒာထွန်း

ဒီနှစ်ထဲမှာ တေးစီးရီးသစ် ထွက်ရှိမယ့် စိုးစန္ဒာထွန်း
March 20, 2017 Asian Fame
ဒီနှစ်ထဲမှာ တေးစီးရီးသစ် ထွက်ရှိမယ့် စိုးစန္ဒာထွန်း

soeဂီတ လှုပ်ရှားမှုတွေ ကျဲသွားတဲ့ တေးသံရှင်စိုးစန္ဒာထွန်းက၂ဝ၁၇ခုနှစ် အတွင်း မှာ ဂီတလှုပ်ရှားမှုတွေ ထိထိရောက်ရောက် လုပ်သွားဖို့ ရှိကြောင်း သိရ ပါတယ်။ သူ့အနေနဲ့ စီးရီးခွေ ထွက်ဖို့ ကြိုးစားကြောင်းကို…

“အခုလတ်တလောမှာတော့ အစ်မနယ်ရှိုးတွေ ဆိုဖြစ်နေပါတယ်။ အစ်မ အနေနဲ့ စီးရီးခွေ မထွက်ဖြစ်တာ ၄နှစ်လောက်တော့ ကြာသွားပြီ။ ဒီလိုကြာ သွား ရတာက ဘာသာရေး လမ်းကြောင်းပေါ် ရောက်သွားလို့ လည်းဖြစ်တယ်။ ဒီနှစ်မှာ ဘာသာရေးကို ခဏထားပြီး ရန်ကုန်မှာ အနုပညာ အလုပ်တွေကို ထိထိမိမိ လုပ် သွားမှာပါ။ စီးရီးခွေ မထုတ်တာကတော့ နောက်တက်လာမယ့် ကလေးတွေကို နေရာပေးဖြစ်လို့ပါ။ အစ်မက ကျတော့ ဘယ်ချိန် မဆို ပရိသတ်က စိုးစန္ဒာထွန်း ဆိုပြီး လက်ခံပေးထားတယ်။ ဒါကြောင့် အငယ်တွေကို ဦးစားပေးတဲ့ အနေနဲ့ စီးရီးခွေ ထုတ်ဖို့ အချိန်ယူနေတာပါ။ ဒါပေမဲ့ သိပ်ကြာလို့ မဖြစ်ဘူး။ ဒီနှစ်သင်္ကြန် အလွန်လောက်မှာ ထုတ်နိုင်အောင် ကြိုးစားနေတယ်”လို့ ဆိုပါတယ်။ ဂီတဆိုတာ မျိုးစုံ ရသလိုဖန် တီးနိုင်စွမ်း ရှိတဲ့အတွက် မြန်မာသံစဉ် စိတ်မဝင်စား တဲ့လူငယ် တွေအနေနဲ့ ကိုယ်ပိုင်ဂီတ အပေါ်မှာ ကြိုးစားဖို့လိုတဲ့ အကြောင်း ကို စိုးစန္ဒာထွန်းက…

“အခုခေတ် လူငယ်တွေက မြန်မာသံစဉ် စိတ်ဝင်စားမှု နည်းကြတယ်။ မြန်မာလူမျိုး ကတော့ မြန်မာသီချင်း ဆိုရမှာပေါ့။ ဒါပေမဲ့ ဂီတဆိုတာ မျိုးစုံရသလို ဖန်တီး နိုင်စွမ်း ရှိတယ်။ မြန်မာသံစဉ်ကို ဆိုမှတော့ မဟုတ်ဘူး။ ဂီတအပေါ် မှာ ကိုယ်တတ်ကျွမ်းတဲ့အပိုင်းကို အကောင်းဆုံးကြိုးစားပါ” လို့ ပြောပါတယ်။ တစ်ကိုယ်တော်ရှိုး လုပ်ဖို့ ပိုက်ဆံစုနေတဲ့ စိုးစန္ဒာထွန်းက ဂီတအနုပညာနဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ် ကိုယ်ကျေနပ်မှု မရှိသေးတဲ့အတွက် လေ့လာနေတုန်း ပါလို့ ပြောပါတယ်။

“အစ်မအနေနဲ့ တစ်ကိုယ်တော်ရှိုး လုပ်ဖို့ရှိတယ်။ ဒါပေမဲ့ ငွေရေးကြေးရေး အရ အချိန်ယူနေတုန်းပါပဲ။ အစ်မပွဲ တွေဆိုပြီး ရတဲ့ငွေစုပြီး ရှိုးလုပ်ဖို့ ကြိုးစားနေပါတယ်။ စိုးစန္ဒာ ထွန်း ဆိုပြီး ဖြစ်လာတဲ့ အချိန်ကာလမှာ ကိုယ့်ကိုယ်ကိုယ် အားရ ကျေနပ်မှုတော့ သိပ်မရှိသေးပါဘူး။ ဘာလို့လဲဆို တော့ ဂီတအနုပညာက ကုန်သွားတယ်ဆိုတာ မရှိဘူး။ အခုချိန်ထိ အစ်မ လေ့လာနေတုန်းပါ”လို့ စိုးစန္ဒာထွန်းက ပြောပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*