မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသမိုင်း

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသမိုင်း
March 18, 2017 Asian Fame
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသမိုင်း

မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုသည် မြန်မာနိုင်ငံတွင် ပေးသော ထူးချွန်ဆု (အကယ်ဒမီ) ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂ ဖြစ်သည်။ ၁၉၅၂-ခုနှစ်နှင့် ၁၉၅၃-ခုနှစ်တို့တွင် ဇာတ်ကားဆု (၃)ဆု ၊ ပညာသည်ဆု (၂)ဆုဖြင့် စု⁠စုပေါင်း ထူးချွန်ဆု(၅)ဆု ချီးမြှင့်ခဲ့သည်။

ပထမအကောင်းဆုံးဇာတ်ကားဆု – (ရွှေကိန္နရီရုပ်)
ဒုတိယအကောင်းဆုံးဇာတ်ကားဆု – (ငွေဒေါင်းရုပ်)
တတိယအကောင်းဆုံးဇာတ်ကားဆု – (ကြေးခြင်္သေ့ရုပ်)
အကောင်းဆုံးအမျိုးသားပညာသည်ဆု – (ရွှေရင်ထိုး)
အကောင်းဆုံးအမျိုးသမီးပညာသည်ဆု – (ရွှေရင်ထိုး)
၁၉၅၂-ခုနှစ်တွင် ပထမဆုံးအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှဘားမားရုပ်ရှင် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ‘မာလာရီ’ ဇာတ်ကား၌ အကောင်ဆုံးသရုပ်ဆောင်ထားသော ဦးကျော်ဝင်း မှာ ပထမဆုံးအမျိုးသား ဇာတ်ဆောင်ဆု ကိုရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေ၀မ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။

၁၉၅၄-ခုနှစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာထူးချွန်ဆုကို ‘သြော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခမှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့် ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။

၁၉၅၅-ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲတော့ဘဲ အကောင်းဆုံး ဇာတ်ကားဆု တစ်ဆုတည်းကိုသာ ချီးမြှင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု ၊ အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ၀င်းမော်မှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅-ခုနှစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။

၁၉၅၆-ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆုအဖြစ် ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေေ၀’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၁၉၆၂-ခုနှစ်တွင် ထူး⁠ထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြပါသည်။

မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေး ဖြစ်သည်။ အောင်ထွန်းလေးသည် ၁၉၇၇-ခုနှစ် တွင် ‘အဖေတစ်ခု သားတစ်ခု’ ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင် ဆုကိုရရှိခဲ့သည်။

၁၉⁠၉၁-ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆု အပြင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင် အများဆုံး အထောက်အပံ့ ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင် ၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင် မောင်ကိုကို မှ ၁၉⁠၉၁-ခုနှစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။

၁၉⁠၉၃-ခုနှစ်တွင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခြင်း မပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်သော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့သည်။

ရှား⁠ရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉⁠၉၄-ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။ ထိုဆုမှာ ရုပ်ရှင်အသံဆုဖြစ်သည်။ ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ ‘သရဖူ’ဇာတ်ကားဖြင့် ရရှိခဲ့သည်။

ဇာတ်ကားတစ်ကားလုံး အကောင်းဆုံးကြည့်ရှုနိုင်အောင် အပြတ်အတောက်မရှိအောင် စွမ်းဆောင်ပေးနေသော သူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ အဆင့်အတန်းကို ဖော်ပြနေသော တည်းဖြတ် ဆုကို ၁၉⁠၉၇-ခုနှစ်တွင် ချီးမြှင့်ခဲ့ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)မှ ‘သူ့ကျွန်မခံပြီ’ ဇာတ်ကားဖြင့် ပထမဆုံးရရှိခဲ့သည်။

ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်းခေတ်အဆက်ဆက် ပထမအကြိမ် ချီးမြှင့်ခံခဲ့သော ဆုတစ်ခုခြင်းစီ၏ သမိုင်းအကျဉ်းဖြစ်ပါသည်။

သိမှတ်ဖွယ်ရာ ရုပ်ရှင်ထူးချွန်ဆု သမိုင်းများ

၁၉၅၂-ခုနှစ်
ဇာတ်ကားဆု – ချစ်သက်ဝေ(ပထမဆု) – အေ၀မ်း ကုမ္ပဏီ
ဇာတ်ကားဆု- မယားနဲ့လူပျို (ဒုတိယဆု) – အောင်ဇေယျ ကုမ္ပဏီ
ဇာတ်ကားဆု- ချစ်၍ခေါ်ရာ (တတိယဆု) – ဗြိတိသျှဘားမား ကုမ္ပဏီ
အမျိုးသားပညာသည်ဆု – ဦးကျော်ဝင်း‎ – (မာလာရီ)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု – ကြည်ကြည်ဌေး – (ချစ်သက်ဝေ)ဇာတ်ကား

၁၉၅၃-ခုနှစ်
ဇာတ်ကားဆု – ရတနာပုံ (ပထမဆု) -အေ၀မ်း ကုမ္ပဏီ
ဇာတ်ကားဆု- သည်ဆောင်းဟေမာန် (ဒုတိယဆု)- ဗြိတိသျှဘားမား ကုမ္ပဏီ
ဇာတ်ကားဆု- မြဟေ၀န် (တတိယဆု) -အေ၀မ်း ကုမ္ပဏီ
အမျိုးသားပညာသည်ဆု- အေဝမ်း ဦးတင်မောင် – (ရတနာပုံ)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု -မေမြင့် – (ပွဲခါညောင်ရေ)ဇာတ်ကား

၁၉၅၄-ခုနှစ်
ဇာတ်ကားဆု – သြော်မိန်းမ (ဒုတိယဆု)- ဗြိတိသျှဘားမား ကုမ္ပဏီ
ဇာတ်ကားဆု- အကျော်အမော် (တတိယဆု) – အေ၀မ်း ကုမ္ပဏီ
ဒါရိုက်တာဆု – ဦးသုခ – (သြော်မိန်းမ)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု – အမေပု – (မေမေ)ဇာတ်ကား

၁၉၅၅-ခုနှစ်
ဇာတ်ကားဆု – ဖိုးပြုံးချို – ရွှေဝယ်သီရိ ကုမ္ပဏီ
ဒါရိုက်တာဆု – ဦးချင်းစိန် – (ကိုယ့်ရင်သွေး)ဇာတ်ကား
အမျိုးသားပညာသည်ဆု – ဖိုးပါကြီး – (ဖိုးပြုံးချို)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု – မေလွင် – (ချစ်မမ)ဇာတ်ကား
အထူးဆု – ၀င်းမာ – (ဖိုးပြုံးချို)ဇာတ်ကား

၁၉၅၆-ခုနှစ်
ဇာတ်ကားဆု – (ဘ၀သံသရာ)ဇာတ်ကား – မန္တလေးရုပ်ရှင်
ဒါရိုက်တာဆု – ဦးသုခ – (ဘ၀သံသရာ)ဇာတ်ကား
အမျိုးသားပညာသည်ဆု – ဇေယျ – (ဘ၀သံသရာ)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု – ကြည်ကြည်ဌေး – (ချစ်ခွင့်မပိုင်)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးချစ်ဖွယ် – (လွမ်းငွေ့တဝေေ၀)ဇာတ်ကား

၁၉၅၇-ခုနှစ်
ဇာတ်ကားဆု – (ဒေါက်တာအောင်ကျော်ဦး)ဇာတ်ကား -ဗြိတိသျှဘားမား ကုမ္ပဏီ
ဒါရိုက်တာဆု- ရွှေဒုံးဘီအောင်- (ဒေါက်တာအောင်ကျော်ဦး)ဇာတ်ကား
အမျိုးသားပညာသည်ဆု – ထွန်းဝေ – (ဗိုလ်မြဒင်)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု-မြင့်မြင့်ခင်-(ချစ်ညီမ)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု-ဦးထွန်းလှိုင်- (မြပန်းဝတ်ရည်)ဇာတ်ကား

၁၉၅၈-ခုနှစ်
ဇာတ်ကားဆု-(စွဲတဲ့မေတ္တာအိမ်မက်)- မြဇော်ရုပ်ရှင်
ဒါရိုက်တာဆု-ဦးချစ်ခင်-(ဖြေလျော့ခွေ)ဇာတ်ကား
အမျိုးသားပညာသည်ဆု- ဦးကျော်သောင်း- (ဖြေလျော့ခွေ)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု – မြင့်မြင့်ခင်- (ဖြေလျော့ခွေ)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု- ဦးထွန်းမြင့် -(စွဲတဲ့မေတ္တာ)ဇာတ်ကား

၁၉၅၉-ခုနှစ်
ဇာတ်ကားဆု-(ချစ်တော့ချစ်တယ်)ဇာတ်ကား- စန်းသော်တာရုပ်ရှင်
ဒါရိုက်တာဆု- သာဓု- (ကကြီးရေ က)ဇာတ်ကား
အမျိုးသားပညာသည်ဆု – ထွန်းဝေ- (ကကြီးရေ က)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု- မြတ်မွန်- (ကကြီးရေ က)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု- ဒေါ်ခင်ညွှန့် – (ကကြီးရေ က)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးဘကြည်- (ဗိုလ်အောင်နိုင်)ဇာတ်ကား

၁၉၆၀-ခုနှစ်
ဇာတ်ကားဆု -(ရေမြေဆုံးတိုင်)ဇာတ်ကား- မန္တလေးရုပ်ရှင်
ဒါရိုက်တာဆု- သာဓု- (အငိုလွယ်သည်)ဇာတ်ကား
အမျိုးသားပညာသည်ဆု – မောင်သင်- (ရေမြေဆုံးတိုင်)ဇာတ်ကား ၊ (ချစ်သွေးသစ္စာ)ဇာတ်ကား ၊ (စိုးပါနဲ့မေ)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု – မေသစ်- (မေတ္တာရွှေရည်)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု- ဦးတင်ယု- (မေတ္တာရွှေရည်)ဇာတ်ကား

၁၉၆၁-ခုနှစ်
ဇာတ်ကားဆု- (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား-မန္တလေးရုပ်ရှင်
ဒါရိုက်တာဆု- တက္ကသိုလ်ဝင်းဖေ- (ပြည်တန်တဲ့ကျည်ဆံ)ဇာတ်ကား
အမျိုးသားပညာသည်ဆု -မြတ်လေး -(အမုန်းနောက်ဝယ်)ဇာတ်ကား
အမျိုးသမီးပညာသည်ဆု- ခင်ယုမေ- (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု- ဦးမောင်ကလေး/ဦးပေါ – (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား

၁၉၆၂-ခုနှစ်
အမျိုးသမီးဇာတ်ဆောင်ဆု – သီသီ- (အတွေ့)ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု- ဦးကျောက်လုံး-(အတွေ့)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်မေနွဲ့- (ရွှေရင်သိမ်းသစ်) ဇာတ်ကား

၁၉၆၃-ခုနှစ်
အကယ်ဒမီ ပေးခြင်း မရှိပါ။

၁၉၆၄-ခုနှစ်
အမျိုးသားဇတ်ပို့ဆု – ဦးကျောက်လုံး – (ရင်ဝယ်တစ်သိမ့်သိမ့်)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်မေသစ် – (ရင်ဝယ်တစ်သိမ့်သိမ့်)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးဘကြည် – (ချိန်းမိလေသောည) ဇာတ်ကား

၁၉၆၅-ခုနှစ်
အမျိုးသမီးဇာတ်ဆောင်ဆု – ဝါ⁠ဝါဝင်းရွှေ- (ချစ်သမီး) ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ဦးကျောက်လုံး – (ချစ်သမီး) ဇာတ်ကား
အမျိုးသမီးဇတ်ပို့ဆု – တင်တင်မူ – (သဲလွန်စ) ဇာတ်ကား

၁၉၆၆-ခုနှစ်
ဇာတ်ကားဆု – (ဆောင်း) ဇာတ်ကား- အေ၀မ်းရုပ်ရှင်
အမျိုးသမီးဇာတ်ဆောင်ဆု – စံရှားတင် -(ဆောင်း) ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု -စိုးရွှေ – (မြေမှာပွင့်သောမေတ္တာပန်း) ဇာတ်ကား

၁၉၆၇-ခုနှစ်
ဒါရိုက်တာဆု – အေဝမ်း ဦးတင်မောင် – (ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်) ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု – ဝင်းဦး – (ဆောင်းအိမ်မက်) ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – ခင်သန်းနု – (ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်) ဇာတ်ကား

၁၉၆၈-ခုနှစ်
ဇာတ်ကားဆု – (စကားပြောသောအသည်နှလုံး)ဇာတ်ကား- သုခရုပ်ရှင်
ဒါရိုက်တာဆု – ဦးသုခ -(စကားပြောသောအသည်နှလုံး)ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု – ညွှန့်ဝင်း- (ဗန်တိုလူလေးနှင့် သူဇာ) ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – စန္ဒာ (နှစ်မွှာအသည်း) ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ဦးသိန်းမောင် -(စကားပြောသောအသည်နှလုံး)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – ခင်မိုးမိုး – (အပယ်ရတနာ) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးသန်းမောင် – (နှစ်မွှာအသည်း) ဇာတ်ကား

၁၉၆၉-ခုနှစ်
အမျိုးသားဇာတ်ဆောင်ဆု – ကောလိပ်ဂျင်နေ၀င်း- (ပယင်းရောင်) ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – ၀ါ⁠၀ါဝင်းရွှေ – (ချောင်းကိုပစ်၍ မေတ္တာရှာ) ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်သိန်းရှင် – (အသက်ကိုနှင်း) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးစံအေး – (မေတ္တာကိုယ်စားနှင်းပါ့မယ်) ဇာတ်ကား

၁၉၇၀-ခုနှစ်
ဇာတ်ကားဆု – (မှုံရွှေရည်)ဇာတ်ကား – အပေါင်းလက္ခဏာရုပ်ရှင်
ဒါရိုက်တာဆု – ဦးသုခ – (ကျွန်မမှာမိန်းမသား)ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု – ဝင်းဦး – (မှုံရွှေရည်)ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု- တင်တင်နွဲ့ – (ကျွန်မမှာမိန်းမသား) ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု- ဗိုလ်ဗကို – (သီတာပြုံး) ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – ကြည်ကြည်ဌေး – (နုနုငယ်ငယ်) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးစံအေး – (လကွယ်မိုးနှောင်း) ဇာတ်ကား

၁၉၇၁-ခုနှစ်
ဒါရိုက်တာဆု- မောင်ဝဏ္ဏ -(ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း) ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု – ညွှန့်ဝင်း- (ချစ်သူဝိုင်းဝိုင်းလည်)ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – ဒေစီကျော်ဝင်း‎- (အားနွဲ့သူပါရှင်) ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ဗိုလ်ဗကို – (တစ်ကွေ့တစ်ကမ္ဘာ) ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – အေးအေးသင်း – (မာယာထောင်ချောက်) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဆန်နီတင် – (တခြားကမ္ဘာကချစ်သူရယ်) ဇာတ်ကား

၁၉၇၂-ခုနှစ်

ဒါရိုက်တာဆု – မောင်တင်ဦး – (နေထွက်သောည) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု -ဦးလှဖေ -(နေထွက်သောည) ဇာတ်ကား

၁၉၇၃-ခုနှစ်
ဇာတ်ကားဆု – (ဘယ်သူပြိုင်လို့လှပါတော့နိုင်) – သုခရုပ်ရှင်
ဒါရိုက်တာဆု- ဦးသုခ – (ဘယ်သူပြိုင်လို့လှပါတော့နိုင်) ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – မြင့်မြင့်ခင်- (မုန်းပါတယ်မောင့်ကို) ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – အံ့ကျော် -(ဘယ်သူပြိုင်လို့လှပါတော့နိုင်) ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – အေးအေးသင်း – (ဇာခန်းဆီးနောက်ကွယ်မှာ) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးစံမြင့်- (အိမ်မက်တံတား) ဇာတ်ကား

၁၉၇၄-ခုနှစ်
အမျိုးသမီးဇာတ်ဆောင်ဆု – နွဲ့နွဲ့မူ -(နော်ကူးမ) ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – အောင်လွင် -(နော်ကူးမ) ဇာတ်ကား

၁၉၇၅-ခုနှစ်
ဇာတ်ကားဆု – (ရွှေချည်ငွေချည်တန်းပါလို့) – မင်းသူရိန်ရုပ်ရှင်
ဒါရိုက်တာဆု- ဦးသုခ – (ရွှေချည်ငွေချည်တန်းပါလို့) ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – ခင်ယုမေ- (ရွှေချည်ငွေချည်တန်းပါလို့)ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု -မြင့်နိုင် – (ကျေးဂျူးကဘာ) ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်မေနွဲ့- (ရွှေချည်ငွေချည်တန်းပါလို့) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဆန်နီတင်- (ကျွန်တော်နှင့်ကိုဘကျော်) ဇာတ်ကား

၁၉၇၆-ခုနှစ်
ဇာတ်ကားဆု- (နှလုံးသားနဲ့စစ်တာဝန်)- ပြည်ကျော်ရုပ်ရှင်
ဒါရိုက်တာဆု- စိန်ဖေတင်- (နှလုံးသားနဲ့စစ်တာဝန်) ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု- ဒေါ်မေသစ် -(နွဲ့မျိုးစုံလင်နွဲ့လိုက်ချင်) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးစန်းမောင် – (ကျွန်းကလေးမှာနှစ်ယောက်ထဲ) ဇာတ်ကား

၁၉၇၇-ခုနှစ်
အမျိုးသားဇာတ်ဆောင်ဆု -စိန်မြင့် – (အဖေတစ်ခုသားတစ်ခု)ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု- ၀ါ⁠၀ါဝင်းရွေ – (မိန်းကလေးရှင်ရဲ့ ဆန္ဒ)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – ဆွေဇင်ထိုက်- (မိန်းကလေးရှင်ရဲ့ ဆန္ဒ)ဇာတ်ကား
ရုပ်ရှင်ဇာတ်ပို့ဆု – ဦးပန်းအေး – (နေခြည်ဖြာမှ နွေးသောကြောင့်)ဇာတ်ကား
ကလေးသရုပ်ဆောင်ဆု – အောင်ထွန်းလေး – (အဖေတစ်ခုသားတစ်ခု)ဇာတ်ကား

၁၉၇၈-ခုနှစ်
ဒါရိုက်တာဆု- မောင်တင်ဦး- (တစ်ခါကတစ်ဘ၀)ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – ခင်သီတာထွန်း- (တစ်ခါကတစ်ဘ၀)ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ဖိုးပါကြီး – (တစ်ခါကတစ်ဘ၀)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်ကြည်ကြည်ဌေး -(လူဇော်)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးတင်ဝင်း- (တစ်ခါကတစ်ဘ၀)ဇာတ်ကား
အထူးဆု – အင်္ဂလန်စိန် – (မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ)ဇာတ်ကား

၁၉၇၉-ခုနှစ်
အမျိုးသားဇာတ်ဆောင်ဆု – ကျော်ဟိန်း – (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – ချိုပြုံး – (ချစ်အမျှ)ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ကောလိပ်ဂျင်နေဝင်း – (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – ဒေါ်စိန်ခင် – (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးစန်းမောင် – (ကျော်ကိုချစ်လား ဇော့်ကိုချစ်မလား)ဇာတ်ကား

၁၉၈၀-ခုနှစ်
ဇာတ်ကားဆု -(ကြည်ပြာ)ဇာတ်ကား- ယမုံနာရုပ်ရှင်
ဒါရိုက်တာဆု – ကြီးမြင့် – (ကြည်ပြာ)ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – မေ၀င်းမောင် – (ကြည်ပြာ)ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – မောင်စိမ်းအောင် – (မှတပါးအခြားမရှိပြီ)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – မြင့်မြင့်ခင် – (မှတပါးအခြားမရှိပြီ)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ချစ်မင်းလူ – (နွေရူပ)ဇာတ်ကား

၁၉၈၁-ခုနှစ်
ဒါရိုက်တာဆု – ၀င်းဖေ – (နှင်းဆီနီအိမ်မက်) ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – တင်တင်ညို – (ငယ်နာမည်အညို) ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – မေယု- (နှင်းဆီနီအိမ်မက်) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးစန်းမောင် – (အပြန်လမ်း) ဇာတ်ကား

၁၉၈၂-ခုနှစ်
အမျိုးသားဇာတ်ဆောင်ဆု – ကျော်ဟိန်း – (မွန်းတည့်ချိန်တွင် နေ၀င်သည်)ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – ချိုပြုံး – (မွန်းတည့်ချိန်တွင် နေ၀င်သည်)ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – နေအောင် – (မီလာရှီကာ စိုင်းဗေဒါ)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု -ခိုင်ခင်ဦး (မေတ္တာအင်္သချေ)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – အောင်မြင့်ဦး – (မီလာရှီကာ စိုင်းဗေဒါ)ဇာတ်ကား

၁၉၈၃-ခုနှစ်
ဒါရိုက်တာဆု- ထွန်းမြင့်ထွန်း- (က္ကတ္ထိရခေါ် မိန်းမတို့သည်)ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု – ညွှန့်ဝင်း- (တတိယအရွယ်၏ ဒုတိယဝေဒနာ)ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – ခင်သီတာထွန်း- (က္ကတ္ထိရခေါ် မိန်းမတို့သည်)ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ထွန်းဝေ – (တတိယအရွယ်၏ ဒုတိယဝေဒနာ)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – စံရှားတင် -(စိမ်းနဲ့တေဇာ)ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးစန်းအး- (ဗိုလ်သံခဲ) ဇာတ်ကား

၁၉၈၄-ခုနှစ်

အမျိုးသားဇာတ်ပို့ဆု – မြတ်လေး – (ရင်ထဲမှာရွာသောမိုး) ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – မို့မို့မြင့်အောင် – (နှလုံးသားမြို့တော်) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ချစ်မင်းလူ – (နှလုံးသားမြို့တော်) ဇာတ်ကား

၁၉၈၅-ခုနှစ်

ဇာတ်ကားဆု – (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား – သူရိယပညာရုပ်ရှင်
ဒါရိုက်တာဆု – မောင်တင်ဦး – (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု – နေအောင် -(ပန်းသီတဲ့ကြိုး)ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – ခင်သီတာထွန်း – (ပန်းသီတဲ့ကြိုး) ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ထွန်းထွန်းနိုင် -(ချစ်မီးလျှံထဲကမေချို)ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု -ခင်စိုးပိုင် -(ပန်းသီတဲ့ကြိုး) ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ချစ်မင်းလူ – (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား

၁၉၈၆ ၊ ၁၉၈၇၊ ၁၉၈၈၊

အကယ်ဒမီ ပေးခြင်း မရှိပါ။

၁၉၈၉ ခုနှစ်

ဇာတ်ကားဆု – (ဒိုး)ဇာတ်ကား – အမျိုးသားရုပ်ရှင်
ဒါရိုက်တာဆု – ကြည်စိုးထွန်း – (ဒိုး)ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု – ကျော်ဟိန်း – (ပန်းမြိုင်လယ်က ဥယျာဉ်မှူး) ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် – (ခပ်စိမ်းစိမ်းပဲနေပါမယ်)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၀-ခုနှစ်

ဒါရိုက်တာဆု – မောင်ဝဏ္ဏ – (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု- သုမောင် – (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု- ခင်သန်းနု – (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ဇော်လွင်-(အရိုင်းစံပယ်)ဆေးရောင်စုံ ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးကြည် – (အချစ်ဆုံးသူရဲ့ရင်မှာ) ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၁-ခုနှစ်

အမျိုးသားဇာတ်ဆောင်ဆု – ရန်အောင် – (မယ်သီတာလိုမိန်းကလေး)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် – (သမီးနှင့်အမေများ)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – မြင့်မြင့်ခိုင် – (သမီးနှင့်အမေများ)ဆေးရောင်စုံ ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးပန်းအေး – (ဒဏ္ဍာရီ)ဆေးရောင်စုံ ဇာတ်ကား
ရုပ်ရှင်တေးဂီတဆု – ဂီတလုလင်မောင်ကိုကို – (မယ်သီတာလိုမိန်းကလေး)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၂-ခုနှစ်

အမျိုးသမီးဇာတ်ဆောင်ဆု – မေသန်းနု -(မူပိုင်ချစ်သူ)ဆေးရောင်စုံ ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးသန်းမောင် – (သခွတ်ပန်း)ဆေးရောင်စုံ ဇာတ်ကား
ရုပ်ရှင်တေးဂီတဆု – ထရမ်းပက်ဝင်းဦး -(ခိုင်မာလာနှင်းဆီ)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၃-ခုနှစ်

ဇာတ်ကားဆု – (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား – ခိုင်သဇင်ရုပ်ရှင်
ဒါရိုက်တာဆု – မောင်နန္ဒ – (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသားသရုပ်ဆောင်ဆု – ရဲအောင် – (မြစ်တို့၏မာယာ)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသမီးသရုပ်ဆောင်ဆု – ဇင်မာဦး – (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ညွှန့်ဝင်း -(သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – စမ်းစမ်းအေး – (စိန်ခေါ်နေတဲ့အချစ်)ဆေးရောင်စုံ ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ဦးသန်းညွှန့်(ပန်းသာ) – (မြစ်တို့၏မာယာ)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၄-ခုနှစ်

ဇာတ်ကားဆု-(တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား -စင်ရော်ရုပ်ရှင်
ဒါရိုက်တာဆု – စင်ရော်မောင်မောင် – (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသားဇာတ်ဆောင်ဆု – ကျော်သူ- (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု -စိုးမြတ်သူဇာ – (နော်ရင်မွှေး)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် – (မသုဓမစာရီ)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသားဇာတ်ပို့ဆု – ကျော်ဟိန်း – (ဝေလည်းမွှေး ကြွေလည်းမွှေး)ဆေးရောင်စုံ ဇာတ်ကား
အမျိုးသမီးဇာတ်ပို့ဆု – နွဲ့နွဲ့စန်း – (သရဖူ)ဆေးရောင်စုံ ဇာတ်ကား
ရုပ်ရှင်ဓါတ်ပုံဆု – ကို⁠ကိုဌေး (ထိပ်တန်း) – (မသုဓမစာရီ)ဆေးရောင်စုံ ဇာတ်ကား
ရုပ်ရှင်တေးဂီတဆု – စန္ဒယားလှထွဋ် – (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
ရုပ်ရှင်အသံဆု – ဦးခင်ဦး – (သရဖူ)ဆေးရောင်စုံ ဇာတ်ကား

၁၉⁠၉၅-ခုနှစ်(၄၄-ကြိမ်)

ဇာတ်ကားဆု – (တိုက်ပွဲခေါ်သံ) – ခင်စံပယ်ဦးရုပ်ရှင်
ဒါရိုက်တာဆု- မောင်တင်ဦး – (တိုက်ပွဲခေါ်သံ)
အမျိုးသားဇာတ်ဆောင်ဆု – ရန်အောင် – (ပုဂံမှာ သာတဲ့လ)
အမျိုးသားဇာတ်ဆောင်ဆု – စိုးသူ – (အောင်မြင်သောနေ့)
အမျိုးသမီးဇာတ်ဆောင်ဆု – မေသန်းနု – (ပုဂံမှာ သာတဲ့လ)
အမျိုးသားဇာတ်ပို့ဆု – ဇော်လင်း – (တိုက်ပွဲခေါ် သံ)
အမျိုးသမီးဇာတ်ပို့ဆု – မြင့်မြင့်ခိုင် – (အောင်မြင်သောနေ့)
ရုပ်ရှင်ဓါတ်ပုံဆု – ဦးသန်းနု(ပန်းသာ) – (ပုဂံမှာသာတဲ့လ)
ရုပ်ရှင်တေးဂီတဆု – ဂီတလုလင်မောင်ကိုကို – (တိုက်ပွဲခေါ်သံ)
ရုပ်ရှင်ဇာတ်ကားဆု – အောင်ကျည်ထွဏ်း – (တိုက်ပွဲခေါ်သံ)

၁၉⁠၉၆-ခုနှစ်

ဇာတ်ကားဆု – (ပန်းသခင်) – ယမုံနာရုပ်ရှင်
ဒါရိုက်တာဆု – ဦးကြီးမြင့် – (ပန်းသခင်)
အမျိုးသားဇာတ်ဆောင်ဆု – ကျော်ရဲအောင် -(သားသမီးဇနီးကြင်ယာ)
အမျိုးသားဇာတ်ဆောင်ဆု – ရန်အောင် – (အလင်းဖျော့ကောင်းကင်)
အမျိုးသမီးဇာတ်ဆောင်ဆု – ထက်ထက်မိုးဦး – (ပန်းသခင်)
အမျိုးသမီးဇာတ်ဆောင်ဆု – မေသန်းနု – (အလင်းဖျော့ကောင်းကင်)
အမျိုးသားဇာတ်ပို့ဆု – ဇော်လင်း – (ပန်းသခင်)
အမျိုးသမီးဇာတ်ပို့ဆု – မြင့်မြင့်ခင် – (မြင့်မိုရ်တောင်ဦးမကကျူးသား)
ရုပ်ရှင်ဓါတ်ပုံဆု – ချစ်မင်းလူ – (ချစ်ရည်းစား)

၁၉⁠၉၇-ခုနှစ်

ဇာတ်ကားဆု – (သူ့ကျွန်မခံပြီ) – မြတ်မိခင်ရုပ်ရှင်
ဒါရိုက်တာဆု – ကြည်စိုးထွန်း- (သူ့ကျွန်မခံပြီ)
အမျိုးသားဇာတ်ဆောင်ဆု – ဒွေး – (အမေ့ခြေရာ)
အမျိုးသမီးဇာတ်ဆောင်ဆု – ပန်းဖြူ – (အရိပ်)
အမျိုးသားဇတ်ပို့ဆု – ညွှန့်ဝင်း – (သူ့ကျွန်မခံပြီ)
အမျိုးသားဇတ်ပို့ဆု – ဇင်ဝိုင်း – (မြင့်မြတ်နှလုံးသား)
အမျိုးသမီးဇာတ်ပို့ဆု – ချိုပြုံး – (အမေ့ခြေရာ)
ရုပ်ရှင်ဓါတ်ပုံဆု – ကို⁠ကိုဌေး (ထိပ်တန်း) – (မြင့်မြတ်နှလုံးသား)
ရုပ်ရှင်တေးဂီတဆု – ဇော်မျိုးထွဋ် – (မြင့်မြတ်နှလုံးသား)
ရုပ်ရှင်အသံဆု – ဦးစိန်မြင့် (ဇာတ်လမ်းရုပ်ရှင်) – (မြင့်မြတ်နှလုံးသား)
ရုပ်ရှင် ဇာတ်ညွှန်းဆု – မြက်ခင်းသစ် ၊ သုခုမလွင်ပြင် – (မြင့်မြတ်နှလုံးသား)
ရုပ်ရှင်တည်းဖြတ်ဆု – ဦးမြင့်ခိုင် (မော်ကွန်းရုပ်ရှင်) – (သူ့ကျွန်မခံပြီ)

၁၉⁠၉၈-ခုနှစ်

ဇာတ်ကားဆု – (အနှိုင်းမဲ့ရင်ခွင်)
ဒါရိုက်တာဆု – မလိခစိုးထိုက်အောင် – (အနှိုင်းမဲ့ရင်ခွင်)
အမျိုးသားဇာတ်ဆောင်ဆု -ရန်အောင်- (ညမင်းသား)
အမျိုးသမီးဇာတ်ဆောင်ဆု -စိုးမြတ်သူဇာ – (ရွှေနံသာစံအိမ်)
အမျိုးသမီးဇာတ်ပို့ဆု -နန္ဒာလှိုင်- (ရွှေနံသာစံအိမ်)
ရုပ်ရှင်ဓါတ်ပုံဆု -ဦးသန်းညွန့်(ပန်းသာ)- (ညမင်းသား)
ရုပ်ရှင် ဇာတ်ညွှန်းဆု -ကို⁠ကိုလေး – (အနှိုင်းမဲ့ရင်ခွင်)

၁၉⁠၉၉-ခုနှစ်

ဇာတ်ကားဆု – (အဖေ့နေရာ) -သီဟဇော်ရုပ်ရှင်
ဒါရိုက်တာဆု -ခင်မောင်ဦး/စိုးသိမ်းထွဋ်- (အဖေ့နေရာ)
အမျိုးသားဇာတ်ဆောင်ဆု-လွင်မိုး – (ရင်ထဲကဆောင်းရာသီ)
အမျိုးသမီးဇာတ်ဆောင်ဆု -ထွန်းအိန္ဒြာဗို- (နှောင်းတမြေ့မြေ့)
အမျိုးသားဇာတ်ပို့ဆု – ထွန်းထွန်းဝင်း- (နှောင်းတမြေ့မြေ့)
အမျိုးသမီးဇာတ်ပို့ဆု – မြတ်ကေသီအောင် – (ရင်ထဲကဆောင်းရာသီ)
ကလေးသရုပ်ဆောင်ဆု-အိဖြူစိုး – (ရင်ထဲကဆောင်းရာသီ)

၂၀⁠၀၀-ခုနှစ်

ဇာတ်ကားဆု -ငရဲသား – ခင်စံပယ်ဦးရုပ်ရှင်
ဒါရိုက်တာဆု – သီဟတင်စိုး – (ငရဲသား)
အမျိုးသားဇာတ်ဆောင်ဆု – သီဟတင်စိုး(ငရဲသား)
အမျိုးသားဇာတ်ဆောင်ဆု – ရန်အောင်- (မောဟမျဉ်းပြိုင်များ)
အမျိုးသမီးဇာတ်ဆောင်ဆု -မျိုးသန္တာထွန်း – (နှုတ်ခမ်းထက်က ဓားသွား)
အမျိုးသားဇာတ်ပို့ဆု – အောင်ခိုင် – (ငရဲသား)
အမျိုးသမီးဇာတ်ပို့ဆု – ခင်သန်းနု- (သမီးရှင်)
ရုပ်ရှင်ဓာတ်ပုံဆု-သန်းညွှန့်(ပန်းသာ) – မောင့်မူပိုင်ရှင်

၂၀⁠၀၁-ခုနှစ်

ဇာတ်ကားဆု -နှလုံးလှလူမိုက် – မေတ္တာရောင်ပြန်ရုပ်ရှင်
ဒါရိုက်တာဆု -မောင်တင်ဦး – (နှလုံးလှလူမိုက်)
အမျိုးသားဇာတ်ဆောင်ဆု – မင်းမော်ကွန်း – (နှလုံးလှလူမိုက်)
အမျိုးသားဇာတ်ဆောင်ဆု – လွင်မိုး – (ပန်းတစ်ပွင့်ဖန်ဆင်းခြင်း)
အမျိုးသမီးဇာတ်ဆောင်ဆု -ထက်ထက်မိုးဦး (သမီးမိုက်)
အမျိုးသမီးဇာတ်ဆောင်ဆု – မေသန်းနု – (ချစ်ခြင်း၏အခြားမဲ့၌ )
အမျိုးသားဇာတ်ပို့ဆု – နေအောင် – (နှလုံးလှလူမိုက်)
အမျိုးသမီးဇာတ်ပို့ဆု – မေသဉ္ဇာဦး – (နှလုံးလှလူမိုက်)
အမျိုးသမီးဇာတ်ပို့ဆု – စိုးမြတ်နန္ဒာ – (အချစ်ကို မွေးဖွားခြင်း)
ရုပ်ရှင်ဇာတ်ညွှန်းဆု-ခင်လေးသိမ့် – (ပန်းတစ်ပွင့်ဖန်ဆင်းခြင်း)
ဓာတ်ပုံဆု-ထိပ်တန်း ကို⁠ကိုဌေး – (ကောင်းကင်ထက်ကပန်းတစ်ပွင့်)

၂၀⁠၀၂-ခုနှစ်

ဇာတ်ကားဆု- ငါသူတစ်ပါး ယောက်ျား မိန်းမ – ကြယ်တံခွန်ရုပ်ရှင်
ဒါရိုက်တာဆု-ကြည်စိုးထွန်း – (ဆန်ရေ)
ဒါရိုက်တာဆု-ပန်းချီစိုးမိုး – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
အမျိုးသား ဇာတ်ဆောင်ဆု -လူမင်း – (ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်)
အမျိုးသမီး ဇာတ်ဆောင်ဆု -ခင်ဇာခြည်ကျော် – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
အမျိုးသမီး ဇာတ်ပို့ဆု-မေသန်းနု – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
အမျိုးသား ဇာတ်ပို့ဆု-ညွန့်ဝင်း – (ဆန်ရေ)
ရုပ်ရှင်ဇာတ်ညွှန်းဆု-ငြိမ်းမင်း – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
ရုပ်ရှင်ဓာတ်ပုံဆု-ကျောက်ဖြူ(ပဒေသာ) – (ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ)
ရုပ်ရှင်တေးဂီတဆု-ဂီတလုလင်မောင်ကိုကို – (ဆန်ရေ)
ရုပ်ရှင်တေးဂီတဆု-ခင်မောင်ကြီး – (ငါသူတစ်ပါး ယောက်ျား မိန်းမ)
အသံထူးချွန်ဆု- ဖိုးထောင်နှင့်အဖွဲ့ – (ဆန်ရေ)
တည်းဖြတ်မှုအကောင်းဆုံးဆု- ဇော်မင်း(ဟံသာမြေ) – (ငါသူတစ်ပါး ယောက်ျား မိန်းမ)

၂၀⁠၀၃-ခုနှစ်

ဇာတ်ကားဆု-(အမေ့နို့ဖိုး) – အမျိုးသားရုပ်ရှင်
ဒါရှိုက်တာဆု-ကျော်သူ – (အမေ့နို့ဖိုး)
အမျိုးသားသရုပ်ဆောင်ဆု -ကျော်ဟိန်း – (နေကမွေးတဲ့လ)
အမျိုးသမီးသရုပ်ဆောင်ဆု- ထွန်းအိန္ဒြာဗို – (အမေ့နို့ဖိုး)
အမျိုးသားဇာတ်ပို့ဆု – ဇော်ဦး – (အမေ့နို့ဖိုး)
အမျိုးသမီးဇာတ်ပို့ဆု- ချိုပြုံး – (အမေ့နို့ဖိုး)
ရုပ်ရှင်တည်းဖြတ်ဆု – ဦးမြင့်ခိုင်- (သူးမွဲထသစ္စာ)
ရုပ်ရှင်ဇာတ်ညွှန်းဆု- ငြိမ်းမင်း – (အမေ့နို့ဖိုး)
ရုပ်ရှင်ဓါတ်ပုံဆု -ကျောက်ဖြူ(ပဒေသာ) – (အမေ့နို့ဖိုး)
ရုပ်ရှင်တေးဂီတဆု – ဇော်မျိုးထွဋ်- (နေကမွေးတဲ့လ)
ရုပ်ရှင်အသံဆု – ခင်စံပယ်ဦး အဖွဲ့ – (သူးမွဲထသစ္စာ)

၂၀⁠၀၄-ခုနှစ်

ဇာတ်ကားဆု-(လျှို့ဝှက်သောနှင်း) – စင်ရော်ရုပ်ရှင်
ဒါရှိုက်တာဆု-စင်ရော်မောင်မောင်(လျှို့ဝှက်သောနှင်း)
အမျိုးသားသရုပ်ဆောင်ဆု -လွင်မိုး – (တစ်ခါက ဧရာဝတီညများ)
အမျိုးသမီးသရုပ်ဆောင်ဆု-အိန္ဒြာကျော်ဇင် – (မျက်နှာများတဲ့ကောင်းကင်)
အမျိုးသားဇာတ်ပို့ဆု -ညွန့်ဝင်း – (လျှို့ဝှက်သောနှင်း)
အမျိုးသမီးဇာတ်ပို့ဆု- စိုးမြတ်နန္ဒာ – (ချစ်ခြင်းငယ်ပြိုင်)
ရုပ်ရှင်တည်းဖြတ်ဆု – ဇော်မင်း(ဟံသာမြေ)- (လျှို့ဝှက်သောနှင်း)
ရုပ်ရှင်ဇာတ်ညွှန်းဆု- ငြိမ်းမင်း – (လျှို့ဝှက်သောနှင်း)
ရုပ်ရှင်ဓါတ်ပုံဆု -ကို⁠ကိုဌေး(ထိပ်တန်း) – (လျှို့ဝှက်သောနှင်း)
ရုပ်ရှင်တေးဂီတဆု-စိန်မွတ္တား(မန္တလေး)- (ပန်းဒဏ္ဍာရီ)
ရုပ်ရှင်အသံဆု-အေးမြင့်(ဇာတ်လမ်းရုပ်ရှင်) – (လျှို့ဝှက်သောနှင်း)

၂၀⁠၀၅-ခုနှစ်

ဇာတ်ကားဆု-(ကျန်စစ်မင်း) – ဧ၀ရက်ရုပ်ရှင်
ဒါရှိုက်တာဆု–ကြည်စိုးထွန်း – (ဆဋ္ဌဂံ)
အမျိုးသားသရုပ်ဆောင်ဆု – လူမင်း – (ကျန်စစ်မင်း)
အမျိုးသမီးသရုပ်ဆောင်ဆု- ထွန်းအိန္ဒြာဗို – (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)
အမျိုးသားဇာတ်ပို့ဆု – ချမ်းသာကြည်စိုး – (ဆဋ္ဌဂံ)
အမျိုးသမီးဇာတ်ပို့ဆု–မြတ်ကေသီအောင် – (ချစ်ခြင်းဖွဲ့မေတ္တာ)
ရုပ်ရှင်တည်းဖြတ်ဆု – အောင်သွင် – (ဆဋ္ဌဂံ)
ရုပ်ရှင်ဇာတ်ညွှန်းဆု- -ကြည်စိုးထွန်း – (ဆဋ္ဌဂံ)
ရုပ်ရှင်ဓါတ်ပုံဆု -နိုင်နုရှိန်(ဖထီး) – မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍
ရုပ်ရှင်တေးဂီတဆု- ခင်မောင်ကြီး(ကျန်စစ်မင်း)
ရုပ်ရှင်အသံဆု- ရစ်ချတ်ရဲဝင်း(ကျန်စစ်မင်း)

၂၀⁠၀၆-ခုနှစ်

ဇာတ်ကားဆု-(မျှော်လင့်ခြင်းများစွာ) –
ဒါရှိုက်တာဆု- မောင်မျိုးမင်း(ရင်တွင်းဖြစ်) – (မျှော်လင့်ခြင်းများစွာ)
အမျိုးသားသရုပ်ဆောင်ဆု – ရန်အောင် – (ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ)
အမျိုးသမီးသရုပ်ဆောင်ဆု-နန္ဒာလှိုင် – (တောင်သမန်သစ္စာ)
အမျိုးသားဇာတ်ပို့ဆု – ဖိုးကျော် – (မျှော်လင့်ခြင်းများစွာ)
အမျိုးသမီးဇာတ်ပို့ဆု – မေသဉ္စာဦး – (ပန်းပျိုးသူတို့ အင်္လကာ)
ရုပ်ရှင်တည်းဖြတ်ဆု – ဇော်မင်း (ဟံသာမြေ) – (မျှော်လင့်ခြင်းများစွာ)
ရုပ်ရှင်ဇာတ်ညွှန်းဆု – ဇော်မြင့်ဦး – (တောင်သမန်သစ္စာ)
ရုပ်ရှင်ဓါတ်ပုံဆု – သန်းညွန့် (ပန်းသာ) – (ပန်းပျိုးသူတို့ အင်္လကာ)
ရုပ်ရှင်တေးဂီတဆု – ကိုသော်ဇင် (လ၀န်းအိမ်) – (ပန်းပျိုးသူတို့ အင်္လကာ)
ရုပ်ရှင်အသံဆု – ဦးမျိုးညွန့် – (တောင်သမန်သစ္စာ)

၂၀⁠၀၇-ခုနှစ်

ဇာတ်ကားဆု- (ကိုးဆယ်ဆ သာလိမ့်မယ်)- မြင့်မာလာရုပ်ရှင်
ဒါရိုက်တာဆု- မောင်ယဉ်အောင်(မြို့တော်) -(ကိုးဆယ်ဆ သာလိမ့်မယ်)
အမျိုးသားသရုပ်ဆောင်ဆု – ကျော်ရဲအောင်- (ကိုးဆယ်ဆ သာလိမ့်မယ်)
အမျိုးသားဇာတ်ပို့ဆု – မိုးဒီ – (ကိုးဆယ်ဆ သာလိမ့်မယ်)
ရုပ်ရှင်ဓါတ်ပုံဆု – ကျောက်ဖြူ(ပဒေသာ) – (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)
ရုပ်ရှင်တေးဂီတဆု – စိန်မွတ္တား(မန္တလေး) – (ကိုးဆယ်ဆ သာလိမ့်မယ်)

၂၀⁠၀၈-ခုနှစ်

ဇာတ်ကားဆု- (အများနှင့်မသက်ဆိုင်သောသူ)- မျက်ခြယ်ရုပ်ရှင်
ဒါရိုက်တာဆု- (ညီ⁠ညီထွန်းလွင်) – (အများနှင့်မသက်ဆိုင်သောသူ)
အမျိုးသားသရုပ်ဆောင်ဆု – ခန့်စည်သူ – (အများနှင့်မသက်ဆိုင်သောသူ)
အမျိုးသားဇာတ်ပို့ဆု – ရဲအောင် – (အကယ်ဒမီရှော့ခ်)
အမျိုးသမီးသရုပ်ဆောင်ဆု – မို့မို့မြင့်အောင် – (မြင့်မိုရ်ထက်က သရဖူ)
အမျိုးသမီးဇာတ်ပို့ဆု – ခင်မို့မို့အေး – (အများနှင့်မသက်ဆိုင်သောသူ)
ရုပ်ရှင်ဓါတ်ပုံဆု – သန်းညွှန့် (ပန်းသာ) – (ကြိုးတန်း)

၂၀⁠၀၉-ခုနှစ်

ဇာတ်ကားဆု- (ကြိုးကြာတောင်ပံခတ်သံ)- —-ရုပ်ရှင်
ဒါရိုက်တာဆု- မီးပွား – (ဇော်က ကနေသည်)
အမျိုးသားသရုပ်ဆောင်ဆု – နေတိုး – (မိုးညအိပ်မက်မြူ)
အမျိုးသမီးဇာတ်ပို့ဆု – စိုးပြည့်သဇင် – (မိုးညအိပ်မက်မြူ)
ရုပ်ရှင်ဓါတ်ပုံဆု – ကို⁠ကိုဌေးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)
ရုပ်ရှင်တေးဂီတဆု – ဓိရာမိုရ် – (ဇော်က ကနေသည်)
ရုပ်ရှင်တည်းဖြတ်ဆု – ဇော်မင်း (ဟံသာမြေ) – (ကျောက်စက်ရေ)

ရုပ်ရှင်အသံဆု – ဆန်းဦး – (အတိတ်ရဲ့အရိပ် )

ရုပ်ရှင်ဇာတ်ညွှန်းဆု – မြင့်ဦးဦးမြင့် ( ကြိုးကြာတောင်ပံခတ်သံ )

၂၀၁၀-ခုနှစ်

ဇာတ်ကားဆု – အာဒမ်ရယ် ဧ၀ရယ်  ဒဿရယ် ( Heart N Soul ရုပ်ရှင်ထုတ်လုပ်ရေး )
ဒါရိုက်တာဆု – ခင်မောင်ဦး ၊ စိုးသိမ်းထွဋ်  – ပင်လယ်ထက်က နေ၀န်းနီ
အမျိုးသား ဇာတ်ဆောင်ဆု – ပြေတီဦး – အာဒမ်ရယ် ဧ၀ရယ်  ဒဿရယ်
အမျိုးသမီး ဇာတ်ဆောင်ဆု – သက်မွန်မြင့် – အာဒမ်ရယ် ဧ၀ရယ်  ဒဿ ရယ်
အမျိုးသား ဇာတ်ပို့ဆု – ဝေဋ္ဌုကျော် – ပင်လယ်ထက်က နေ၀န်းနီ
အမျိုးသမီး ဇာတ်ပို့ဆု – ၀ါဝါအောင် – အမေ့ကျေးဇူးဆပ်ဖူးချင်တယ်
ရုပ်ရှင်ဓါတ်ပုံဆု – ပန်းချီစိုးမိုး – ပင်လယ်ထက်က နေ၀န်းနီ
ရုပ်ရှင်တည်းဖြတ်ဆု – ဦးမြင့်ခိုင် ( မော်ကွန်းရုပ်ရှင် ) – ပင်လယ်ထက်က နေ၀န်းနီ
ရုပ်ရှင်ဇာတ်ညွှန်းဆု – ခင်မောင်ဦး ၊ စိုးသိမ်းထွဋ် – ပင်လယ်ထက်က နေ၀န်းနီ
ရုပ်ရှင်တေးဂီတဆု – မြန်မာပြည်ကျောက်စိမ်း – အငိုမျက်လုံး အပြုံးမျက်နှာ

၂၀၁၁-ခုနှစ်

ဇာတ်ကားဆု – ထာဝရအလင်းတန်းများ – ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး
ဒါရိုက်တာဆု – ထွန်းအောင်ဇော် – ထာဝရအလင်းတန်းများ
အမျိုးသားဇာတ်ဆောင်ဆု – နောင်နောင် – ထာဝရအလင်းတန်းများ
အမျိုးသမီးဇာတ်ဆောင်ဆု – မယ်လိုဒီ – ထာဝရအလင်းတန်းများ
အမျိုးသားဇာတ်ပို့ဆု – မော့စ် – ထာဝရအလင်းတန်းများ
အမျိုးသမီးဇာတ်ပို့ဆု – ချစ်စနိုးဦး – ရင်ကွဲနာ
ရုပ်ရှင်ဓာတ်ပုံဆု – တင့်ဆန်း – ပန်းကြာဝတ်မှုံ
ရုပ်ရှင်တည်းဖြတ်ဆု – ဟိန်းထက် ( လယ်ဝေး ) – ထာဝရအလင်းတန်းများ
ရုပ်ရှင်ဇာတ်ညွှန်းဆု – မြင့်ဆောင် ၊ စိုးကျော်ဆန်း – ထာဝရအလင်းတန်းများ
ရုပ်ရှင်တေးဂီတဆု – ဇော်မျိုးထွဋ် – ထာဝရအလင်းတန်းများ
ရုပ်ရှင်အသံဆု – ဆန်းဦး – ပန်းကြာဝတ်မှုံ

၂၀၁၂-ခုနှစ်

ဒါရိုက်တာဆု – ကိုဇော် ( အရုဏ်ဦး ) – ဥ
အမျိုးသားဇာတ်ဆောင်ဆု – ပြေတီဦး – လက်ပံ
အမျိုးသမီး ဇာတ်ဆောင်ဆု – ဖွေးဖွေး
အမျိုးသမီး ဇာတ်ပို့ဆု – ချောရတနာ
ရုပ်ရှင်ဓာတ်ပုံဆု – အောင်ကိုလတ်
ရုပ်ရှင်တည်းဖြတ်ဆု – ဇော်မင်း ( ဟံသာမြေ )
ရုပ်ရှင်တေးဂီတဆု – ဂီတမှူးဝင်းကို – အမွေခံထိုက်သူဖြစ်ပါစေ
ရုပ်ရှင်အသံဆု – တိုနီ (လင်း) – ကယန်းအလှ
အထူးဆု – ယွန်းယွန်း – တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ

၂၀၁၃-ခုနှစ်

အမျိုးသားဇာတ်ဆောင်ဆု – ပြေတီဦး –   နင်စေရင်
အမျိုးသမီးဇာတ်ဆောင်ဆု – ၀တ်မှုန်ရွှေရည် – နင်စေရင်
အမျိုးသား ဇာတ်ပို့ဆု – မင်းဦး –  နင်စေရင်
အမျိုးသမီး ဇာတ်ပို့ဆု – ခိုင်သင်းကြည်  –  စုန်းပြူး
ဒါရိုက်တာဆု – ၀ိုင်း  –  စေတန်ရဲ့ ကချေသည်
ရုပ်ရှင်တေးဂီတဆု – စန္ဒရား တင်ဝင်းလှိုင် –   ကြယ်စင်မော်ကွန်း

၂၀၁၄-၁၅-ခုနှစ်

၂၀၁၄-ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် မှတ်တမ်း

ရုပ်ရှင်အသံဆု – ကြည်မင်းသိန်း – မာယာပရောဂျက်
ရုပ်ရှင်တေးဂီတဆု – ခင်မောင်ကြီး – ကောင်းကျိုးကိုယ်၌တည်စေမင်း
ရုပ်ရှင်တည်းဖြတ်ဆု – သော်ဇင် – ကောင်းကျိုးကိုယ်၌တည်စေမင်း
ရုပ်ရှင်ဇာတ်ညွှန်းဆု – ဇော်မြင့်ဦး – ကောင်းကျိုးကိုယ်၌တည်စေမင်း
ရုပ်ရှင်ဓါတ်ပုံဆု – တိုးဝင်းပြည်စိုး – အဆုံးမဲ့အချစ်
အမျိုးသမီးဇာတ်ပို့ဆု – ၀တ်မှုန်ရွှေရည် – နှလုံးသားဖြင့်ပြုလုပ်သည်
အမျိုးသားဇာတ်ပို့ဆု – ဇင်ဝိုင်း – နှလုံးသားဖြင့်ပြုလုပ်သည်
ဇာတ်ကားဆု- ကောင်းကျိုးကိုယ်၌တည်စေမင်း (မြင့်မိုရ်ရုပ်ရှင်ထုတ်လုပ်ရေး)
အမျိုးသမီးဇာတ်ဆောင်ဆု – ခိုင်သင်းကြည် – ကောင်းကျိုးကိုယ်၌တည်စေမင်း
အမျိုးသားဇာတ်ဆောင်ဆု – ပြေတီဦး- နှလုံးသားဖြင့်ပြုလုပ်သည်

၂၀၁၅-ခုနှစ် အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် မှတ်တမ်း

တေးဂီတဆု – လှဆန်းဦး – မောင့်အိမ်သူ
ရုပ်ရှင်တည်းဖြတ်ဆု – ဇော်မင်း(ဟံသာမြေ) – ချစ်စံအိမ် ၂၀၂၈
ရုပ်ရှင်ဓါတ်ပုံဆု – ဇော်မြင့် –  ကျူးပစ်ရဲ့ ကျေးကျွန်များ
အမျိုးသမီးဇာတ်ပို့ဆု – တက္ကသိုလ်ဂွမ်းပုံ – ဤအရာကို အချစ်ဟု ခေါ်သလား
အမျိုးသားဇာတ်ပို့ဆု – ဗေလုဝ – ဤအရာကို အချစ်ဟု ခေါ်သလား
ဒါရိုက်တာဆု- ၀ိုင်း – ကျွန်မကနှင်းဆီပါမောင်
အမျိုးသမီးဇာတ်ဆောင်ဆု – ဖွေးဖွေး – ကျွန်မကနှင်းဆီပါမောင်
အမျိုးသားဇာတ်ဆောင်ဆု – နေတိုး -နက္ခတ်မှားတဲ့တိုက်ပွဲ

၂၀၁၆-ခုနှစ် အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် မှတ်တမ်း

ဇာတ်ကားဆု – အုတ်ကြားမြက်ပေါက် (ရွှေစင်ဦး ထုတ်လုပ်ရေး)
ဒါရိုက်တာဆု – ညွန့်မြန်မာ ညီညီအောင် (အုတ်ကြားမြက်ပေါက်)
အမျိုးသားဇာတ်ဆောင်ဆု- ထွန်းထွန်း (အုတ်ကြားမြက်ပေါက်)
အမျိုးသမီးဇာတ်ဆောင်ဆု- သက်မွန်မြင့် (ချစ်လှစွာသောအမုန်း)
အမျိုးသားဇာတ်ပို့ဆု- လူမင်း (ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ)
ရုပ်ရှင်ဓာတ်ပုံဆု- မောင်မြင့်၊ အေးမင်း ၊ အငယ်လေး  (လူးရတနာသိုက်)
ရုပ်ရှင်အသံဆု- ကြည်မင်းသိန်း (မှော်ကျောက်စာ)
တည်းဖြတ်ဆု-ဥာဏ်ဝင့် (ဧဒင်ရဲ့နတ်သမီး)
တေးဂီတဆု-ဓီရာမိုရ် (လူးရတနာသိုက်)
ရုပ်ရှင်အထူးဆု – မနောမြေမှကျောက်စိမ်းကမ္ဘာ (Moon Myanmar Media)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*