စိတ်အနှောက်အယှက် ဖြစ်သွားတဲ့ သူတွေအားလုံးကို တောင်းပန်ပါတယ် ဆိုတဲ့ပြေတီဦး

စိတ်အနှောက်အယှက် ဖြစ်သွားတဲ့ သူတွေအားလုံးကို တောင်းပန်ပါတယ် ဆိုတဲ့ပြေတီဦး
March 18, 2017 Asian Fame
စိတ်အနှောက်အယှက် ဖြစ်သွားတဲ့ သူတွေအားလုံးကို တောင်းပန်ပါတယ် ဆိုတဲ့ပြေတီဦး

pyay t ooလတ်တလောမှာ ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်မှာ ပျံ့ နှံ့  နေတဲ့ အသံဖိုင်နဲ့ ပတ်သက်ပြီး စိတ်အနှောက်ယှက် ဖြစ်သူများအားလုံးကို တောင်းပန်ပါတယ် လို့ ပြေတီဦးကပြောပါတယ်။

”အဲဒါကတော့ အစ်ကို့ရဲ့မကောင်းတဲ့အကျင့်လို့ပြောရမှာပေါ့။ အစ်ကိုက သူများကို တအားစတတ်တယ်။ ဆေးလည်းထိုးတတ်တယ်။ အစ်ကို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ရိုက်ကွင်း ပေါ်ကလူတွေ နီးနီးကပ်ကပ်ရှိတဲ့သူတွေ ဆိုရင် အစ်ကို အစကြမ်းတယ်ဆိုတာ သိကြတယ်။ အဓိကတော့ ကစ်ကစ်ကို ဆေးထိုးနေတာပေါ့။ တမင်တကာ သူ့ကိုကြပ်နေတာ။ ဘယ်သူ့ကိုမှ မကောင်းတဲ့စိတ်နဲ့ ထိခိုက်စေလို တဲ့ စိတ်နဲ့ ပြောတာတော့ မဟုတ်ဘူး။ လူတွေအများကြီးရှေ့မှာ ပဲ စနေတာကိုး။ ဘေးကလူတွေကလည်း ၀ိုင်းရယ်နေကြတာပဲ။ မကောင်းတဲ့စိတ်နဲ့ဆိုရင် ဘယ်သူမှမကြားအောင် တိုးတိုးပဲပြောမှာပေါ့။ အခု ရိုက်ပြီးတင်လိုက်တဲ့သူကလည်း ဒီအသံတွေပါလို့ပါမှန်း မသိကြပါဘူး။ ဘယ်သူ့ ဘယ်သူကိုမှ ဘာမှ ပြောစ၇ာမရှိပါဘူး။ အစ်ကို့အနေနဲ့ သေချာတာတစ်ခုက ဘယ်သူ့အပေါ်မှ ထိခိုက်လိုတဲ့စိတ် နစ်နာလိုတဲ့စိတ်မရှိပါဘူး။ စခြင်း နောက်ခြင်းသက်သက်ပါပဲ။ ဒါပေမယ့်လည်း ဒီလိုပြောလိုက်တဲ့အပေါ်မှာ မထင်မှတ်ပဲနဲ့ ထိခိုက်သွားတယ်။ နစ်နာသွားတယ်။ စိတ်အနှောက်အယှက်ဖြစ်သွားတဲ့ သူတွေရှိရင် အနူးအညွတ်တောင်းပန်ပါတယ်။ အကယ်ဒမီကတော့ ဘယ်သူပဲရရပါ။ ကိုယ့်ရဲ့အနုပညာညီအစ်ကို မောင်နှမတွေပဲဆိုတော့ ၀မ်းသာပါတယ်။” လို့ပြောပါတယ်။

ဓာတ်ပုံ- ခွန်လတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*