နိုင်ငံတကာအဆင့်မီ အကယ်ဒမီအခမ်း အနားပုံစံအဖြစ် အကယ်ဒမီအခမ်း အနားက ပြင်ဆင်ပြုလုပ်ပေးမယ့် ကိုဂျွန်လွင် နှင့် တွေ့ဆုံခြင်း

နိုင်ငံတကာအဆင့်မီ အကယ်ဒမီအခမ်း အနားပုံစံအဖြစ် အကယ်ဒမီအခမ်း အနားက ပြင်ဆင်ပြုလုပ်ပေးမယ့် ကိုဂျွန်လွင် နှင့် တွေ့ဆုံခြင်း
March 17, 2017 Asian Fame
နိုင်ငံတကာအဆင့်မီ အကယ်ဒမီအခမ်း အနားပုံစံအဖြစ် အကယ်ဒမီအခမ်း အနားက ပြင်ဆင်ပြုလုပ်ပေးမယ့် ကိုဂျွန်လွင် နှင့် တွေ့ဆုံခြင်း

jun Lwin

၂ဝ၁၆ ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်နဲ့ ဇာတ်ကားတွေကို အကယ်ဒမီဆုပေးအပ်ချီးမြှင့်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ပေးအပ်ပွဲကြီးကို မတ်လ၁၈ရက်နေ့ညပိုင်းရန်ကုန်မြို့ရှိ ပြည်သူရင်ပြင် ပန်းခြံကြီးအတွင်းမှာ ရွှေတိဂုံစေတီတော်မြတ် ကြီးကိုနောက်ခံထားပြီး စည်းကားသိုက်မြိုက်စွာနဲ့ ပြုလုပ်ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲကြီးရဲ့အဓိကစပွန်ဆာကိုတော့ Bella Cosmetic ကုမ္ပဏီကနေပြီး စီစဉ်ပေးထားတာဖြစ်ပါတယ်။ Bella Cosmetic ကုမ္ပဏီကနေပြီး အကယ်ဒမီပွဲရဲ့ စတိတ်အပြင်အဆင်ပိုင်းစီစဉ်မှုတွေကို မြန်မာနိုင်ငံက နာမည်ကျော် Star Event Production ကို အပ်နှံလိုက်တာ ဖြစ်ပါတယ်။ Star Event Production ကို ဦးစီးဆောင်ရွက်နေသူကတော့ ကိုဂျွန်လွင်ပါ။

” ကျွန်တော့်ကို ပထမက ဦးလူမင်းကလည်း ကမ်းလှမ်းထားတယ်။ ဒါပေမဲ့ အခုကတော့ စပွန်ဆာဘက်ကနေပြီပါလာတဲ့သဘောပါ။ အဓိက ကျွန်တော့ရဲ့လုပ်ငန်းစဉ်က အကယ် ဒမီပေးပွဲကြီးကို အဆင်ပြေပြေနဲ့ ချောချောမွေ့ မွေ့ပြီးစီးသွားဖို့ ဖြစ်ပါတယ်” လို့ ကိုဂျွန်လွင်က ဆိုပါတယ်။အရင်နှစ်တွေက အကယ်ဒမီကျင်းပခဲ့မှုပုံစံတွေကိုလည်း ပြန်လည်ကြည့်ရှုသုံးသပ်ထားပြီး ကျင်းပခဲ့တဲ့ပွဲတွေတိုင်းဟာလည်း အကောင်းဆုံးလုပ်ခဲ့ကြတာကိုတွေ့ရှိခဲ့ရကြောင်းလည်းဆိုပါ တယ်။

” ဒါပေမဲ့ ပွဲတိုင်းပွဲတိုင်းမှာတော့ လိုအပ်ချက်ဆိုတာရှိပါတယ်။ အကုန်လုံးကတော့ ကိုယ့်ပွဲကိုကိုယ်အကောင်းဆုံး လုပ်ဆောင်ကြတာပါပဲ။ အော်ဂနိုက်ဇာတိုင်းမှာ ကိုယ်စီ စိတ် ကူးစိတ်သန်းတွေရှိကြတယ်။ ကျွန်တော်ကတော့ နှစ်ပေါင်းများစွာ ကပွဲတွေကို ကြည့်ထားတယ်။ နိုင်ငံတကာက ဆုပေးပွဲပုံစံတွေကိုလည်း ကျွန်တော်ကြည့်ထားတယ်။ အကောင်းဆုံးလုပ်ဆောင်သွားမယ်။ ဒီလိုနေရာကြီးမှာ (ပြည်သူ့ရင်ပြင်)သမိုင်းဝင်မှတ်တမ်းတင်တစ်ခုဖြစ်အောင်လုပ်သင့်တယ်လို့ ကိုလူမင်း တို့ကို အကြံပြုခဲ့တယ်။ ဘာလို့လဲဆိုရင် ဒီလိုနေရာမှာ MTV Exit လုပ်တုန်းကလည်း ကျွန်တော်က အဲ့ဒီနေရာကို လက်ညှိးထိုးပြခဲ့တယ်။နိုင်ငံခြားသားတွေက ဘယ်လိုနေရာဟာ ပွဲကျင်းပဖို့ အကောင်းဆုံးနေရာလဲလို့မေးလာတဲ့အခါတိုင်း ကျွန်တော်အမြဲတမ်း ဒီနေရာကို လက်ညှိုးထိုးပြခဲ့တယ်။ ကိုယ်ကငယ်ငယ်လေး ကတည်းကဒီနေရာနားမှာ နေခဲ့တော့ ကျွန်တော်သိတယ်။ ဒီနေရာဟာ ပွဲကျင်းပဖို့အကောင်းဆုံးနေရာပါပဲ” လို့ ပြောပြပေးပါတယ်။ အကယ်ဒမီဝင်ပေါက်ဝအရှေ့လျှောက်လမ်းမှာတော့ အကယ်ဒမီရုပ်တုတစ်ရာကို လိုက်တင်မီးတွေနဲ့ပေးပြီး ထောင်ထားမှာဖြစ်တာမို့ အရောင်အသွေးတွေဟာြ<ွကတက်နေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

” ဝတ်စားဆင်ယင်မှုအပိုင်းကို ပြောရရင်တော့ အဓိကက ဘယ်လိုပွဲပဲတက်တက်ပါ။ နေရာဒေသံကာလံဆိုတာ ရှိတယ်။ ဒီစကားဟာ မြန်မာစကားပုံမှာ ရှိပြီးသားပါ။ ဘယ်လိုနေရာမှာ ဘယ်လိုဝတ် သင့်တယ်ဆိုတာ ကိုယ့်ရဲ့အသိစိတ် နဲ့ကိုယ် သိသင့် ပါတယ်။ ဘာကြောင့် လဲဆိုရင် အခု အကယ်ဒမီပေးပွဲဟာ ရွှေတိ ဂုံစေတီတော်ကြီးရဲ့ အရှေ့မှာ ကျင်းပမှာဖြစ်တယ်။ လျှပ်ပေါ် လော်လီဝတ်ဆင်လာမယ်ဆိုရင်တော့ သူတို့တွေသည် မြန်မာ လူမျိုးတို့ရဲ့ထုံးစံကို ဆန့်ကျင်တယ်လို့ပဲ ကျွန်တော်ထင်မိမှာ ဖြစ်တယ်။ အဲ့ဒီတော့ ရွေးချယ်ပြီး ဝတ်ဆင်သင့်ပါတယ်။ အရမ်းအမြင်မတော်ဘဲ ကြည့်ရတာ ရုပ်ဆိုးနေခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ ဘက်က နေပြီး ပုဝါတွေဘာတွေ စီစဉ်ထားပြီးတော့ ခြုံပေးသွားဖို့ အစီအစဉ်လည်း လုပ်ဆောင်ထားပါတယ်” လို့ ပြောပြပေးပါတယ်။ အကယ်ဒမီရွှေကြိုမောင်၊မယ်တွေကိုလည်း သင်တန်းပေး ထားခဲ့တဲ့ ဂမန်လွင်ကတော့ ခေါက်ရိုးကျိုးနေတဲ့ ပုံစံထဲကနေ အကောင်းဆုံးဖောက်ထွက်ပြီး လုပ်သွားမယ်လို့လည်း ပြောပြပေး ပါတယ်။

” အဖွင့်ကိုတော့ ရွှေတိဂုံစေတီတော်နောက်ခံနဲ့ဖြစ်တဲ့ အတွက် ဘုရားဆီးမီးပူဇော်တဲ့ အကနဲ့စဖွင့်ပါမယ်။ အခုမြူးဇစ် တွေကို တီးနေပါတယ်။ ဒီဂျေသော်သော်နဲ့ပြီးတော့ Immortal က ကိုဝဏ္ကတို့နဲ့ ပူးပေါင်းပြီး တီးနေပါတယ်။ မြန်မာ့ ယဉ်ကျေးမှုနဲ့ လိုက်ဖက်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို တွေ့မြင်ရမှာပါ” လို့ ပြောပြပေးခဲ့ပါတယ်။ အကယ်ဒမီစင်မြင့် တည်ဆောက်ခြင်းကိုတော့ မတ်လ ၈ရက်နေ့ကစတင်ပြီး ဆောက်လုပ်နေခဲ့တာဖြစ်ပြီး ကိုဂျွန်လွင်က တော့ အော်စကာဆုပေးပွဲလို မျိုးခေတ်မီစမတ်ကျတဲ့ မြန်မာ့ရုပ် ရှင် အကယ်ဒမီအခမ်း အနားတစ်ခု အဖြစ်ကျင်းပနိုင်ဖို့ ဆန္ဒပြင်း ပြလျက်ရှိနေပါတယ်။ ကိုဂျွန်လွင် Star Event Production  ကနေပြီး ဦးစီးပြီးလုပ်တဲ့အခမ်းအနားဖြစ်လာမှာမို့ နိုင်ငံတကာ အဆင့်မီ အကယ်ဒမီပွဲတစ်ခုအဖြစ်တွေ့မြင်ရဖို့ရုပ်ရှင်လောကသားတွေနဲ့ ပရိသတ်တွေက ယုံကြည်ထားကြပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*