အကယ်ဒမီပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ်ေ ဆာ င် ရွ က် မ ယ့် မို့မို့မြင့်အောင်

အကယ်ဒမီပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ်ေ ဆာ င် ရွ က် မ ယ့် မို့မို့မြင့်အောင်
March 17, 2017 Asian Fame
အကယ်ဒမီပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ်ေ ဆာ င် ရွ က် မ ယ့် မို့မို့မြင့်အောင်

MOE MOE

ဒီနှစ်အကယ်ဒမီ ဆုပေးပွဲမှာ အကယ်ဒမီမို့မို့မြင့်အောင်က ဆန်းထွဋ်နဲ့အတူ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အကယ်ဒမီပွဲတက်ဝတ်စုံကိုတော့ မို့မို့မြင့်အောင်ရဲ့ Stylist ဖြစ်တဲ့ ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်က ဖန်တီးပေးမှာဖြစ်ပြီး လက်ဝတ်ရတနာကိုတော့ She Shine က စပွန်ဆာပေးမှာဖြစ်ကြောင်း ပြောပါတယ်။ ဒီနှစ်အကယ်ဒမီ ပေးပွဲကို ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာဖြစ်ပြီး ရွှေတိဂုံဘုရား နောက်ခံ ဖြစ်နေတာကြောင့် ဝတ်စားဆင်ယင်မှု အပိုင်းကို သတိပေးတားမြစ်ထားမှုများ ရှိတဲ့အပေါ် သူ့ရဲ့အမြင်ကို မေးကြည့်တော့ မို့မို့မြင့်အောင်က…

” ဒီနှစ်မှာ ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ်ဆိုတော့ ထူးခြားတဲ့ နေရာလည်းဖြစ်တယ်။ outdoor လည်း တခါမှမလုပ်ဖူးဘူး။ နေပြည်တော်မှာက outdoor တော့ ဖြစ်တာပေါ့လေ။ သွားရတာလာရတာက ဝေးတာတစ်ခု၊ ချမ်းတာတစ်ခု။ အခုက ချမ်းတဲ့ရာသီလည်း မဟုတ်တော့ဘူး။ outdoorလည်းဖြစ်တယ်ဆိုတော့ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ ရွှေတိဂုံဘုရားနောက်ခံနဲ့မို့ အဝတ်အစားတွေ တားမြစ်တယ်ဆိုတာလည်း ဖြစ်သင့်ပါတယ်။ တချို့ကျတော့လည်း အကယ်ဒမီဝတ်စုံကို မထော်မလီတွေ ဝတ်လာတာတွေ ရှိတယ် လေ။ မမို့တို့ကတော့ ချိတ်ကို မြန်မာဆန်အောင် လှအောင်ထွင်ပေမယ့် တချို့ ကျတော့ ဘိုလိုတွေဝတ်ဆင်လာတာတွေ ရှိတယ်။ အတိုအပြတ်တွေရော ဝတ်ဆင်လာတာရှိတယ်။ အဲဒီလိုမျိုးကျတော့ မလုပ်သင့်ဘူး” လို့ပြောပါတယ်။ မို့မို့မြင့် အောင်က “အဆိုတော်တို့နေတဲ့ရွာ” ရုပ်ရှင်ဇာတ်ကားကို မင်းမော်ကွန်း၊ ဇေရဲထက်၊ ရွှေမှုန်ရတီ၊ မြန်မာပြည်သိန်းတန်တို့ ဇန်ီးမောင်နှံတို့နဲ့ အတူ အောင်ပန်းမှာ ရိုက်ကူးခဲ့ပြီးလတ်တလောမှာ ဟာသဇာတ်ကားတွေပဲ ရိုက်ကူးဖြစ်နေကြောင်း ပြောပါတယ်။

ဒရာမာကို ပိုပြီး အားသန်ပေမယ့်လည်း ဟာသဇာတ်ကားဆိုလည်း ကာရိုက်တာ မထပ်ရင် ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ မို့မို့ မြင့်အောင်က ” ကိုယ်ကတော့ လုပ်ချင်တာ ဒရာမာပေါ့။ ဒါပေမဲ့ ဟာသလည်း မထပ်အောင်တော့ လုပ်ရတာပေါ့။ ထပ်သွားမှာ ကြောက်တယ်။ အခုဇာတ်ကားက မစိုးပါဘူး။ အဆိုတော်ရူးနေတာ။ ဗီဗာဟိန်းကို ခရေဇီဖြစ်နေတာ။ သူ တို့ကို ဗီဗာဟိန်းခွေတောင်းပြီး နား ထောင်တယ်။ ဒရာမာကတော့ ကိုယ်ချိုးနေကျဆိုတော့ ဒရာမာကို လည်း အရသာရှိရှိ ချိုးချင်တာပေါ့” လို့ပြောပါတယ်။ မို့မို့မြင့်အောင်က Myanmar Media 7 က ရိုက်ကူးတဲ့ ပိုက်ဆံ ရုပ်ရှင်ဇာတ်ကားမှာ လည်းပါဝင်သရုပ် ဆောင်ထားပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*