အကယ်ဒမီကို အစိုးရကနေပြီးပေးတာ ပိုကြိုက်တယ် အကယ်ဒမီ လွင်မိုး

အကယ်ဒမီကို အစိုးရကနေပြီးပေးတာ ပိုကြိုက်တယ် အကယ်ဒမီ လွင်မိုး
March 17, 2017 Asian Fame
အကယ်ဒမီကို အစိုးရကနေပြီးပေးတာ ပိုကြိုက်တယ် အကယ်ဒမီ လွင်မိုး

Lwi Moe 11

အကယ်ဒမီလွင်မိုးက အခုနှစ် အကယ်ဒမီပေးပွဲကိုတက်ရောက်မှာ ဖြစ်ပါတယ်။ အကယ်ဒမီဆုကို အခု နောက်ပိုင်းမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကနေပြီး ဦးစီး ပေးအပ် လာရာမှာ အရင်ခေတ် တုန်းက နိုင်ငံတော်အစိုးရက ဦးစီးပြီးပေးအပ်တဲ့ အကယ်ဒမီဆု လိုမျိုးဂုဏ်တန်းဖိုးချင်းတိုင်းတာ လာမှုတွေရှိလာခဲ့ပြီး နောက်အခုပေးအပ်နေတဲ့ အကယ်ဒမီဆုဟာနိုင်ငံတော် အဆင့် မဟုတ်ဘူးဆိုတဲ့ သတ်မှတ်ချက် မျိုး တွေ ရှိလာနေခဲ့ တာမို့အကယ်ဒမီ လွင်မိုး နဲ့ တွေ့ဆုံတုန်းသူရဲ့တစ်ဦး တစ်ယောက်တည်းအမြင်ကို မေးကြည့် ဖြစ်တော့ ” အရင်တုန်းကတော့ အစိုးရကပေးတာပေါ့နော်။ တပ်မတော်အစိုးရဆို တော့ လူတွေက ဆန့်ကျင်တဲ့ သူတွေနဲ့မကြိုက်တဲ့သူ တွေနဲ့ အာဏာရှင်တွေဘာတွေနဲ့ ရောပြောနေတဲ့ အချိန်မှာ ရုပ်ရှင်အစည်းအရုံးကလည်း ကျွန်တော် ထင်ပါတယ်။ သူတို့ပေးမယ်လို့ လုပ်လိုက်တဲ့ သဘောရှိတာပေါ့။ အခုကလည်း အန်အယ်လ်ဒီ အစိုးရ ဖြစ်လာတော့ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့ အစိုး ရဖြစ်တဲ့အခါကျတော့ အစိုးရရဲ့ Image ပြန်ကောင်းလာတဲ့အခါ ရွေးချယ်ခံရတဲ့ သူတွေကလည်း အစိုးရကပေးတယ် ဆိုတာမျိုးက ကောင်းတယ် ပြန်ဖြစ်လာပြန်တာ ပေါ့။ အမှန်အတိုင်း ကျွန်တော့ရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း ပြောရ မယ် ဆိုရင်တော့ ကျွန်တော်ကတော့ အကယ်ဒမီကို အစိုးရ ကနေပြီးပေး တာ ပိုကြိုက်တယ်။ ဒါမှ နိုင်ငံတော် အဆင့်ဖြစ်မှာ။ အခုကတော့ ရုပ်ရှင်အစည်းအရုံးအဆင့်ပဲရမယ်” လို့ သူရဲ့ဆန္ဒကို ပြောပြပေးခဲ့ပါတယ်။

အကယ်ဒမီဆုကိုတော့ ပညာရှင် တွေကသာ ရွေးချယ်ရမှာ ဖြစ်တယ်လို့ ဆိုလည်းဆိုပါတယ်။ ” အရင်တုန်းက လည်းပညာရှင်တွေ ရွေးချယ်ခဲ့တာပါပဲ။ ၁၉၈၈ ခုနှစ်မတိုင်ခင်အထိ အကယ်ဒမီတွေက ဘာပြသနာမှမရှိခဲ့ဘူး။ အစိုးရကပေးတယ်။ ပညာရှင်က ရွေးချယ်တာပဲ။ ၁၉၈၈ နောက် ပိုင်းမှာ မှ ဒီအရာ အပေါ်မှာ အသုံးချ မှုအပိုင်းတွေ ပါလာပြီးတော့မှ သင့် မြတ်ရာတွေရွေးချယ်လာတော့ ဒုက္ခ တွေရောက်ကုန်တာပဲလေ” လို့ သူရဲ့ အမြင်ကို မှတ်ချက်ပြုဆိုခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*