သူတို့ မှန်းတဲ့အနုပညာရှင် နဲ့ အကယ်ဒမီ

သူတို့ မှန်းတဲ့အနုပညာရှင် နဲ့ အကယ်ဒမီ
March 17, 2017 Asian Fame
သူတို့ မှန်းတဲ့အနုပညာရှင် နဲ့ အကယ်ဒမီ

pwint&Kitအကယ်ဒမီပွဲ နီးလာပြီ ဖြစ်တဲ့ အတွက် အကယ်ဒမီ ရင်ခုန်သံတွေ ကလည်း မြန်ဆန်လို့ နေကြပြီ ဖြစ်ပါ တယ်။ ဒီနှစ်မှာ ဘယ်သူတွေ အကယ်ဒမီ ရရှိကြလိမ့်မယ် ဆိုတာ ကလည်း ရင်ခုန် စိတ်လှုပ်ရှားစရာကောင်း လှပါတယ်။ ဒါကြောင့်လည်း အနုပညာရှင်တွေ ဖြစ်တဲ့ သရုပ်ဆောင် ကစ်ကစ် နဲ့ ပွင့်တို့ရဲ့ အကယ်ဒမီ ခန့်မှန်းမှုတွေကို မေးမြန်းဖော်ပြပေး လိုက်ရပါတယ်။

ပွင့်

ပွင့်အတွက် မြန်မာဝတ်စုံက တော့ Aroma က ကိုအောင်မြတ်သူ တို့ရဲ့ စိတ်ကူးလေးပါပဲ။ ဒီနှစ်ဒီဇိုင်း လေးကိုတော့ ဝိန့်စိန် ရတနာရွှေဆိုင် က ရွှေအစစ်တွေနဲ့ လုပ်ပေးထား ပါတယ်။ ညီမကိုလည်း ကိုအောင် မြတ်သူတို့က ဒီလိုလေး ဖန်တီးမယ် ဆိုပြီးပြောတော့ ညီမကလည်း လက်ခံပါတယ်။ အဝတ်အစားမှာ ဆင်မယ့် ရွှေအစစ် တွေရော၊ လက် ဝတ်ရတနာတွေရော သူတို့ပဲ စီစဉ် ပေးမှာပါ။ ပွင့်ရဲ့ ရင်ခုန်သံက တော့ နှစ်တိုင်း ဒီအချိန်ဆို ရင်ခုန် ပါတယ်။ အခုနှစ် အတွက် တစ်ပြေးနေတဲ့ လူတွေ အားလုံး ကိုလည်း ဆန္ဒနဲ့ရရှိမှု တွေ တစ်ထပ်တည်း ကျစေချင် တယ်။ ကိုယ်တွေလည်း ပရိသတ် နဲ့ အတူ လက်ခုပ်တီးပေးမှာပါ။ ဒီနှစ် မှာ သေချာတာ တစ်ခုက ကိုယ် မဟုတ်တာ သေချာပါတယ်။

ကစ်ကစ်

အကယ်ဒမီပေးပွဲ အတွက် ကတော့ ဒီနှစ်မှာ ကိုယ့်ဇာတ်ကားက ထင်သလောက်ကြီး မရှိဘူး။ ရတဲ့သူ တွေအားလုံး အတွက်ကို ကိုယ်က လက်ခုပ်တီးပြီး အားပေး နေရမှာ ပေါ့။ ဒီနှစ်မှာ အားလုံးက တော်ပြီး အားလုံး ကြိုးစားထားတဲ့ အတွက် အကုန်လုံးကို ရစေချင်ပါတယ်။ ဒါ ကိုယ်ရဲ့ စိတ် ရင်း အမှန်ပေါ့။ အစ် မ ဒီနှစ် ကျန်း မာရေးသိပ် မကောင်း တဲ့အ တွက် အကယ် ဒမီပွဲတက်ဖို့ သိပ် မသေချာပါဘူး။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*