‘မနောမြေမှ ကျောက်စိမ်းကမ္ဘာ’ ရုပ်ရှင်ဇာတ်ကား အကယ်ဒမီ

‘မနောမြေမှ ကျောက်စိမ်းကမ္ဘာ’ ရုပ်ရှင်ဇာတ်ကား အကယ်ဒမီ
March 17, 2017 Asian Fame
‘မနောမြေမှ ကျောက်စိမ်းကမ္ဘာ’ ရုပ်ရှင်ဇာတ်ကား အကယ်ဒမီ

Gyi Satt

အဆိုတော်၊ သရုပ်ဆောင် JZ ဒေါင်းလွမ်းရိုက်ကူးတဲ့ “မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ဇာတ်ကားက အခုနှစ်အကယ်ဒမီဆန်ခါတင် စာရင်းမှာပါဝင်နေပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲ ကိုလည်း ကချင်ရိုးရာဝတ်စုံနဲ့ တက်ရောက်မယ့် JZ ဒေါင်းလွမ်းက ….

” အကယ်ဒမီကတော့ ဘယ်သူများရမယ်ဆိုပြီးတော့ ရင်ခုန်မိတယ်။ ဘယ်သူပဲရရ ဝမ်းသာပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားက ကချင် သရုပ်ဆောင်တွေ၊ ကချင်ဒါရိုက်တာတွေပဲ ရိုက်ကူးထားတဲ့အတွက် ပြောမယ်ဆိုရင် ကချင်ဇာတ်ကားသီးသန့်လို ဖြစ်နေတယ်။ မြန်မာ ရုပ်ရှင်ထဲမှာ ဝင်ရောက်ပြသခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ” မနောမြေမှ ကျောက်စိမ်းကမ္ဘာ” ဇာတ်ကား ရုံတင်တဲ့အခါ ရန်ကုန်မှာပြတာနဲ့ မြစ်ကြီးနားမှာပြတာကွာခြား မှုရှိတဲ့အကြောင်းကို JZ ဒေါင်းလွမ်းက…

” ကျွန်တော်တို့ဇာတ်ကားကို ရန်ကုန်မှာပြတာနဲ့ မြစ်ကြီးနားမှာ ပြတာ ပရိသတ်အားပေးမှုတွေကွာခြားမှုတွေရှိတယ်။ မြစ်ကြီးနားမှာတော့ ကိုယ့်ရဲ့လူမျိုးအချင်းချင်း တွေက လာအားပေး ကြတယ်။ ရန်ကုန်မှာတော့ ပရိသတ်တွေက သူတို့ သိတဲ့ အကျွမ်းတဝင်ရှိတဲ့ မင်းသား၊ မင်းသမီးပဲသိတယ်။ ကိုယ်တွေက တခြားလူမျိုး သူစိမ်းတွေ ဖြစ်တဲ့အတွက် အားပေးမှုတော့ နည်းပါးတယ်” လို့ ဆိုပါတယ်။ ဒီဇာတ်ကားကို ယခုနှစ် အကယ်ဒမီအတွက် အထူးဆုရမယ်ဆိုပြီး အများစုက ထင်ကြေး ပေးတဲ့အပေါ်မှာ JZ ဒေါင်းလွမ်းက ” ဒီဇာတ်ကားက တကယ်လို့ အထူးဆုရမယ်ဆိုရင် ကျွန်တော် အတိုင်းမသိဝမ်းသာမိမှာပါ။ ပရိသတ်တွေလည်း ကြည့်ရကျိုး နပ်မှာပါ။ နောက်ထပ် ဒီဇာတ်ကား နဲ့မတူတဲ့ ဇာတ်လမ်းမျိုးတွေ ရိုက်ကူးဖို့အတွက် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*