ပရိသတ် ခန့်မှန်းပေးတဲ့ အကယ်ဒမီဆု နဲ့တင် ကျေးဇူးတင်မိပါတယ် ပိုင်ဖြိုးသု

ပရိသတ် ခန့်မှန်းပေးတဲ့ အကယ်ဒမီဆု နဲ့တင် ကျေးဇူးတင်မိပါတယ် ပိုင်ဖြိုးသု
March 17, 2017 Asian Fame
ပရိသတ် ခန့်မှန်းပေးတဲ့ အကယ်ဒမီဆု နဲ့တင် ကျေးဇူးတင်မိပါတယ် ပိုင်ဖြိုးသု

Paing-Phyo-Tuအခုနှစ် အကယ်ဒမီ ဆုပေးပွဲမှာ “ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုရှင်အဖြစ် အကယ်ဒမီ တစ်ကြိုပေးခံ ရသူကတော့ သရုပ်ဆောင် ပိုင်ဖြိုးသုပဲဖြစ်ပါတယ်။ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးမှာပဲ သူမရဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်နိုင်ခဲ့မှုက အကယ်ဒမီ တစ်ကြို စာရင်းဝင်အဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။ “ဧဒင် ရဲ့နတ်သမီး”ဇာတ်ကားမှာ ပိုင်ဖြိုးသု အနေနဲ့ ကြိုးစား အားထုတ်ခဲ့ပုံနဲ့ အမှတ်တရ အကြောင်းမေးကြည့် ရာမှာတော့

“ဒီဇာတ်ကား ရိုက်ကူးတုန်းက ညီမရှေ့မှာ ရုပ်ရှင်ဇာတ်ကားကြီး လုံးဝမရိုက် ကူးဖူးသေးဘူး။ ကလေး သရုပ်ဆောင် အနေနဲ့ ပထမဆုံး ရိုက်ကူးတာ။ အဲဒါကြောင့် ညီမမှာ ကင်မရာ angel နားမလည်တာတို့ ဘာတို့တွေ ရှိတယ်။ လုပ်ဆိုရင် အိုက်တင်ပဲ လုပ်ချင်နေတာ။ ကင်မရာကို ဘယ်လို အယူအဆတွေ နားမလည်ခဲ့ဘူး။ အဲဒီအတွက် ဆရာကြီး ဦးမီးပွားကို အများကြီး ကျေးဇူးတင်ပါ တယ်။ ဒီဇာတ်ကား ရိုက်ကူးနေစဉ် တောက်လျှောက်မှာ ကင်မရာ angel ၊ ကင်မရာ အယူအဆ နားလည်အောင်  အများကြီး သင်ပေးခဲ့တယ်။ အိုက်တင်ဆို လည်း အဖိ၊ အဖေါ့ပေါ့။ ဘယ်နားမှာ ဘယ်လောက်ဖိ လိုက်မယ်။ ဘယ်နား ကျရင် ဘယ်လောက်တင်လိုက်မယ် ကအစ အကုန် အသေးစိတ် သင်ကြား ပေးခဲ့ကြ တာ။ အရမ်းလည်း ကြိုးစားခဲ့ကြတယ်။ ဒီဇာတ်ကားလေးက ထုတ် လုပ်သူ၊ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးတွေ အကုန်လုံး အတွက် တကယ် အမှတ်တရ ဖြစ်တဲ့ ဇာတ်ကား လေးတစ်ကားပါ”လို့ ပိုင်ဖြိုးသုက “ဧဒင်ရဲ့ နတ်သမီး” ဇာတ်ကားမှာ ကြိုးစားခဲ့ရပုံကို ပြောပြခဲ့ပါတယ်။ “ဧဒင်ရဲ့နတ်သမီး” ဇာတ်ကားမှာ ဒါရိုက်တာက ကြိုးစားပမ်းစား သင်ကြားပြသသလို သူမ အနေနဲ့ လည်း အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ပါတယ် လို့လည်း ပိုင်ဖြိုးသုက ပြော ပါတယ်။ လက်ရှိ အချိန် မှာတော့ အကယ်ဒမီ တစ်ကြိုစာရင်းဝင် ဖြစ်နေပေမယ့် ပိုင်ဖြိုးသုက အကယ်ဒမီ ကိုတော့ မမှန်းရဲသေးဘူး လို့လည်း ဆိုပါတယ်။

“ရှေ့မှာစီနီယာတွေက အများ ကြီးပဲလေ။ ကိုယ့်ထက်တော်၊ ကိုယ့်ထက် တတ်ကြတဲ့ သူတွေကြီးပဲ ဆိုတော့ ညီမအနေနဲ့ မမှန်းရဲပါဘူး။ ဒါပေမဲ့ ညီမ အနေနဲ့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက်အကုန် ပဲ။ သေအောင်လည်း ပင်ပန်းတယ်။ အရမ်း အပင်ပန်းခံပြီး ရိုက်ကူးခဲ့ကြတာ။ အဲဒီလောက် ကြိုးစားထားတဲ့ အတွက် ဒီလိုမျိုး တစ်ပေးခံရတယ် ဆိုတာလေးကပဲ ညီမအတွက် တကယ့်ကို ဆုကြီး အကြီးကြီး ဖြစ်သွားပါပြီ”လို့ ပိုင်ဖြိုးသုက အကယ်ဒမီ ရင်ဖွင့်စကား ပြောခဲ့ပါတယ်။ အကယ်ဒမီ တစ်ကြို အဖြစ် စာရင်းဝင်ခဲ့တဲ့ ပိုင်ဖြိုးသုကို သူမရဲ့ပရိသတ်ကလည်း ရင်ခုန်မှုတွေ ရှိနေ ခဲ့ပါတယ်။ သူမကို အကယ်ဒမီ ရင်ခုန်ပေး တဲ့ ပရိသတ်ကိုလည်း ပိုင်ဖြိုးသုက …

“သုကို အကယ်ဒမီ မှန်းပေးကြတဲ့ ပရိသတ်တွေကို သု အရမ်း ကျေးဇူးတင် ပါတယ်။ ဒီနှစ်ကို သုမမှန်းထား ပါဘူး။ သုကို အကယ်ဒမီ ဆုမှန်း ထားတဲ့ ပရိ သတ် တွေ အတွက် သု လေ ဆုမယူ ပေးနိုင် ခဲ့ရင် ပရိ သတ်ကို ကြိုပြီးတောင်းပန် ပါတယ်။ ဒါပေမဲ့လည်း ဆုမ ယူပေး နိုင်ခဲ့ပေမယ့် နောက် ကိုအများကြီး ပရိသတ် အတွက်တာဝန်ကျေတဲ့ သရုပ်ဆောင်တစ် ယောက် ဖြစ်အောင်တော့ တစ်သက်လုံး ကြိုးစားသွား ပါ့မယ်လို့ ပရိသတ်ကြီးကို ကတိပေးပါတယ်”လို့ ပိုင်ဖြိုးသုက သူ့ပရိသတ် အတွက် လက်ဆောင် စကားပါးခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*