မွေးနေ့အမှတ်တရ သီလရှင်ဝတ်နေတဲ့ မင်းသမီးကြီး နန်းခင်မွှေး

မွေးနေ့အမှတ်တရ သီလရှင်ဝတ်နေတဲ့ မင်းသမီးကြီး နန်းခင်မွှေး
March 14, 2017 Asian Fame
မွေးနေ့အမှတ်တရ သီလရှင်ဝတ်နေတဲ့ မင်းသမီးကြီး နန်းခင်မွှေး

Nan Khin Mywe 3

မင်းသမီးကြီးနန်းခင်မွှေးက မွေးနေ့အမှတ်တရအနေနဲ့ မတ်လ ၆ရက်နေ့က ပဲခူးမြို့၊ ဆယ်မိုင်ကုန်း၊ဓမ္မဒူတတောရသာသနာ့ရိပ်သာမှာ သီလရှင်ဝတ်ပြီး သီတင်းသုံးလျက်ရှိ နေပါတယ်။ သီလရှင်ဘွဲ့အမည်က တော့ ပညာစာရီ ဖြစ်ပြီး ၇ရက် (သို့မဟုတ်) ၁၁ရက်ဝတ် ဖြစ်မယ်လို့ သိရပါတယ်။

” မေမေ့ကိုသီလရှင်ဝတ်နဲ့ ကျွန်တော်အခုမှမြင်ဖူးတာပါ။ မေမေ့ကို တရား ထူးတရားမြတ်များလည်း ရရှိပါစေ။ကျန်းမာပါစေ။ ပင်ပန်းမှုတွေလည်း ကင်းဝေးပါစေ။ မေမေအေးချမ်းပါစေ” လို့ မင်းသမီး ကြီး နန်းခင်မွှေးရဲ့သားကြီးဖြစ်တဲ့ “ဘွန်း” ကမိခင်အတွက် ပီတိစကား ပြောပြပါတယ်။ မင်းသမီးကြီးနန်းခင်မွှေးရဲ့ မွေးနေ့ရက် ကတော့ မတ်လ၄ရက် နေ့ဖြစ်ပြီး သားကြီး ဖြစ်သူ “ဘွန်း” အနေနဲ့ကတော့ လက်ရှိမှာ တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်း သဘင်နဲ့ အတူ ကပြလျက်ရှိနေပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*