အသုံးစရိတ်ကို ဘယ်နေရာမှာ မှ လျှော့မသုံးဘူး ဆိုရင် နိုင်ငံတကာ တန်းတူလောက်တော့ ရိုက်ကူး လာနိုင်ကြမယ် လို့တော့ ထင်တယ် ဒါရိုက်တာ ဝင်းလွင်ထက်

အသုံးစရိတ်ကို ဘယ်နေရာမှာ မှ လျှော့မသုံးဘူး ဆိုရင် နိုင်ငံတကာ တန်းတူလောက်တော့ ရိုက်ကူး လာနိုင်ကြမယ် လို့တော့ ထင်တယ် ဒါရိုက်တာ ဝင်းလွင်ထက်
March 14, 2017 Asian Fame
အသုံးစရိတ်ကို ဘယ်နေရာမှာ မှ လျှော့မသုံးဘူး ဆိုရင် နိုင်ငံတကာ တန်းတူလောက်တော့ ရိုက်ကူး လာနိုင်ကြမယ် လို့တော့ ထင်တယ် ဒါရိုက်တာ ဝင်းလွင်ထက်

Win-Lwin-Htetဒါရိုက်တာ ဝင်းလွင်ထက်က ကိုယ်စောင့်နတ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုကို အပြီးသတ် ရိုက် ကူးပြီးစီးခဲ့ပြီဖြစ်ပြီး သူကိုယ်တိုင် လည်း အဲ့ဒီ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့ ရမှုတွေကို အားရ ကျေနပ်မှုရှိခဲ့ ပြီး စိတ်တိုင်းကျခဲ့တယ်လို့ ဆိုပါတယ်။ အခု မတ်လ အတွင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ကူးသွား ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ အခုနှစ် အတွင်းမှာလည်း သူတွဲဖက်ရိုက်ကူးထားတဲ့ “ငါ့ကိုနမ်းတဲ့ မုန်းတိုင်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး လည်း ရုံတင်လာနိုင်ဖွယ် ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သန်လျင် မြို့ဘက်က ဓာတ်ပုံ စတူဒီယိုတစ်ခုမှာ တီဗီ ကြော် ငြာတွေအတွက် သွားရောက် ရိုက်ကူး ရင်းနဲ့ အဲ့ဒီ့စတူဒီယိုရဲ့ဆက်တင်တည်ဆောက်ထားမှုတွေကို သဘောကျ နှစ်သက်မိတယ်လို့ ဆိုပါတယ်။

“ရုပ်ရှင်လောကမှာလည်း ဒီလိုမျိုးစတူဒီယို တွေရှိသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော် တို့ ရုပ်ရှင်ဇာတ်ကားမှာလိုအပ်မယ့်၊ အခက်အခဲ ဖြစ်နိုင်မယ့် ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ ဆေးရုံခန်း၊ မွေးလူနာအခန်း စသည်ဖြင့် အများကြီးရှိပါ တယ်။ အပြင်မှာ ရိုက်ကူးလို့ မလွယ်မယ့် ဆက် တင်တွေ အတွက်ကို  Indoor  ဆက်တင်တွေ ရှိနေရင် ပိုပြီးတော့ အဆင်ပြေစေနိုင်မယ်။ စတူ ဒီယိုတွေ ပြန် ရှိလာမယ် ဆိုရင်တော့ ရုပ်ရှင်လော ကဟာ ပိုမိုပြီးတော့ ကောင်းမွန်လာမှာ ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်” လို့ဆိုပါတယ်။

သူတစ်ဦး တစ်ယောက်တည်း ရဲ့အမြင်အရဆို ရင်တော့ မြန်မာရုပ်ရှင် ဇာတ်ကားတွေ ဒီ့ထက်ပိုပြီး တိုးတက်ကောင်းမွန် လာဖို့ဆိုရင် စနစ်ကျတဲ့ ဖွဲ့စည်း ပုံတစ်ခုတော့ ရှိရတော့မယ်လို့ ဆိုပါတယ်။

“ကျွန်တော် ဆိုလိုတာက ဒါရိုက်တာဆိုရင် လည်း ဒီဇာတ်ကား အပေါ်မှာ Leadership  လုပ်ရမယ့် အရာအပြင် တခြားအရာတွေ ကိုပါ လိုက်ပါ လုပ်ဆောင်ရတဲ့ အခါ အားနည်း သွားနိုင်တာ တွေရှိတယ်။ အဲ့ဒီတော့ ဇာတ်ညွှန်းကလည်း အဓိပ္ပာယ် ရှိရမယ်။ လိုအပ်သမျှ ပစ္စည်းတွေကို အကုန် အသုံးပြုပြီး အသုံးစရိတ်ကို ဘယ်နေရာမှာမှ လျော့မသုံးဘူး ဆိုရင်တော့ နိုင်ငံတကာ တန်းတူ လောက်တော့ ရိုက်ကူး လာနိုင်ကြမယ်လို့ ထင်တယ် ဗျ”လို့ လည်းဆိုပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*