အကယ်ဒမီ ဆိုရင် လွဲခဲ့တဲ့ နှစ်တွေ များလာတော့ ခန့်မှန်းပေးကြပေမယ့် သိပ်တော့ မမျှော်လင့်ရဲပါဘူး အကယ်ဒမီ လူမင်း

အကယ်ဒမီ ဆိုရင် လွဲခဲ့တဲ့ နှစ်တွေ များလာတော့ ခန့်မှန်းပေးကြပေမယ့် သိပ်တော့ မမျှော်လင့်ရဲပါဘူး အကယ်ဒမီ လူမင်း
March 14, 2017 Asian Fame
အကယ်ဒမီ ဆိုရင် လွဲခဲ့တဲ့ နှစ်တွေ များလာတော့ ခန့်မှန်းပေးကြပေမယ့် သိပ်တော့ မမျှော်လင့်ရဲပါဘူး အကယ်ဒမီ လူမင်း

Lu-Min-1ဒီနှစ် ရုပ်ရှင် ပြသမှု ပြက္ခဒိန်နှစ် အတွင်းမှာ ရုပ်ရှင်ဥက္ကဋ္ဌ အကယ်ဒမီ လူမင်းရဲ့ ရုပ်ရှင်ဇာတ် ကားတွေဟာ ဒါရိုက်တာ အဖြစ် တစ်မျိုး သရုပ်ဆောင် အဖြစ် တစ်မျိုး ပါဝင်လျက် ရှိနေပြီး ဒါရိုက်တာ အကယ်ဒမီ ဆုရော၊ သရုပ်ဆောင်ဆု တွေကိုပါ ရသွားနိုင်တဲ့ အသံတွေ လည်း ကြားနေရပြီ ဖြစ်ပါတယ်။ ဒီနှစ် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကား များထဲမှာ အကယ်ဒမီ လူမင်း ပါဝင်ပြီး သရုပ်ဆောင် အဖြစ်ရော၊ ဒါရိုက်တာ အဖြစ် ရော ရိုက်ကူး တင်ဆက်ပေးထားတဲ့ “အနူးဘစ်” ရုပ်ရှင် ဇာတ် ကား၊ သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့တဲ့ “ပရော် ဖက်ဆာဒေါက်တာ ဆိတ်ဖွား”နဲ့ “မြိုင်ရာဇာတာတေ” ရုပ်ရှင်ဇာတ်ကား တို့ဟာ အကယ်ဒမီ လူမင်း ကို နောက်ထပ် အကယ် ဒမီဆုတွေ သိမ်းပိုက်သွားစေနိုင်တဲ့ ရုပ်ရှင်ဇာတ် ကားတွေဖြစ်ပြီး “ဖေ့စ်ဘုတ်ရွာ” ရုပ်ရှပ်ဇာတ်ကား ဟာဆိုရင်လည်း ဝင်ငွေ စံချိန် ချိုးခဲ့တဲ့ရုပ်ရှင် ဇာတ် ကားကောင်း တစ်ခုဖြစ်ခဲ့ပါတယ်။

“အနူးဘစ်ကို ဆိုရင် လွန်ခဲ့တဲ့ သုံးနှစ်က ရိုက်ကူး ခဲ့တာဖြစ်တယ်။ ရိုက်တုန်းက ဆိုရင် ဇာတ်ညွှန်းပိုင်း ဆိုင်ရာရော၊ ရိုက်ချက်ပိုင်း ဆိုင် ရာတွေရော၊ တင်ဆက်မှု ပိုင်းဆိုင်ရာတွေရော ကအစ ဒါရိုက်တာ တစ်ယောက် အနေနဲ့ အစွမ်းကုန် ကြိုးစားပြီး ရိုက်ကူးခဲ့တာ ဖြစ်တယ် ဆိုတော့ ပြန်ကြည့်မိတဲ့ အခါတိုင်းမှာလည်း ကျေနပ် အားရခဲ့ တယ်။ မင်းသမီးတွေ ဖြစ်ကြတဲ့ ဝတ်မှုံရွှေရည် နဲ့ရွှေမှုန်ရတီ တို့နဲ့ကတော့ မထင်မှတ်တဲ့ အပြောင်းအလဲ လေးတွေကို သူတို့လုပ်နိုင်ခဲ့တယ်။ သရုပ်ဆောင်ဆု အတွက်ဆိုရင်တော့ မင်းသမီး နှစ်လက်ကို ပိုပြီးတော့ မျှော်လင့်ပါတယ်။ အစ်ကိုက အကယ်ဒမီ ဆိုရင် နှစ်တိုင်း နာမည်ကြီး ပြီးတော့ လွဲခဲ့တဲ့နှစ်တွေ များလာတော့လည်း ခန့်မှန်း ပေးကြပေမယ့် လည်း သိပ်တော့ မမျှော်လင့်ရဲပါဘူး” လို့ ပြောပြပေးခဲ့ပါတယ်။ အကယ်ဒမီ လူမင်းဟာ ၂ဝဝ၅ ခုနှစ်အကယ်ဒမီ မှာ ကျန်စစ်မင်းရုပ် ရှင်၊ ၂ဝဝ၂ခုနှစ်အကယ်ဒမီမှာ “ရွှေမှုန်ကြဲတဲ့ မိုး ကောင်းကင်” ရုပ်ရှင် ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု နှစ်ဆု  ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*