အကယ်ဒမီပေးပွဲကို တက်ရောက်ကြမယ့် ရုပ်ရှင်သရုပ်ဆောင် အယောက် ၂ဝ ကို အောင်သမာဓိရွှေဆိုင်မှ သိန်းပေါင်းတစ်သောင်းတန်ဖိုးရှိ စိန်ရွှေလက်ဝတ်ရတနာ များ ဆင်မြန်းပေးသွားမည်

အကယ်ဒမီပေးပွဲကို တက်ရောက်ကြမယ့် ရုပ်ရှင်သရုပ်ဆောင် အယောက် ၂ဝ ကို အောင်သမာဓိရွှေဆိုင်မှ သိန်းပေါင်းတစ်သောင်းတန်ဖိုးရှိ စိန်ရွှေလက်ဝတ်ရတနာ များ ဆင်မြန်းပေးသွားမည်
March 14, 2017 Asian Fame
အကယ်ဒမီပေးပွဲကို တက်ရောက်ကြမယ့် ရုပ်ရှင်သရုပ်ဆောင် အယောက် ၂ဝ ကို အောင်သမာဓိရွှေဆိုင်မှ သိန်းပေါင်းတစ်သောင်းတန်ဖိုးရှိ စိန်ရွှေလက်ဝတ်ရတနာ များ ဆင်မြန်းပေးသွားမည်

shwe

၂ဝ၁၆ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ကြမည့် ရုပ်ရှင်သရုပ် ဆောင်၂ဝဦးကို ကျပ်သိန်းပေါင်း ၁ဝဝဝဝ ဖိုးရှိ စိန်ရွှေလက်ဝတ် ရတနာများ၊ ရွှေအင်္ကျီများ၊ စိန်လက် ကိုင်အိတ်၊ ရွှေလက်ကိုင်အိတ်၊ ရွှေ စလွယ်များကို အောင်သမာဓိ စိန် ရွှေရတနာဆိုင်မှ ဆင်မြန်းပေးမည်။

မန္တလေးမြို့၊ အောင်သမာဓိ စိန်ရွှေရတနာဆိုင်မှ ၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်း အနားသို့ တက်ရောက်ကြမည့် ရုပ်ရှင် သရုပ်ဆောင်၂ဝဦးကို ကျပ်သိန်း ပေါင်း ၁ဝဝဝဝ ဖိုးရှိ စိန်ရွှေလက် ဝတ်ရတနာများ၊ ရွှေအင်္ကျီများ၊ စိန်လက်ကိုင်အိတ်၊ ရွှေလက်ကိုင်အိတ်၊ ရွှေစလွယ်များကို ဂုဏ်ယူ ဝမ်းမြောက် စွာ ကူညီဆင်မြန်းပေးမည်ဖြစ်ကြောင်း အောင်သမာဓိ စိန်ရွှေ ရတနာဆိုင်မှ သိရှိရသည်။

” ယခုနှစ် အကယ်ဒမီပေးပွဲ အတွက် မင်းသား၊မင်းသမီး သရုပ်ဆောင် အယောက်၂ဝအတွက် စိန်ရွှေလက်ဝတ်ရတနာများကို အောင်သမာဓိ စိန်ရွှေရတနာဆိုင်က ပံ့ပိုး ကူညီပေးထားပါတယ်။ စိန်နဲ့ ပတ် သက်ပြီး ထူးထူးခြားလေးကတော့ သက်မွန်မြင့်ကို စိန်ပိုက်ဆံအိတ်လေးရယ်၊ စိန်ထည်ဒီဇိုင်းလက်ရာ ဆန်း ဆန်းလေးတွေ ဆင်မြန်းပေးထားပါ တယ်။ အိချောပိုအတွက်ကို အားလုံး စိတ်ဝင်စားကြတဲ့ ရွှေအင်္ကျီ၊ ရွှေပိုက် ဆံအိတ်လေးတွေကို ရွှေသီးသန့် လုပ်ပေးထားပါတယ်။ မယ်လိုဒီ အတွက်ကို ရွှေပိုက်ဆံအိတ်၊ ကျောက် ရောင်စုံလေးတွေနဲ့ ပြုလုပ်ထားတဲ့ ဆွဲကြိုးကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။ ယုသန္တာတင်၊ ဆုပန်ထွာ၊ ချောရတနာ၊ နန်း ဆုရတီစိုး၊ စန္ဒီမြင့်လွင်၊ စိုး ပြည့်သဇင်၊ ခင်လေးနွယ်၊ သန္တာဗိုလ်၊ နန်းခင်ဇေယျာ စတဲ့မင်းသမီးတွေ အတွက်လည်း ဒီဇိုင်းသစ်၊ လက်ရာ သစ် စိန်ရွှေလက်ဝတ်ရတနာများကို တစ်ယောက်ကို ဒီဇိုင်းတစ်မျိုးနဲ့ ဆင်မြန်းပေးပါမယ်။ နှင်းဆီအဖွဲ့သား တွေဖြစ်တဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်း ဖြစ်)၊ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ကျော်ကျာ်ဗိုလ်၊ ရဲလေး အတွက်ကိုလည်း နှင်းဆီရင်ထိုးနဲ့ အမျိုးသားကိုင် ဖုန်းလည်းထည့်လို့ ရမယ့် ရွှေပိုက်ဆံအိတ်ကိုလည်း အထူးအဆန်းလေးအဖြစ် ပြုလုပ် ထားပါတယ်။ ကိုဒိန်းဒေါင်အတွက်ကို ရှေးခေတ်ပွဲတက်ပုံစံ စလွယ်ကို အခု ခေတ်ပုံစံ ဒီဇိုင်းနဲ့ ရွှေစလွယ် ပြုလုပ်ထားပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲမှာ ဆင်မြန်းပေးတဲ့ စိန်ရွှေ လက် ဝတ်ရတနာ တန်ဖိုးအားလုံး ပေါင်း ဆိုရင် သိန်းပေါင်းတစ်သောင်းဝန်းကျင်လောက် ရှိပါတယ်။ customer တွေကို up to date ရတနာဒီဇိုင်းတွေ မြင်စေချင်တာကြောင့် အကယ်ဒမီပေးပွဲမှာ မင်းသားမင်းသမီးတွေကို ပွဲတက် စိန်ရွှေလက်ဝတ်ရတနာများကို ပံ့ပိုးကူညီပေးဖြစ်ပါတယ်” ဟု အောင်သမာဓိ စိန်ရွှေရတနာဆိုင်မှ Director မဖြူဖြူအောင်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*