သူရိယတို့ မိသားစုရဲ့ မွန်မြတ်တဲ့ ဒါန ရှင်ပြုအလှူတော် မင်္ဂလာ

သူရိယတို့ မိသားစုရဲ့ မွန်မြတ်တဲ့ ဒါန ရှင်ပြုအလှူတော် မင်္ဂလာ
March 14, 2017 Asian Fame
သူရိယတို့ မိသားစုရဲ့ မွန်မြတ်တဲ့ ဒါန ရှင်ပြုအလှူတော် မင်္ဂလာ

thu5အလှူ့ဒါယကာ တိုင်းရင်း ဆေးသမားတော်ကြီး ဦးကြည်လင်း နှင့် အလှူ့ဒါယိကာမ ဆရာမ ဒေါ်ချိုချိုမာ၊ သရုပ်ဆောင် သူရိယ (မောင်သူရလင်း)၊ မောင်အောင် သူလင်း၊ မောင်ချမ်းပြည့်ပြည့်လင်း၊ မခင်သစ္စာကြည်တို့ရဲ့ စိန်ဘယက် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး မိသားစု ရဟန်းခံ ရှင်ပြု အလှူတော် မင်္ဂလာကို မတ်လ ၅ ရက်နေ့ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး ဆု တောင်းပြည့် ရွှေမောဓောဘုရားဝင်း မှာ စည်ကား သိုက်မြိုက်စွာနဲ့ ပြုလုပ် ခဲ့သလို၊ ညနေပိုင်းမှာတော့ မြို့မစာ သင်တိုက်မှာ သိမ်ဆင်း လောင်းလှူပွဲ ကို ပြုလုပ်ခဲ့ပါတယ်။

ကျွန်တော့ရဲ့ We Love fan  အဖွဲ့တွေလည်း လိုက်ပါ ကုသိုလ် ယူပါတယ်။ ဒီတစ်ခေါက်မှာ  We Love fan အဖွဲ့တွေ လူ အကုန်လုံးကို မခေါ်နိုင်ခဲ့ပေမယ့် နောက်တစ် ခေါက်မှာတော့ အားလုံးကို ဆုံနိုင် အောင်လည်း ကြိုးစား သွားပါမယ်။ နောက်တစ်ခေါက် မှာတော့ အားလုံး ကို ခေါ်မှာပါ”လို့ ရှင်ပြု၊ ရဟန်းခံ အလှူတော်မင်္ဂလာ နေ့တုန်းက  We Love  အဖွဲ့တွေ အကုန်လုံးကို မခေါ် သွားနိုင်ခဲ့တဲ့ အပေါ် တောင်းပန် စကားဆိုပါတယ်။

နဂိုမူလအစီအစဉ်အရ သရုပ် ဆောင် သူရိယ ကိုယ်တိုင်လည်း ရဟန်းခံ ရှင်ပြုဖို့ အစီအစဉ်ရှိခဲ့ ပေမယ့်လည်း ဇာတ်ကား ရိုက်ကူးရေး တွေ လက်ခံထားတဲ့ ရက်နဲ့ တိုက် ဆိုင်နေတဲ့ အတွက် အခုတစ် ခေါက် မှာတော့ သာသနာ့ဘောင်ကို မဝင် ရောက်ဖြစ် ခဲ့သေးဘူးလို့ ဆိုပါတယ်။

“ဒါပေမဲ့ နှစ်စဉ် နှစ်တိုင်းမှာ တော့ တရားစခန်းကိုတော့ ပုံမှန်ဝင် ဖြစ်ပါတယ်။ ကျန်တဲ့ ညီအစ်ကိုတွေ ကတော့ ရှင်ပြုဖြစ်မှာ ဖြစ်ပါတယ်။ သိမ်ဆင်းသံဃာ ၁၈ပါးမှာ ညီ အစ်ကိုတွေကော၊ ညီအစ်ကို ဝမ်းကွဲ တွေကော အကုန်လုံး ပါပါတယ်။ ပြီးတော့ အခုက ပဲခူးမြို့မဆရာ တော်ကြီး ကလည်း သိက္ခာထပ် ဖြစ်တယ်လေ။ မြို့မ ဆရာတော် ကြီးရဲ့ သိမ်ဆင်း သင်္ကန်း ပရိအက္ခရာ ၈ ပါးကို သူရိယက ကိုင်ပေးပြီး ကုသိုလ်ယူ ဖြစ်ခဲ့ပါတယ်။ ဒါက လည်း မွန်မြတ်တဲ့ ဒါနတစ်ခုလို့ သူရိယ မှတ်ယူတယ်။ သာသနာ ပြုမယ့် ဆရာတော်ကြီးရဲ့ သိမ်ဆင်း မှာ အခုလို ကုသိုလ်ယူခွင့်ရတဲ့ အတွက် ကြည်နှုးမိတယ်။ အဲဒီ အချိန်မှာ လောဘမရှိဘူး။ မောဟ မရှိဘူး။ ဒေါသမရှိဘူး။ အားလုံး အေးချမ်းနေတယ်။ အရမ်း ကြည်နူးမိ ခဲ့ရတယ်။ ရှင်ပြု အလှူမင်္ဂလာ ပြုလုပ် ဆင်ယင်ခွင့် ရလို့ရတဲ့ ပျော်ရွှင်မှုစိတ်။ ပြီးတော့ အေးချမ်းမှု တွေ ရလိုက် တယ်။ ပီတိဖြစ်ခဲ့ရတဲ့ အလှူမင်္ဂလာ တစ်ခုပါပဲ” လို့ သူရိယ ကပြောပြပေး ပါတယ်။ သူရိယက လာမယ့်မတ်လ ၂ဝ ရက်နေ့မှာတော့ ပုဂံကို သွား ရောက်ပြီးတော့ “ပဉ္စ လက်ရွာ” ဆိုတဲ့ ဇာတ်လမ်းတွဲ ကိုပါဝင်သရုပ် ဆောင် ရိုက်ကူး မှာ ဖြစ်ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*