ဝါရင့်လူကြမ်း သရုပ်ဆောင် ဦးဇော်မှိုင်းရဲ့ အကယ်ဒမီ ရင်ဖွင့်ချက်

ဝါရင့်လူကြမ်း သရုပ်ဆောင် ဦးဇော်မှိုင်းရဲ့ အကယ်ဒမီ ရင်ဖွင့်ချက်
March 14, 2017 Asian Fame
ဝါရင့်လူကြမ်း သရုပ်ဆောင် ဦးဇော်မှိုင်းရဲ့ အကယ်ဒမီ ရင်ဖွင့်ချက်

zawh

မတ်လ ၁၈ ရက်နေ့မှာတော့ မြန်မာ့ရုပ်ရှင်ရဲ့ ၆၄ကြိမ်မြောက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးကို ပြည်သူ့ရင်ပြင်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီအပေါ်မှာ ရင်ခုန်မှုကို ၁၉၆ဝ ပြည့်နှစ်ဝန်းကျင် က ရုပ်ရှင် လောကကို စတင်ဝင် ရောက်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း များစွာပါဝင်သရုပ်ဆောင် ရိုက်ကူး ခဲ့တဲ့ လူကြမ်းဇာတ်ပို့ သရုပ်ဆောင် ကြီး ဦးဇော်မှိုင်းကို မေးမြန်းကြည့် ရာမှာတော့ ..

” အကယ်ဒမီနဲ့ ပတ်သက်လို့ မှတ်မှတ်ရရလေး ပြောရမယ်ဆိုရင် ဦးရဲ့လက်ဦးဆရာက ဦးကျော်ဆွေ ပေါ့။ ဦးကျော်ဆွေက သိတဲ့ အတိုင်း နိုင်ငံကျော်မင်းသားကြီး။ ဓာတ်ပုံ ပညာရော၊ ဒါရိုက်တာရော အကုန် လုံးတတ်တယ်။ သူက ရုပ်ရှင်ကို သူ့ ဆီမှာစရိုက်ကူးတော့ ဆုံးမပါတယ်။ မင်းကွာတဲ့၊ ငါ့ဆီမှာ လုပ်ရင်တော့ အကယ်ဒမီရမှာမဟုတ်ဘူးတဲ့။ ဘာ လို့လဲဆိုတော့ ငါတောင်မရသေးဘူးတဲ့ဆိုတော့ တော်တော်ကို မျှော် လင့်ချက်ဝေးတာပေါ့နော်။ ဦးကျော် ဆွေလို နာမည်ကြီး သရုပ်ဆောင် ဖြစ်ပြီး အကယ်ဒမီဘာလို့ မရတာလဲ လို့ ဦးတို့က မေးမိတယ်လေ။ အကယ်ဒမီဆိုတာ လွယ်လွယ်လေးနဲ့ ရတာမဟုတ်ဘူးတဲ့။ အင်မတန် နက်နဲတန်ဖိုးရှိတဲ့ အကယ်ဒမီတဲ့။ သရုပ်ဆောင်တဲ့နေရာမှာ တော်ရ မယ်။ တော်တယ်ဆိုတဲ့နေရာမှာလည်း တိကျမှုက ရှိသေးတယ်။ နောက်ပြီး ကိုယ်ပါဝင်တဲ့ ဇာတ်လမ်း နဲ့ အံဝင်ခွင်ကျတဲ့ ဝတ်စားဆင်ယင် မှု၊ သရုပ်ဆောင်မှုတွေလည်း ရှိရမယ်။ အိုဗာအိုက်တင်တွေလည်း မရှိ ရဘူး။ ငိုရင်အကယ်ဒမီရတယ်ဆိုပြီး မဟုတ်တဲ့ အခန်းလည်းငို၊ မငိုသင့် တဲ့ အခန်းလည်းငို။ အဲလိုများ သရုပ် ဆောင်တဲ့သူတွေဆိုရမှာမဟုတ်ဘူးကွာ” တဲ့။ ခုခေတ်ရလား၊ မရလား တော့မပြောတတ်ဘူးပေါ့” ဟု ဦး ဇော်မှိုင်းက အကယ်ဒမီနဲ့ ပတ်သက်တဲ့အကြောင်းရင်ဖွင့်ပြောပြခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ပြုလုပ်တဲ့ အကယ်ဒမီပေးပွဲတွေနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ အသံတုံ့ပြန်မှုနဲ့ ဦးဇော်မှိုင်းရဲ့အမြင်ကို မေးကြည့်ရာမှာ တော့ အခုလို ရှင်းပြပါတယ်။

” အခုပေးနေတာက နည်းစနစ် တွေ ဘယ်လိုပုံစံနဲ့ ပေးတယ်ဆိုတာ ဦးမသိဘူး။ ဒါပေမဲ့ အကယ်ဒမီရတယ်ဆိုတဲ့သူဟာ တော်လို့ရတာပါ။ သူတို့ပေးမယ့်အတိုင်းအတာနဲ့ သူတို့ ပေးမယ့်ပုံစံနဲ့ အံဝင်ခွင်ကျလို့ ပေး တာပဲဖြစ်မှာပါ။ အကယ်ဒမီပွဲ ပြီး တာနဲ့ သူ့လူကိုပေးသလိုလို၊ ကိုယ့် လူကို ပေးသလိုလိုဆိုတာကြီးက အမြဲတမ်း ဖြစ်ပြီးတော့ ပြဿနာတွေ ဖြစ်တာကို အားလုံးသိတဲ့အတိုင်းပါပဲ။ အဲဒါ ကြောင့်မို့ သူတို့ပေးတဲ့ပုံစံ သူ တို့ပေး တဲ့ စနစ်တွေ သိအောင်လို့ ဒီအကယ်ဒမီမုန်တိုင်းကြီး စဲသွား အောင်ပေါ့။ အခုလို အကယ်ဒမီနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ တာဝန်ရှိ တဲ့သူတွေကပဲ ပြည်သူလူထုကို သေ သေချာချာ ရှင်းလင်းတင်ပြပေးလိုက် ရင်တော့ အကယ်ဒမီမုန်းတိုင်းကြီးက စဲသွားမယ်လို့ ထင်ပါတယ်” လို့ ဦး ဇော်မှိုင်းက သူ့အမြင်ကို ရင်ဖွင့်ခဲ့ ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*