ရန်ကုန်ဟော့ကာ

ရန်ကုန်ဟော့ကာ
March 14, 2017 Asian Fame
ရန်ကုန်ဟော့ကာ

qnicky

ရန်ကုန်ဟော့ကာသည် မိမိကိုယ်မိမိ “ဂန္တဝင်တို့၏ဂန္တဝင်” အရောင်းဈေးသည်ကြီးအဖြစ် ၂၁ ရာစု၏ online shopping ခေါ် လေလှိုင်းထဲမှ ဈေးရောင်းဈေးဝယ် ခေတ်မီပုံစံကို ဘာမထီသည့် ဇာနည် စိတ်ထားဖြင့် အံတုဗလ ပြုလျက်ရှိသည်။

” ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ပထမဆုံးပိုင်အိုးနီးယားဖြစ်ခဲ့တဲ့ ဈေးသည်ဟာ လမ်းလျှောက်ဈေးသည်ပဲ။ သည်ကနေ့ peddler လို့ ခေါ်နေကြတဲ့ ဟော့ကာဆိုသဟာ လက်မွန်မဆွ လက်ဦးဆရာ အရောင်းဈေးသည်ကြီးပဲ” ဟု ရန်ကုန်ဟော့ကာက သူ၏တပည့် မျိုးဆက်သစ် ဟော့ကာကလေးကို ခန့်ညားလေး နက်စွာ မိန့်ကြားတော်မူသည်။

” ဟုတ်ပဆရာ၊ ဟုတ်ပ.. ဘုရားရှင်လက်ထက်တော်အခါက ဝေသာလီပြည်မှာ ထင်ပေါ်ကျော်ကြား ကိုကိုကာလသားတွေ လူ ကြိုက်များခဲ့တဲ့အမ္ဗပါလီဟာလည်း လော့ကာမဟုတ်ပါလားဆရာ” ဟု မျိုးဆက်သစ်လော့ကာကလေးက ရုတ်တန်းရမ်းတုတ်လိုက်ရာ ထိုကဲ့သို့ ဖြီးတတ်ရွှီးတတ်သူကို သတင်းမှန် မရေးဘဲ သူလျှိုလျှို ဖုံးကွယ်လေတတ် သည့် ဂျာနယ်လစ်တွေထက်ပင် ပို၍ မုန်းတီးတတ်သည့် ရန်ကုန်လော့ကာကြီးသည် ချက်ချင်းဒေါသထွက် သွားသည်။

” ဟဲ့အကောင်… ပါးစပ် စည်းကမ်းမဲ့လှချေကလား။ မင်းပြောတဲ့ အမ္ဗပါလီက ဟော့ကာ hawker မဟုတ်ဘူးဟ။ ဟော့ကာဆိုသဟာ ငါတို့မင်းတို့လို သမ္မာအာဇီဝနဲ့ ဝမ်းစာရှာတဲ့ လမ်းလျှောက်ဈေးသည်ကိုခေါ်တာ။ အမ္ဗပါလီလို မိန်းမစားမျိုးကျတော့ ဟုကာ hooker လို့ ခေါ်သဟ။ ဟုကာဆိုတာက ပြည့်တန်ဆာ၊ ရှင်းပြီလား”

” ရှင်းပါပြီဆရာ။ ဆရာ့တပည့် အမိုက်အမဲကလေးကို ခွင့်လွှတ်တော်မူပါ။ ကျွန်တော့်မှာ လမ်းဘေးမှာ ထိုင်ရောင်းတဲ့ ဈေးသည်ဘဝကနေ ကွီးဖြိုး ကောင်းမှုကြောင့် လမ်းပေါ် မှာ လမ်းလျှောက်ရင်း အော်ဟစ် ရောင်းချနေရတဲ့ ဟော့ကာဘဝ ရောက်သွားခဲ့တော့ ဆရာ့လို ဝါရင့်သမ္ဘာရင့် အိုးဆားဗစ်ဟော့ကာကြီး ရဲ့ အရိပ်ကို ခိုနေရတာပါ။ ကျွန်တော့် ကို တပည့်နံပတ်တစ်အဖြစ် သင်ခန်း စာပေးပါ။ ပညာပေးပါ၊ ဆုံးမပါဆရာ” ဂျူနီယာဟော့ကာကလေးက အာသံ ညောင်နာနာ၊ မျက်နှာငိုမဲ့မဲ့ ဖြင့် နှိမ့်ချအောက်ကျို့လာသော အခါ ရန်ကုန်ဟော့ကာသည် ပုထု ဇဉ်ပီပီ မချိတင်ကဲ ဝမ်းနည်းမိရလေသည်။

” ငရို့ဟော့ကာတွေဟာ ဈေးဝယ်မထွက်နိုင်ကြတဲ့ customer များရဲ့အလိုဆန္ဒကိုတတ်နိုင်သလောက် ဝန်ဆောင်မှုပေးနေတဲ့ အကျိုးဆောင် ဈေးသည်တွေပါကွာ။ ရန်ကုန်မှာ စူပါမားကက်ကြီးတွေ ဟည်းထအောင် ပေါများလာပေမယ့် ငွေအသပြာရှာပါလို့ စူပါမားကက်မပြောနဲ့ မီနီစတိုးအနားတောင် မသီနိုင်တဲ့ ပြည်သူငမွဲတွေ အများကြီးရှိနေတယ် ငါ့တပည့်ရဲ့။ အဲသည်ငမွဲတွေဟာ ငရို့လို အော်ဟစ်လှည့်လည်ရောင်းချတဲ့ ဟော့ကာတွေကိုပဲ အားကိုးနေ ခဲ့ကြရတာ ရာစုနှစ်နဲ့ချီပြီး ကြာခဲ့ပါ ပကော င့ါတပည့်ရဲ့။ ငါကဘဝကို အောက်ခြေက စခဲ့ရတာကွ။ မြန်မာ နိုင်ငံလွတ်လပ်ရေးခေတ်ဦးမှာ ငါ့ရဲ့ ဟော့ကာဘဝကို နိဒါန်းပျိုးခဲ့တာ။ ရပ်ကွက်တွေထဲမှာ လှည့်ပြီး ငါ လျှောက်အော်တယ်။ ပထမဆုံး ငါစရောင်းတဲ့ကုန်ပစ္စည်းကတော့ (ရေနံဆီ၊ ဓာတ်ဆီ၊ မီးခြစ်ကျောက်နဲ့ အဖျားဖြတ်ဆေး)ဆိုတဲ့ ကုန်ပစ္စည်း လေးမျိုးပဲ။ ဟိုတုန်းက လျှပ်စစ်မီး မပြည့်စုံကြသေးလို့ ရေနံဆီမှန်မီး အိမ် သုံးကြရတယ်။ ဂက်စ်မီးခြစ် မပေါ်သေးလို့ ဓာတ်ဆီနဲ့ မီးခြစ် ကျောက်သုံးတဲ့ မီးခြစ်တွေသုံးခဲ့ကြရ တယ်။ ခုခေတ်လို အိမ်သုံးဆေးဝါး တွေကို စည်းမဲ့ကမ်းမဲ့ ရောင်းတဲ့ကွမ်းယာဆိုင်တွေ မရှိသေးလို့ နှာစေး ချောင်းဆိုးပျောက်ဆေး၊ အဖျား ပျောက်ဆေးတွေကို ရပ်ကွက်ထဲမှာ အော်ဟစ်ရောင်းချခဲ့ရတယ်။ ငရို့ ဟော့ကာတွေဟာ အဲသလိုမျိုးနည်းနဲ့ လူမှုအဖွဲ့အစည်းတွေကို ကောင်းကျိုး ပြုခဲ့တဲ့ လူမှုထူးချွန်ဟော့ကာတွေပါ ” ရန်ကုန်ဟော့ကာက လမ်း လျှောက် ဈေးသည်တို့ဘဝ ကြီးမြတ်တင့်တယ်ပုံကို ဤသို့ဤနှယ် ဋီကာ ချဲ့တော်မူသည်။

” ဆရာပြောတာနဲ့ပဲ ကျွန်တော်တောင် ဟော့ကာဘဝကို ဂုဏ်ယူပြီးဘဝင်မြင့်ချင်သလိုလို ဖြစ်သွားမိပါတယ် အဟီး”
” ဘဝင်မမြင့်နဲ့ ကောင်ကလေး။ ဘဝင်မြင့်ရင် ဂေါက်တတ်တယ်။ ဂေါက်ရင် ရွာသာကြီးဆေးရုံကို ရောက်သွားမယ်။ ဘာမှတ်လဲ”
” ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ အခွန်းပေါင်းတစ်ထောင်ပါဆရာ” ဟု မျိုးဆက်သစ်ဟော့ကာကလေးက ပိုက်ဆံမကုန်သောနည်းဖြင့် ဖားလိုက်သဖြင့် ရန်ကုန်ဟော့ကာကြီး မှာ ကျိတ်၍ဘဝင်မြင့်သွား၏။ “ဖားတယ်ဆိုတာ ကမ္ဘာဦးနီတိပဲ” ဟူ၍ လည်း ကိုယ့်ဘက်ကိုယ်ယက်ပြီး တွေးလိုက်သည်။ ” ဒါပေါ့ကွ ဆရာ့စကား နားထောင်ငြားသော် ကုလားတရုတ်အမြတ်ထုတ်၏ (အဲလေဟုတ်ပေါင်) ဆရာ့စကား၊ နားထောင်ငြားသော် သံပြားကျောက်စောင်း၊ ကျိုသော် ပျောင်း၏တဲ့ကွ၊ မှတ်ထား”

” ဟုတ်ကဲ့ ဟုတ်ကဲ့ဆရာ”

မျိုးဆက်သစ်ကလေးက ဘာမှန်းမသိဘဲ ” ဟုတ်ကဲ့” လိုက်ပြန်သည်။ ရန်ကုန်ဟော့ကာကတော့ သူ့တပည့်ထံမှ “ဟုတ်ကဲ့” သံကြားနေလျင် ကျေနပ်ဝမ်းမြောက်နေသည်သာဖြစ်၏။ သူ့ကိုယ်သူလည်း တပည့်မွေးတတ်သည့်နေရာတွင် ဂဠုန်ဦးစောထက်ပင် တော်သူဟုခံယူထားသည်။ သူကဆက်လက် ညွှန်ကြားပုံမှာ ….

” ငရို့ဟော့ကာတွေ ဖြည့်ဆည်း လေးရမယ့် ဟာကွက်ကြီးတစ်ခုစာပေလောက ဖြစ်ပေါ်နေသကွယ့်။ လူတွေ စာဖတ်အားနည်းလာကြ တာမို့ မြန်မာစာပေလောကကြီးမှာ အက်ကြောင်းတွေထနေပြီး စာမဖတ်တတ်ကြတဲ့အတွက် စိတ်နှလုံး ယဉ်ကျေးမှု ခကူအကမန ကျဆင်းလာပြီး ရာဇဝတ်မှုတွေ ထူပြောလာတယ်။ ဘာတယ်ညာတယ်နဲ့ ပြင်ညာရှိတဲ့ ငနဲ တွေက သတင်းစာဂျာနယ်တချို့ မှာ ရေးနေကြတယ်”

” အလကားပါဆရာ စာမူခ လိုချင်လို့ လျှောက်ရေးနေကြတာပါ “

” င့ါတပည့်ပြောတာ ဟုတ်လောက်တယ်။ ဘာပဲပြောပြော မြို့ တော်ရန်ကုန်မှာ တရုတ်ဆိုင်ကြီးတွေဟာ တစ်ဆိုင်ပြီးတစ်ဆိုင် အပြိုင် အဆိုင် ဝင့်ြ<ွကားတောက်ပစွာ ပေါ် ထွက်လာနေတာကိုကြည့်ပြီး ဟို ငနဲတွေပြောသလို မြန်မာ့စာပေ လောကကျဆင်းတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ငါဆရာသုံးသပ်မိသကွာ။ အခုဆိုရင် လမ်းမတော် တရုတ်တန်း ဘက်မှာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စာအုပ်ရေ သိန်းချီပြီး ခင်းကျင်း ရောင်းချမယ့် စာအုပ်ပလာဇာကြီးရှိနေပြီ။ စီစဉ်တဲ့ လူငယ်စာရေးဆရာ ကလေးက မြေမှုန်လွင့်ဆိုလားကွယ်”

” မြေမှုန်လွင်ပါဆရာ။ တရုတ်တန်းမှာ စာအုပ်ပလာဇာကြီး သွားဖွင့်ပုံထောက်ရင် တရုတ်တွေက ဗမာတွေထက်ပိုပြီး စာဖတ်ဖို့ဖြစ်မယ်”
“တရုတ်တွေက ငွေပေါတော့ စာအုပ်ဝယ်နိုင်တာကိုးလကွ”
” အဲတော့ မြန်မာစာအုပ်လော က တိုးတက်လာအောင် တရုတ်တွေ ခုထက်ခုထက် ပိုပိုပြီးချမ်းသာပါ စေလို့ ဆုတောင်းပေးရမှာပေါ့နော်”

” ဟဲ့နွား၊ ကိုယ့်မြန်မာတွေ ချမ်း သာအောင်တော့ ဆုမတောင်းဘဲနဲ့ ချမ်းသာပြီးသား တရုတ်တွေ အတွက် ဆုတောင်းရတယ်လို့။ မင်းဟာ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက် ခြင်းမရှိတဲ့ ပြည်ပအားကိုး ပုဆိန် ရိုးပဲ။ မင်းမှတ်ထား။ တရုတ်တွေ ချမ်းသာလေလေ ဒို့ဗမာတွေ မွဲလေလေပဲ”

” သဘောပေါက်ပါပြီဆရာ။ တရုတ်တန်းမှာ စာအုပ်ပလာဇာ ဖွင့်တဲ့အတွက် စာအုပ်ဈေးတွေတော့ တက်ကုန်ကြဦးမှာပဲ ဘုရားဘုရား”

ရန်ကုန်ဟော့ကာသည် သူ့ တပည့်ပါးစပ်ကို လှမ်းပိတ်လိုက် ပြီးနောက် သူညွှန်ကြားလိုသည်များကို ဆက်လက်ညွှန်ကြားနေရာမှ ” မြန်မာ့ စာအုပ်လောက ကယ်တင်နိုင်မှာ ငရို့ဟော့ကာတွေပဲ ရှိတော့တယ်” ဟု စကားကို အဆုံးသတ်လိုက်၏။ များမကြာမီရက်များအတွင်း ရန်ကုန်ဟော့ကာ၏ နံပတ်တစ် တပည့် ဟော့ကာကလေးသည် လက် ကျန် လှည်းကလေးတွန်းကာ ဆင်းရဲသား ရပ်ကွက်များအတွင်း စာအုပ်များကို အော်ဟစ်ရောင်းချနေသည်။

” ကမ္ဘာ့ရောင်းအားအကောင်းဆုံး သူဋ္ဌေးဖြစ်နည်းစာအုပ်ကြီးခင်ဗျ။ တစ်အုပ်မှကျပ်နှစ်ရာတည်းရယ်” မြို့သစ်တစ်မြို့မှ အစွန်အဖျား ရပ်ကွက်တစ်ခုအရောက်မှာ ..

” ဂကာမတဏှာတွေ ကာမတဏှာတွေ ” ဟု သူကစာအုပ်ကို မြှောက်ပြ ဝှေ့ယမ်းရင်းအော်ဟစ်ပြန်သည်။ မကြာမီတုတ်ဓားများဖြင့် လူအုပ်ကြီး ပေါ်ထွက်လာကာ “ဒီငနဲကြောင့် မုဒိန်းမှုတွေတိုးလာတာ” ဟု အော်ပြီး ဝိုင်းလိုက်ကြသဖြင့် ဟော့ကာကလေး ပြေးရရှာတော့သတည်း။

ဂကာမတဏှာ = ဝန်ကြီးချုပ်ဟောင်းဦးနု
ဝတ္ထုစာအုပ်အမည်

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*