စံရတီမိုးမြင့် ရဲ့ သင်္ကြန်ဖီလင်

စံရတီမိုးမြင့် ရဲ့ သင်္ကြန်ဖီလင်
March 14, 2017 Asian Fame
စံရတီမိုးမြင့် ရဲ့ သင်္ကြန်ဖီလင်

SanYaTiMoeMyintသရုပ်ဆောင် စံရတီမိုးမြင့်က ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် “သင်္ကြန်အလွဲများ”Mini Series မှာ အွန်လိုင်းပေါ်က ဟာသ ဗီဒီယိုတွေ နဲ့ နာမည်ကျော်နေတဲ့ Kelvin Kate နဲ့အတူ ပါဝင် သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်း တွဲကတော့ အွန်လိုင်းမှာ ဖြန့်ချိ သွားမှာဖြစ်ပြီး ဒီလို သင်္ကြန်ဇာတ်လမ်းတွဲ ရိုက်ကူးရတဲ့ အပေါ် စံရတီမိုးမြင့်ရဲ့ သင်္ကြန်ခံစားချက်က…

“သဲသဲက ဒီဇာတ်လမ်းတွဲ မှာ တစ်ပိုင်းပါဝင်မှာပါ။ အဓိကက Kelvin Kate  ပေါ့။ သင်္ကြန်ပုံစံဟာသ အရောလေးပါ။  Kelvin Kate က အစ ကတည်းက အွန်လိုင်းမှာ သူ့ရဲ့ဟာသ ဗီဒီယိုတွေက ပေါက်တယ်လေ။ ဒီဇာတ်လမ်းလေး ကိုလည်း အွန်လိုင်းမှာ တင်တဲ့ အတွက် ကောင်းပါတယ်။ သဲသဲလည်း အွန်လိုင်းမှာ ဟာသလေးတွေ ကြည့်ဖြစ်ပါတယ်။ သဲသဲ ကတော့ သင်္ကြန်ရောက်ပြီဆို ပျော်တယ်။ Relax  လည်းဖြစ်တယ်။ အ ပြင်ထွက် ချင်ရင်လည်း ထွက်လို့ရတယ်။ အိမ် မှာနေချင်ရင်လည်း နေမယ်။ ဒီလို Feeling  မျိုးကို ကြိုက်တာ ပါ။ သူငယ်ချင်းတွေနဲ့လည်း ဒီနှစ်ရှိဖို့ များပါတယ်”လို့ ပြောပြပါတယ်။ သင်္ကြန်အလွဲများ ဇာတ်ကားကို တော့ မတ်လ ၁၁ရက်နေ့မှာ စတင် ရိုက်ကူးမှာဖြစ်ပါတယ်။

လတ်တလော မှာတော့ စံရတီမိုးမြင့်က ကျန်းမာရေး အတွက် အဓိကထားပြီွးပာ ဆော့နေသလို နွေရာသီဖြစ်တဲ့ အတွက်လည်း အသားအရေပိုင်း ကာကွယ် ထိန်းသိမ်းမှုကို သေသေချာချာလေး ပြုလုပ်နေတယ် လို့ ဆိုပါတယ်။

“ဒီနှစ်နွေရာသီက ပူပြင်းတဲ့ အတွက် သဲက အသားမည်းမှာကို ကြောက်တယ်။ ဒါကြောင့် ရေများများ သောက်တယ်။ Sun Cream  တွေလည်း လိမ်းပါတယ်။ ဖြစ်နိုင်ရင် အရိပ်ထဲမှာ နေတာများတယ်။ အသားက မည်းသွားရင် ပြန်ဖြူလာနိုင်ပေမယ့် မျက်နှာက မှဲ့ ခြောက်တွေ ဘာတွေထွက်လာရင် အလှအပအတွက် မကောင်း ဘူးလေ။ သဲက Gym တော့ဆော့တယ်။ အမြဲတမ်း သွားတာမျိုး မဟုတ်ပါဘူး။ Gym ဆော့တော့ ဝိတ်ပိုကျသွားတာမျိုး မဖြစ် ပါဘူး။ ဒါပေမဲ့ နေလို့ ထိုင်လို့ ပိုကောင်းလာတယ်။ အရင်ကဆို ရှုတင် ရောက်တာနဲ့ ပင်ပန်းပြီး အားကုန် သလို ခံစားရတယ်။ အခုတော့ လှေကားတက်တာက အစသိသာတယ်။ အမောခံ နိုင်လာတယ်။ အဓိကက အလှအပ ထက် ကျန်းမာရေး အတွက်ပဲ လုပ်ဖြစ်တယ်” လို့ စံရတီမိုးမြင့်က ပြောပြပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*