ကိုယ်တိုင်ငွေစိုက်ထုတ်ပြီး ဇာတ်ကားရိုက်ကူးချင်တဲ့ ဇော်ဦး

ကိုယ်တိုင်ငွေစိုက်ထုတ်ပြီး ဇာတ်ကားရိုက်ကူးချင်တဲ့ ဇော်ဦး
March 14, 2017 Asian Fame
ကိုယ်တိုင်ငွေစိုက်ထုတ်ပြီး ဇာတ်ကားရိုက်ကူးချင်တဲ့ ဇော်ဦး

Zaw Oo

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဇော်ဦးက ဒါရိုက်တာ ဇော်မျိုးရိုက်ကူးတဲ့ “အမည်ပေါက်နှင့်ကျူး” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ဖြစ်တဲ့ အကြောင်းကိုလည်း ဇော်ဦးက ..

” အမည်ပေါက်နှင့်ကျူး ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရတဲ့ အကြောင်းကတော့ ဒါရိုက်တာ ဇော်မျိုးက ဦးရဲ့ထိန်းချုပ်မှုအောက်မှာ နေလာခဲ့တဲ့ ကလေးဖြစ်တယ်။ ဒါကြောင့် သူ ပထမဦးဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အမှတ်တရအနေနဲ့ ပါဝင်ဖြစ်တာပါ။ ဒီဇာတ်ကားက လူတွေရဲ့ အမြင်၂ မျိုးကို ပြသွားမယ်။ ဆိုလိုတာက ကိုယ်ပိုင်တဲ့မြေ မဟုတ် ဘဲနဲ့ ကျူးကျော်ဝင်ရောက်နေထိုင်တဲ့ သူတွေက နေစရာမရှိလို့ မတတ်သာလို့သာ နေရတယ်။ အဲဒီဒုက္ခ တွေ ကြားထဲမှာ ပျော်အောင်နေရတဲ့ အကြောင်းကိုပြမယ်။ နောက် ၁မျိုး က တကယ်ပိုင်ဆိုင်တဲ့သူရဲ့ အမြင်မှာ ဒါကမတရားတာပဲ။ အဲဒီ အကြောင်းတွေကို ရိုက်ကူးပုံဖော်သွားမှာပါ” လို့ ဆိုပါတယ်။

အနုပညာလောကမှာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ သရုပ်ဆောင် ဇော်ဦးက ကိုယ်တိုင်ပိုက်ဆံရှိရင် ကိုယ်တိုင်ငွေစိုက်ထုတ်ပြီး ရိုက်ကူးချင်တဲ့ ဇာတ်လမ်းမျိုးရှိတယ်လို့ သိရပါတယ်။

” ဦးပထမဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားနာမည်က “သီရိဂေဟာ” ဗီဒီယိုဇာတ်ကားပါ။ အနုပညာလောကထဲကို ဝင်လာတဲ့ ခုနှစ်ကိုတော့ မမှတ်မိတော့ဘူး။ ကိုယ်မသိဘဲ ရိုက်ကူးနေတာကတော့ မွေးကတည်းကပါပဲ။ အမေကလေးမွေးပြီး ဆေးရုံဆင်းတော့ တစ်ပတ်ကြာမှာ ကလေးလိုလို့ဆိုပြီး ခေါ်ရိုက်ကူးတာ ခံခဲ့ရတယ်။ ဦးအနေနဲ့ ဒီအချိန် ဒီကာလရောက်လာပြီဖြစ်တဲ့အတွက် ကိုယ်တိုင်ရိုက်ကူးချင်တဲ့ ဇာတ်ကားမျိုးတွေလည်း ရှိပါတယ်။ ပိုက်ဆံသာရှိရင် ရိုက်ကူးလိုက်ချင်ပါတယ်။ သူများနဲ့ မတူတဲ့ ကာရိုက်တာလေးတွေပါပဲ” လို့ သရုပ်ဆောင် ဇော်ဦးက ပြောပါတယ်။

အခုချိန်ထိ သရုပ်ဆောင် ဇော်ဦးဆိုပြီး ဖြစ်လာတာကို ဂုဏ်ယူမိတယ်လို့ပြောလာပါတယ်။ ဦးဇော်ဦးက သူ့ရဲ့ မျှော်လင့်မှုတွေထဲမှာ အကယ်ဒမီမပါဘူးလို့ ပြောလာပါ တယ်။ ” ဘယ်လိုပဲပြောပြော ဒီအခြေ အနေထိ ဇော်ဦးဆိုပြီး ရပ်တည်နိုင်တာကို ဂုဏ်ယူမိတယ်။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်။ ရေရှည်မှာ ပျောက်ကွယ်မသွားဘဲ အခုထိ အနုပညာအလုပ်လုပ်နိုင်တာဟာ ပရိသတ်ရဲ့ ကျေးဇူးတွေကြောင့် ပါ။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်။ ဒါပေမဲ့တစ်ခြား အရာတွေ မျှော်လင့်ချင် မျှော်လင့်မယ်။ ဇော်ဦးမျှော်လင့်တဲ့အထဲမှာ အကယ်ဒမီမပါဘူး” လို့ ဆိုပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*