နွေရာသီ မီးဘေးအန္တရာယ် နဲ့ ရေရှားပါးမှု ပြဿနာ

နွေရာသီ မီးဘေးအန္တရာယ် နဲ့ ရေရှားပါးမှု ပြဿနာ
March 13, 2017 Asian Fame
နွေရာသီ မီးဘေးအန္တရာယ် နဲ့ ရေရှားပါးမှု ပြဿနာ

နွေရာသီရောက်ပြီဆိုရင် လူတိုင်းကြုံတွေ့ရမယ့် လူမှုပြဿနာရပ်တစ်ခုကတော့ ရေရှားပါးမှု ပြဿနာပဲဖြစ်ပါတယ်။ ဒါ့အပြင် အလွန်ပူပြင်းတဲ့ နွေအပူဒဏ် ကြောင့် ကျန်းမာရေးထိခိုက်မှုများလည်း ဖြစ်စေနိုင်ပြီး အရေပြားရောဂါများ ထူပြောဖြစ်ပွားစေနိုင်ပါတယ်။ အခုနှစ် နွေရာသီဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့အတူ အိုဇုန်းလွှာ ပေါက်မှုတို့ကြောင့် အရင်နှစ် နွေရာသီထက် အဆမတန် ပိုပူပြင်း ခြောက်သွေ့မှုဒဏ်ခံကြရမှာဖြစ်သလို နိုင်ငံအဝှမ်းမှာလည်း မီးဘေးအန္တရာယ်နဲ့ ရေရှားပါး မှုပြဿနာများ ကြုံတွေ့ ကြရမယ်လို့ သတင်းမီဒီယာအစီအစဉ်တို့ကနေ ကြိုတင်ကာကွယ်ကြဖို့ အသိပညာပေး နှိုးဆော်တိုက်တွန်းထား ကြတာတွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ် နွေရာသီမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် မီးဘေးအန္တရာယ်နဲ့ ရေရှားပါးမှုပြဿနာ ရင်ဆိုင်ကြုံရတဲ့အခါ ကြိုတင်ပြင်ဆင် ဖြည့်ဆည်းကာကွယ်ထားကြဖို့ အနုပညာရှင်တို့ရဲ့ အကြံပြုစကားသံတွေ မေးမြန်းကာ စုစည်းဖော်ပြလိုက်ရပါတယ်။

yadanarbo

ရတနာဗို

ညီမတို့မြန်မာနိုင်ငံက အပူပိုင်းရာသီဥတုထဲမှာပါတယ်။ ဒါကြောင့် ပရိသတ်ကြီးကို ကျန်းမာရေး ဂရုစိုက်စေချင်တယ်။ နွေရာသီမှာဆိုရင် မီးလောင်မှုတွေလည်း ဖြစ်တတ် တယ်။ ဒီလိုမျိုးတွေ ကြားရရင် တကယ်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ မီးလောင် တယ်ဆိုတာက တစ်ခါတလေမှာကိုယ့်ရဲ့ ပေါ့ဆတဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်သွားသလို၊ ဖြစ်ချိန်တန်လို့ ဖြစ်ပျက်သွားတာမျိုးတွေလည်းရှိတယ်။ ဘာပဲပြောပြော မဖြစ်တာက အကောင်းဆုံးပါပဲ။ မီးဘေးအန္တရာယ်မဖြစ်အောင် သတိဝီရိယနဲ့ နေသင့်ပါတယ်။ ဖြစ်သွားပြီ ဆိုရင် ဆုံးရှုံးနစ်နာမှုတွေ အများကြီးပါ။နွေရာသီ နယ်တွေမှာပူတော့ ရေတွေလည်းရှားတယ်။ အခုတော့ တော်တော်များများ အလှူရှင်တွေလည်း ပေါ်လာကြပါတယ်။ ပရဟိတ လုပ်ငန်းတွေကလည်း အများကြီးလုပ်ဆောင်ပေးကြတော့ ဝမ်းသာရပါတယ်။

khantsithu

ခန့်စည်သူ

မီးဘေးကတော့ ဂရုစိုက်ရမှာပေါ့။ နွေရာသီ ရောက်မှ ဂရုစိုက်ရမှာတော့မဟုတ်ဘူး။ ဟိုးအရင် ခေတ်အဆက်ဆက်ကတည်းက မီးတွေလောင်လာခဲ့တာလေ။ အဓိကတော့ သတိပေါ့ဆမှုနဲ့ စည်းကမ်းမဲ့မှုကြောင့် ဖြစ်တာပေါ့။ သူခိုးခိုးရင်တောင် အစုတ်ကျန်နိုင်သေးတယ်။ မီးလောင်ရင်တော့ ဘာမှမကျန်နိုင်ဘူး။ ဒီ နှစ် နွေရာသီမှာတော့ မီးဘေးလည်းသတိထားရမယ်။ ကျန်းမာရေးလည်း ဂရုစိုက်ရမယ်။ အပူဒဏ်လဲပိုပြင်းထန်မယ်လို့ကြားရတယ်။ ရာသီဥတုဘေးလဲ ဂရုစိုက်ရပါမယ်။

shwe poe aim

ရွှေပိုးအိမ်

ဒီနှစ်နွေရာသီက အရင်နှစ်တွေ ထက်ပူတယ်။ ဒါကြောင့် ရွှေပိုးအနေနဲ့ ကျန်းမာရေးကို သေချာလေး ဂရုစိုက်ဖြစ်ပါတယ်။ ရွှေပိုးတို့ အဲကွန်းခန်းထဲမှာ နေတာများတယ်။ အပြင်ထွက်ခါ နီးဆိုရင် အဲကွန်းပိတ်ပြီး ခဏကြာမှထွက်တယ်။ နေပူထဲက လာပြီး ရေခဲရေသောက်တာကိုလည်း ရှောင်တယ်။ အဝတ်အစား ကိုလည်း ပါးပါးလေးတွေ ဝတ်ဆင်ဖြစ်တယ်။ ပရိသတ်တွေလည်း ဒီအတိုင်း နေထိုင်စေချင်ပါတယ်။ ဒီနှစ်က တအားပူတဲ့အတွက် ရေကိုလည်း ချွေတာသုံးသင့်ပါတယ်။ ရေကိုသုံးသင့်သလောက်ပဲ သုံးပြီး စုဆောင်းထားသင့်ပါတယ်။

Poe Ei Ei Khant

ပိုးအိအိခန့်

ဒီနှစ်နွေရာသီက အရမ်းပူတော့ ပိုးအိအနေနဲ့ အဝတ်အစားကို ချည်သား တွေ ဝတ်ဖြစ်တယ်။ နွေရာသီမှာပေါ့ ပေါ့ပါးပါးလေး ဝတ်တာ ပို အဆင် ပြေတယ်။ နေလောင်ဒဏ်ကို ကာ ကွယ်တဲ့ အရာတွေဖြစ်တယ်။ ပရိသတ် တွေ အနေနဲ့လည်း အပြင်ထွက်မယ် ဆိုရင် ထီး ဒါမှမဟုတ် ဦးထုပ်ယူ သွားသင့်တယ်။ ပြီးတော့ နေပူ ထဲမှ ပြန်လာရင် ချက်ချင်း ရေ မချိုးသင့်ဘူး။ ဒီနှစ်မှာလည်း ရေရှားပါးမှုတွေ ဖြစ်နိုင်တဲ့ အတွက် ရေကိုလည်း ကိုယ်လိုသလောက်ပဲ သေချာသုံးစွဲသင့်ပါ တယ်။

pwint

ပွင့်

မီးဘေးအန္တရာယ်က တကယ်ကို ကြောက်စရာကောင်းပါတယ်။ ရန်သူ ငါးပါးထဲမှာလည်းတစ်ခုအပါအဝင်ပါ။ ဒါကြောင့် မီးဘေးအန္တရာယ်မကြုံရလေ အောင် ကြိုတင်ကာကွယ်သင့်ပါတယ်။ ဒီလိုပါပဲ။ ရေဆိုတာလည်း လူတွေအတွက် အရေးကြီးဆုံးပါ။ ရေကိုတော့ အလကားအကုန်ခံတာမျိုး မလုပ်သင့်ဘူး။ ကိုယ့်မှာ ပိုလျှံလာရင်တော့ ရေရှား တဲ့နေရာတွေကို ရေတွင်း၊ ရေကန်လေးတွေဆောက်ပြီး လှူတာမျိုး လုပ်စေချင်တယ်။

Nan Thuzar

နန်းသူဇာ

အဓိကကတော့ ရေရှားပါးမှု ပြဿနာပေါ့။ နေရာဒေသ တော်တော်များများမှာ ဒီဒုက္ခကို ခံစားကြရတယ်။ အဲဒီအတွက် ရေ ကို စနစ်တကျ သုံးဖို့လိုအပ်လာသလို လို အပ်တဲ့နေရာဒေသတွေမှာ ရေလှူဒါန်းဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက နွေရာသီမှာ အပူဒဏ်ကို ကာကွယ် ဖို့ပါ။ ဒီအချိန်မှာ မီးဘေး အန္တရာယ်ကလည်း ဂရုစိုက် ရမယ့် အနေအထားဆိုတော့ မီးသတိပြုဖို့လိုအပ်ပါတယ်။ အခုဆိုရင် ဒါဟာ ၃နှစ်မြောက်ပူမယ့် နွေလို့ ထင်တယ်။ ဘယ်လောက် ပူလာမလဲတော့ မသိဘူး။ အဲဒီအခါကျတော့ အများကြီး ပြင်ဆင်ထားဖို့လိုပါတယ်။

ပေါ်ပြူလာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*