အေးမြတ်သူရဲ့ အကယ်ဒမီ ဖက်ရှင်

အေးမြတ်သူရဲ့ အကယ်ဒမီ ဖက်ရှင်
March 13, 2017 Asian Fame
အေးမြတ်သူရဲ့ အကယ်ဒမီ ဖက်ရှင်

AyE-MyAt-ThUနှစ်စဉ် အကယ်ဒမီ ပေးပွဲ ရောက်တိုင်း အနုပညာရှင်တွေ ရဲ့ အကယ်ဒမီ ပွဲတက် ဖက်ရှင်တွေကို ပရိသတ်တွေ စိတ်ဝင် တစား စောင့် မျှော်ကြည့် ရှုကြလေ့ ရှိပါတယ်။ အကယ်ဒမီပွဲ နားနီးလာပြီ ဆိုရင်တော့ ဒီဇိုင်နာတွေရော အနုပညာရှင်တွေ ပါ ပွဲတက် ဖက်ရှင် အတွက် အပြိုင် အဆိုင်ဖန်တီးနေ ကြပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အနုပညာရှင် တော်တော်များများ ရွှေနဲ့ဖန်တီး ထား တဲ့ ရွှေ ဝတ်စုံ ဖက်ရှင်များ ဝတ်ဆင်ကြမယ် လို့လည်း ကြားသိနေရပါတယ်။ နောက်ထပ် နာမည်ကျော် ဒီဇိုင်နာတွေကော ဘယ်လို ဝတ်စုံတွေ ဖန်တီးသွား မလဲဆိုတာကိုလည်း စိတ်ဝင်စားလျက် ရှိကြပါတယ်။

ဒီနှစ်မှာ အကယ်ဒမီ တစ်ကြို ပေးခံထားရတဲ့ သရုပ်ဆောင်အေး မြတ် သူကလည်း အကယ်ဒမီပေးပွဲ ဆိုရင် နှစ်စဉ် နှစ်တိုင်း နာမည်ကျော် ဒီဇိုင်နာ  မိုးကုတ်ပေါက်ပေါက် ဖန်တီးတဲ့ ဝတ်စုံနဲ့ အကယ်ဒမီ ပွဲတက်ရောက်လေ့ ရှိ ပါ တယ်။ ဒီနှစ်အတွက်လည်း ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က ဖန်တီးနေပြီဖြစ် ပြီး အကယ်ဒမီ ဖက်ရှင်နဲ့ပတ်သက်ပြီး ဒီဇိုင်နာရဲ့ဖန်တီးမှုကို ဝင်စွက်ဖက်လေ့ မရှိကြောင်း ပြောပါတယ်။

“အကယ်ဒမီ အတွက် အမှန်အတိုင်းပြောရရင် မပြင်ဆင်ရသေးပါဘူး။ နှစ်တိုင်းလည်း အန်တီပေါက်က စီစဉ်ပေးတယ် ဆိုတော့ ဘာမှ ဝင်မစွက်ဖက်ဘူး။ အန်တီ ပေါက်က သူကြိုက်တဲ့ ဒီဇီုင်း၊ အေးမြတ်သူနဲ့ သင့်တော်မယ့် ဒီဇိုင်းကို အမြဲတမ်း စီစဉ်ပေးပါတယ်။ အန်တီပေါက် ဆီက ထွက်လာတဲ့ ဝတ်စုံနဲ့ လိုက် ဖက်မယ့် ဆံပင်ထုံးဖွဲ့မှုနဲ့ မိတ်ကပ် အပြင်အဆင်ကို အန်တီညီမောင် (ညီညီ မောင် (စမ်းချောင်း) က စီစဉ်ပေးမှာပါ။ လက်ဝတ်ရတနာကှို့She Shine က ပေးမယ်ဆိုတော့ အေးမြတ်သူက ဘာမှ သိပ်စီစဉ်စရာ မရှိပါဘူး” လို့ အေးမြတ် သူက ပြောပါတယ်။

P060

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*