
အဆိုတော် Rဇာနည်က အခုနှစ် သင်္ကြန် အတွက်တော့ ဘယ်မှာရှိမယ် ဆိုတာ အတိအကျပြောလို့ မရနိုင်သေးဘဲ ရန်ကုန် ဒါမှမဟုတ် နယ် တစ်ခုခုမှာ ရှိနေမယ်လို့ သိရပါ တယ်။ အခုနှစ် သင်္ကြန်မှာလည်း အရင်နှစ်များထက် မဏ္ဍပ် များ လျော့နည်းမယ့် အနေအထား ရှိတာကြောင့် ဒီအပေါ်မှာ Rဇာနည်ရဲ့ အမြင် ကိုမေးကြည့်တော့…
“မဏ္ဍပ်တွေ နည်းသွားတဲ့ အတွက် အဆိုတော်တွေ အနေနဲ့ နည်းနည်းတော့ အခက် အခဲလေးတွေ ဖြစ်တာပေါ့။ ဒါပေမဲ့လည်း ဒီလို အပြောင်းအလဲတွေ ဆိုတာ ကျွန်တော်တို့ ဘဝ တစ်သက်မှာ အမြဲပြောင်းလဲနေတာ ဖြစ်တဲ့အတွက် အဲဒီ အပြောင်းအလဲပေါ်မှာပဲ အကောင်းဆုံး ဖြစ်အောင်လိုက် ပြီး အားလုံးကနေထိုင်ကြရတာပါပဲ”လို့ Rဇာနည်က ပြော ပါတယ်။ ဆက်လက်ပြီး လတ်တလောမှာ အခွန်ဆောင်ခြင်း ကိစ္စတွေ အပေါ် ပရိသတ်တွေလည်း စိတ်ဝင်စားမှု ရှိကြ တာကြောင့် ပုံမှန်နှစ်စဉ် အခွန်ဆောင် ဖြစ်ပါတယ်ဆို တဲ့ Rဇာနည် ကိုလည်း ဒီအကြောင်း ဆက်မေးကြည့်တော့…
“အခွန်ကတော့ ဒီတိုင်းပြည် မှာနေရင် တိုင်းပြည် အခွန်တော့ ဆောင်ရမှာပဲ။ ဘာကြောင့် ဆောင်သင့်တယ် ဆိုတဲ့ အကြောင်းကတော့ အကြောင်း အရာတွေ အများကြီး ရှိတယ်။ အဲဒီတော့ ဒီအပေါ် မှာတော့ ဘာကြောင့် ဆိုတာ အတိအကျ မပြောတတ်ဘူး။ ဒါပေမဲ့ တိုင်းသူပြည်သား တစ်ဦးအနေနဲ့ အခွန်ကတော့ ဆောင်သင့်ပါ တယ်”လို့ ပြောပါတယ်။ Rဇာနည်က သူ့ရဲ့ နောက်ဆုံး ထွက်ရှိထား ခဲ့တဲ့ စီးရီးသစ် “ကမ္ဘာသား”ရဲ့ MTV ကိုလည်း သင်္ကြန် အပြီးမှာထွက်ရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ လည်းသိရပြီး လောလောဆယ် မှာတော့ နှစ်ပုဒ်ပဲ ရိုက်ကူးဖို့ ကျန်တော့တယ် လို့လည်း သိရပါတယ်။
“သင်္ကြန်အပြီး ဆိုပေမယ့် ပြီးပြီးချင်းလည်း ဖြစ်ချင်မှ ဖြစ်မယ်။ ဘယ်အချိန် ဆိုတာအတိ အကျတော့ ပြောလို့မရဘူး။ ဒါပေမဲ့ သေချာတာ က ဒီနှစ် ထဲ မှာတော့ ထွက်လာမှာပါ” လို့ Rဇာနည်က ပြောပြခဲ့ ပါတယ်။
ရဲရဲ