ယခုနှစ်မှာရေရှားပါးမှုဖြစ်ခဲ့ရင်လည်း ရေလှူဦးမယ့် သားစိုးတို့ အဖွဲ့ 

ယခုနှစ်မှာရေရှားပါးမှုဖြစ်ခဲ့ရင်လည်း ရေလှူဦးမယ့် သားစိုးတို့ အဖွဲ့ 
March 13, 2017 Asian Fame
ယခုနှစ်မှာရေရှားပါးမှုဖြစ်ခဲ့ရင်လည်း ရေလှူဦးမယ့် သားစိုးတို့ အဖွဲ့ 

Thar Soe 1 (1)

နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှု ပြဿနာနဲ့  ကြုံတွေ့ချိန်တိုင်း နိုင်ရာနေရာက ပါဝင်ပြီး ရေအလှူပေးနေကြတဲ့ အဖွဲ့တွေထဲမှာ သားစိုးနဲ့ သူငယ်ချင်း အနုပညာရှင်များအဖွဲ့  ဟာလည်း နှစ်စဉ်လို လိုအပ်တဲ့ နေရာတွေ အတွက် ရေလှူဒါန်း နေ ကျဖြစ်ပါတယ်။ သူတို့အဓိက လှူဒါန်းဖြစ်တာကတော့ ရေရှားပါးမှု အမြဲကြုံတွေ့ရတဲ့ဒလမြို့နယ် တစ် ဝိုက် ကို နှစ်စဉ်လှုဒါန်းဖြစ်ပြီး ယခုနှစ်မှာလည်း ရေရှားပါးမှုကြုံတွေ့လာတဲ့အခါသွားရောက် လှူဒါန်း ဦးမှာဖြစ်တယ်” လို့ သိရပါတယ်။

” ဒီနှစ်အတွက်လည်း ကျွန် တော်တို့ အခု တိုင်ပင်နေကြပါတယ်။ အဓိကအားဖြင့်တော့ ဒလဘက်ကို သွားဖြစ်မယ်။ဒါပေမယ့် ဒီနှစ်မှာ ရန်ကုန်မှာပါ ရေပြတ်မယ် ကြား တယ်။ အဲ့ဒီတော့ အားလုံးတော့ တိုင်ပင်နေကြပါတယ်။ ဒလမှာတော့ ရေစုဖို့အုတ်ကန်တွေလည်း ဆောက် ထားပြီးသားပါ။ မနှစ်ကတည်းက တော်တော်များများ ဆောက်ထားတာ ရှိတယ်။ ခုလို ရေရှားပါးမှုတွေ ဘာ တွေ ဖြစ်လာခဲ့ရင် ကြိုတင် စုဆောင်း လို့ရအောင်ဆိုပြီး လုပ်ထားတာတွေလည်းရှိပါတယ်” လို့သားစိုးက ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက အခုနှစ်နွေရာသီမှာ ရေရှားပါးမှု များလည်း ဖြစ်လာနိုင်တာကြောင့် ရေကို အတတ်နိုင်ဆုံး ချွေတာစေ လိုတဲ့ အကြောင်းကိုလည်း…

” ကျွန်တော့်အမြင်တော့ မြို့ ထဲ အိမ်တွေမှာက Auto pump သုံးတာများတယ်။အဲ့ဒီတော့ ရေတွေက မလိုအပ်ဘဲ ကုန်တာလည်းရှိတယ်။ Auto pump သုံးတဲ့ သူတွေ အနေနဲ့လည်း တအားမဖွင့်ပဲ ချွေတာသင့်ပါတယ်။ Auto pump ကြောင့် ရေတွေ မလိုအပ်ဘဲ လိုတာထက် ပိုသုံးမိနေတာကို ပညာရှင်တွေအနေနဲ့လည်း တစ်ခုခုအဖြေရှာပြီး ထိန်းချုပ်တဲ့ နည်းဖြစ်ဖြစ်တစ်ခုခု။ အဲ့ဒီလိုလေးတွေလည်း လုပ်သင့်တယ်လို့ မြင်ပါတယ်” လို့  သားစိုးက ဆက်လက် ပြောပြခဲ့ပါတယ်။ သားစိုးက မတ်လ ၁ဝ ရက်နေ့ကလည်း သူ့ ရဲ့ စီးရီးသစ် “ရောသမ ထပ်မွှေ” ကိုထွက်ရှိခဲ့ပြီး စီးရီး ထွက်ရှိခြင်းအမှတ်တရအနေနဲ့ အွန်လိုင်းမှ တစ်ဆင့်ပရိတ်သတ်အယောက် ၁ဝဝ ကို စီးရီးခွေများ မဲဖောက် လက်ဆောင်ပေးခဲ့ပါသေးတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*