6 Nights တေးဂီတ ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်တဲ့ 2PM

6 Nights တေးဂီတ ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်တဲ့ 2PM
March 7, 2017 Asian Fame
6 Nights တေးဂီတ ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်တဲ့ 2PM

2pm-take-offကိုရီးယား အဆိုတော် အဖွဲ့ 2PM ဟာ အဖွဲ့ဝင် Jun.K ဒဏ်ရာရရှိ ခဲ့တာကြောင့် 6 Nights အမည်ရှိတဲ့ တေးဂီတ ဖျော်ဖြေပွဲကို ဖျက် သိမ်း လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၈   ရက်နေ့တုန်းက JYP Entertainment  က အခုလို ကြေညာ လိုက်ပါတယ်။ 2PM  ရဲ့ 6 Nights  ဖျော်ဖြေပွဲကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်။ မတ်လ ၃   ရက်နေ့ ကနေ ၅ ရက်အထိ the SK Olympic Handball Gymnasium  မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပွဲကို ဖျက်သိမ်းလိုက်တဲ့ အကြောင်း အသိပေးလိုပါ တယ်။ Jun.K က   အခုလောလောဆယ် ခွဲစိတ်ဖို့ အနားယူနေပြီး Jun.K နေကောင်းလာမှသာ ပွဲတွေကို စီစဉ်မယ်လို့ ပြောပြသွားပါတယ်။  Jun.K က ပြီးခဲ့တဲ့ ၃ ရက်လောက်က 6 nights concert tour  မှာ ၁ဝ ပေ အမြင့် က ပြုတ်ကျခဲ့ပြီး အခုလို  ဒဏ်ရာ ရရှိခဲ့တာပါ။ စစ်ဆေးချက် တွေအရ ညာဘက် တံတောင်ဆစ်   နဲ့ ညာဘက် လက်သန်းကြွယ် ကျိုးပဲ့ခဲ့တယ် လို့  သတင်းအရ သိရပါတယ်။  ပရိသတ်တွေ ကတော့ ပွဲကို အဖွဲ့ဝင် တစ်ယောက် မပါဘဲ ဆက်လက် ကျင်းပ စေချင်နေကြတယ်လို့ သိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*