မြန်မာ့ ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ဘယ်သူပိုင်လဲ…. ဘယ်သူဆိုင်လဲ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့် နှင့် တွေ့ဆုံခြင်း (၃)

မြန်မာ့ ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ဘယ်သူပိုင်လဲ…. ဘယ်သူဆိုင်လဲ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့် နှင့် တွေ့ဆုံခြင်း (၃)
March 7, 2017 Asian Fame
မြန်မာ့ ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ဘယ်သူပိုင်လဲ…. ဘယ်သူဆိုင်လဲ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့် နှင့် တွေ့ဆုံခြင်း (၃)

UMgMgMyintယခင်အပတ်မှ အဆက်

ကိုယ်တွေ့သင်ယူ မကုန်ခန်းရာ ခေတ်အရွေ့ရုပ်ရှင်ပညာ

နိုင်ငံအသီးသီးက ပုဂ္ဂိုလ်တွေ တီထွင်ကြတဲ့အခါမှာ အရုပ်တွေ လှုပ်လာပြီဟေ့ ဆိုကတည်းကိုက အထူးအဆန်း အနေနဲ့ဖြစ်လာတယ်။ အထူးအဆန်းလေးကို အထူးအဆန်း လို့ပဲ ကြည့်ကြသေးတယ်။ တိုတို ထွာ ထွာလေးတွေ။ ဖလင်ဆိုတာ တောင် မှ မပေါ်သေး ခင် ခေတ်ကတည်းက ရုပ်ရှင်ကို လူတွေကြိုက်တာ။ ဒီ သာဓကတွေ ကျွန်တော်တို့ တွေ့ထား တယ်။ အဲဒီတော့ ရုပ်ရှင်နဲ့ငါ အလုပ် လုပ်ပေးရမယ် ဆိုရင်တော့ ငါအရုပ် ကို အဓိက ထားရတော့မယ်။ ပန်းချီ ဆွဲမယ်၊ မရဘူးလေ။ ရုပ်ရှင်ဇာတ် ကား တစ်ကားဖြစ်အောင် ပန်းချီတက် ဆွဲလို့မရဘူး။ အန်နီမေးရှင်း ဆိုတဲ့ ဟာကို စဉ်းတောင် မစဉ်းစားနိုင် သေးတဲ့ အချိန်မှာပဲ ရှိသေးတယ်။ ဒီတော့ ကျွန်တော့် သူငယ်ချင်း ဓာတ်ပုံ တက္ကသိုလ်စိုးမြင့်ကို “သူငယ် ချင်း၊ မင်းငါ့ကို ဓာတ်ပုံသင်ပေး” ဆိုတော့ မောင်မြင့်၊မင်းက ငါ့ကိုပြော ဖူးတယ်လေတဲ့။ “မင်းတို့ ဓာတ်ပုံဆို တာက သိပ္ပံနည်းအရ ရိုက်ကူးပြီး တော့ ပုံဖော်ယူတာ။ ကင်မရာကို ကလစ်ကလေး တစ်ချက် ဂွပ်ဆိုလုပ် လိုက်ရင် ဒါဓာတ်ပုံ မင်းတို့ရတယ်။ ပန်းချီကမှ တကယ့်ပညာ။ လက်နဲ့ ရေးပြီးတော့ ဆေးနဲ့၊ စုတ်နဲ့ လူတစ် ယောက် ကို တူအောင် ရေးရတာ။ ပန်းချီက ပိုပြီးသာတာပေါ့” ပြောဖူး တယ်လေတဲ့။ ကျွန်တော် အဲဒီလို သူ နဲ့ငြင်းခဲ့ဖူးတယ်။ အခုတကယ် ရုပ်ရှင် လုပ်မယ် ဆိုလည်းဆိုရော အရင်းအမြစ်သည် ဓာတ်ပုံ ဆိုတာ ဖြစ်နေတယ်။ အဲဒီမှာ ကျွန်တော် ဓာတ်ပုံ ကို ပြန် ကိုင်ရတော့တာပဲ။ ကျွန်တော် ကံကောင်း ပါတယ်။ သင်ရခြင်း အကြောင်းသည်လည်း အကြောင်းရှိတယ်။ ကျွန်တော့်ကို စစ်တပ် ကနေပြီးတော့ အမေနဲ့ အတူ အလုပ်ပြန်လုပ်ဖို့ ဆိုပြီးတော့ ထုတ် လိုက်ကတည်းကိုက အမေနဲ့ အဖေ က အင်မတန်ခင်မင်တဲ့ အေဝမ်း မိသားစုနဲ့ သူတို့က ဇာတ်ကားတစ် ကား ရိုက်နှင့်ပြီးပြီ။ မအောင်မြင် ဘူး။ အဲဒီအချိန်မှာ ကျွန်တော် စစ်တပ်ထဲမှာပဲ ရှိသေးတယ်။ မထွက် ရသေးဘူး။ ဒါပေမဲ့ ဦးညီပု အကြံ ပေးချက်အရ နောက်တစ်ခု လုပ်ဦး ပေါ့ ဒေါ်နန်းရယ်၊ ရှေးက မအောင် မြင်တဲ့ ဇာတ်ကားက “ပန်သစ္စာ” တဲ့။ အဲဒါ ဦးညီပု ရဲ့ မဟာဝိဇ္ဇာဓိုရ် စတူရီယိုမှာပဲ ထုတ်လုပ်ခဲ့ကြတာ။ ပန်သစ္စာ ရဲ့ နောက် တစ်ခု လုပ်တော့ မယ်ဆိုတဲ့ အခါကျတော့ ဘာလုပ် သလဲ ဆိုတော့ ဒီတစ်ခါတော့ နာမည် ကြီးတွေကို သုံးပြီးတော့ ပိုက်ဆံရှာ တဲ့ ဇာတ်ကားကို ဒေါ်နန်း ရိုက်တော့ ဆိုတော့ ဒါရိုက်တာ မောင်လှတင် နဲ့ “ခင်မမမိုး” ဆိုတဲ့ ဇာတ်ကားကို ရိုက် ကူးတဲ့အခါမှာ ဖိုးပါကြီး၊ တင်တင်မူ၊ ဇေယျ၊ မြင့်မြင့်ဌေး၊ ရွှေကို၊ ကျွန် တော်ချစ်မောင်၊ မြင့်ဖေတို့နဲ့ ဝေဝေဆာဆာ ရိုက်ကူးလိုက်တဲ့ အခါ မှာ ရိုက်ကူးနေတုန်း ကတည်း က ကျွန်တော်က မန္တလေး တပ်ကထွက် ဖို့ အစီအစဉ်က ဖြစ်လာတယ်။ ကျွန်တော် ရန်ကုန်ပြန်ရောက်လာရော ဇာတ်ကား လည်း ရိုက်ကူးနေပြီ။ ပြီးတော့မယ်။ ပြီးသလောက် ဖြစ် သွားပြီ။ ဒုတိယက ခင်မမမိုး ကလည်း ဘယ်လောက် အောင်မြင်လိုက်သလဲ ဆိုရင် မြို့လယ် မောင့်ဂိုမာရီလမ်း မကြီး (အခု ဗိုလ်ချုပ်လမ်း) ပေါ့။ အဲဒီ မှာ ရွှေဂုံ၊ မြို့မ ဆိုပြီး ရုံနှစ်ရုံရှိတယ်။ ကျွန်တော်တို့က မြို့မရုံမှာပြတယ်။ ကျွန်တော် ချစ်မောင် ရဲ့ ဇာတ်ကား တစ်ကားက ရွှေဂုံရုံ မှာပြတယ်။ အပြိုင်ပြတာ။ အဲဒီအချိန်တုန်း က ရုပ်ရှင်ဟာ ဘယ်လောက် အထိ ဝင် ငွေနဲ့ စီးပွားရေး အခြေအနေ ဘယ် လောက် ကောင်းလိုက်သလဲ ဆိုရင် ရွှေရတုအပတ်တဲ့။

အပတ် ၅ဝ ကျော်ကြီးများ တောင်ပြရတယ်။ နှစ်ကားစလုံး အပြိုင်အဆိုင်။ ကောင်းလိုက်တဲ့ ဝင်ငွေ။ အဲဒီမှာ မိသားစုပါ ကျစ်ကျစ် လျစ်လျစ် နဲ့ တည်ထောင်နိုင်တဲ့ အခြေအနေလေး ဖြစ်လာတယ်။ ဒီတော့ ရုပ်ရှင် ထုတ်လုပ်သူ ဆိုတဲ့ ထုတ်လုပ် သူအဖြစ် ခံယူလို့ ရသွားပြီ။ ကုမ္ပဏီ အဖြစ် ခံယူလို့တော့ မရသေး ဘူး။ ကုမ္ပဏီဖြစ်ဖို့ ဆိုတာကတော့ ကိုယ်ပိုင်စတူဒီယို၊ ကားကူးကားဆေး၊ ကင်မရာ၊ အသံသွင်း စသည်အား ဖြင့် ပြည့်စုံရမယ်။ ဒါမှ အစိုးရက အသိအမှတ် ပြုပေးတယ်။ ဒီတော့မှ ကုမ္ပဏီ နာမည်တပ်လို့ ရတယ်။ အဲဒီ တော့ ကျွန်တော်က ဒီနည်းနဲ့ အိမ်နဲ့ ပြန်ဆက်မိပြီးတော့ ခင်မမမိုးရဲ့ အောင်မြင်မှုကို ခံစားလိုက် ရပြီးတော့ အမေက တတိယ ဇာတ်ကား စတယ်။ “နှောင်ကြိုးကိုငင်ပါ့မယ်လေ” တဲ့။ ဒါရိုက်တာက ဗိုလ်ကလေးတင့် အောင်။ တင်တင်မူနဲ့ မြင့်စိုးနဲ့။ သူတို့ က မင်းသား၊ မင်းသမီး။ ရှေ့ဇာတ် ကား အောင်မြင်တဲ့ လူရွှင်တော်တွေ ပြန်ပါလာကြတယ်။ ဖိုးပါကြီးတို့ စုံတွဲ ပဲ လွတ်သွားတာ။ ဒီကနေ ဘာဖြစ် လာလဲ ဆိုတော့ ကျွန်တော်တို့ ပုဂံ သွားရတယ်။ ၁၉၅၇ ခုနှစ်မှာ ပုဂံ ကို သွားရတဲ့ အကြောင်းရင်းက သူ့ရဲ့ ဇာတ်လမ်းထဲမှာ သူတောင်းစားပါနေ တယ်။ ဗိုလ်ကလေး တင့်အောင်ရဲ့ ဇာတ်ထဲမှာပေါ့။

အဲဒီအချိန်မှာ ဦးနု စီစဉ်တဲ့ ဂယ်ပါညီလာခံက ပုဂံမှာ ကျင်းပ တယ်။ အဲဒါကို သွားရိုက်ကူးကြ တယ်။ ကျွန်တော့် ရည်မှန်းချက် အောင်မြင်ဖို့ရာ ဘာရလိုက်သလဲ ဆို တော့ ကားရိုက်နားလို့ ညနေ ထမင်း စားပြီးတဲ့ အချိန်လေးမှာ လမ်းပေါ် ကို တက်လျှောက်တော့ ကန်တော့ ပလ္လင် ဘုရားဘေးမှာ ခုံတန်းတွေ လည်းရှိတယ်။ နွားမအုပ်က သွင်း လာတယ်။ အနောက်ကျတဲ့ နေလေး နဲ့ပေါ့။ ရှုခင်းက ပန်းချီသမားတစ် ယောက်အနေနဲ့ ဖျတ်ခနဲမြင်လိုက် တာ။ တော်တော် သဘောကျတယ်။ အဲဒီမှာ အခုခေတ်မရှိတော့တဲ့ မကြားဖူးတဲ့ အိပ်ဇိုက်တာဆိုတဲ့ ဝမ်းတွမ်တီးဆိုဒ် ဖလင်ထည့်ရိုက်ရ တဲ့ ကင်မရာကြီးက ကျွန်တော့် အဖေ က ပေးထားတော့ လည်ပင်းမှာ လွယ်ရက်သား ပါသွားတော့ တက္ကသိုလ်စိုးမြင့် နဲ့ ကျွန်တော်နဲ့ မီးမလောင်ကျောင်းပေါ် ကနေ တက် ပြီးတော့ တစ်ကွက်ပဲ ကျွန်တော် နဂ္ဂတစ် ရလိုက်တယ်။ အဲဒီရလိုက် တဲ့ တစ်ကွက် နဂ္ဂတစ်လေးက ကျွန် တော့်ဘဝကို စပေးခဲ့တာပဲ။ ရန်ကုန် ပြန်ရောက်တော့ ဘားမား အမေရိ ကန်အင်စတီကျူက ဒီကုန်သည် လမ်းမှာ ပြိုင်ပွဲလုပ်တယ်။ ပထမဆုရ ခဲ့တယ်။ လူက အားတက် သွားတယ်။ ဒီလိုကြိုးစားရင်း နဲ့ အဖေက ငါဇာတ် ညွှန်းရေးပေးမယ်တဲ့။ ဘာရေးမလဲ ဆိုတော့ ချစ်ဆွေရဲ့ သီချင်း ပြန်ရေး တာ။ “မေ့ကွက်ကို ရှာသောသူ” တဲ့။ အဲဒီဇာတ်လေး မင်းရိုက်ဆိုပြီး ကျွန် တော့်ကိုပေးလာတယ်။ မေ့ကွက်ကို ရှာသူကို ဘယ်မှာ သွားရိုက်ကူးလဲ ဆို တော့ မန္တလေးမှာ သွားရိုက်တယ်။ အဲဒီဇာတ်ကားလည်း တော်တော်လေး ကောင်းပါတယ်။

သို့သော် အဲဒီဇာတ်ကားလည်း မအောင်မြင်ခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆို တော့ ကျောင်းသား အရေးတော်ပုံနဲ့ ကြုံကြိုက်တဲ့အခါမှာ အဖြတ်ခံရတာ တွေ ရှိတယ်။ နောက်တစ်ကား ဆက် ရိုက်တယ်။ ငပလီမှာ ဇာတ်ကား လေးကား ရိုက်ဖို့ဖြစ်လာတယ်။ ဒီလို နဲ့ တဖြည်းဖြည်း တစ်ဆင့်ချင်းတက် လာတယ်။ အဲဒီမှာ ငွေရတု စကြုံတော့ တာပဲ။ ငွေရတုပြီးတော့ ရွှေရတုကို ဖြတ်ရတော့တာပဲ။ အဲဒီတော့ ကျွန် တော်က စာပေပညာကိုပါ လေ့လာ  ပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်း အရာတွေကို စေ့စေ့စပ်စပ် ရိုက်တယ်။ ကိုယ်တိုင် ကူးတယ်၊ ဆေးတယ်။ ဦးညီပုတို့၊ ဆရာကြီး ရွှေဒုံးဘီအောင် တို့ဆီက နည်းပညာတွေ ကိုယူတယ်။

အဲဒါတွေ အသုံးချပြီးတော့ ကျွန်တော် လုပ်ချင်တဲ့ ဒါရိုက်တာ နဲ့ အလိုလိုဖြစ် လာတဲ့ အက်တာနဲ့တင် ကျွန်တော် နာမည် တက်လာတယ်။ ဇာတ်ကားတွေက တစ်ကားပြီး တစ် ကားအောင်မြင်ခဲ့တယ်။ အရှုံးဆို တာမရှိတော့ဘူး။ မြတ်တယ်။ နည်းနည်းမြတ်တယ်။ အများကြီး မြတ်တယ်။ အဲဒီမှာ တင်ကျွန်တော် ခေါင်တက်ကိုင်တာပဲ။ “ရည်းစား ဓားပြ” လိုလူတွေ အများကြီး ကျွန် တော်ရိုက်တာတွေ ဘာတွေဖြစ်လာ တယ်။ တခြား ကုမ္ပဏီတွေ ကလည်း လိုက်ပြီးတော့ ကျွန်တော့်လိုရိုက် ပါတယ်။ ဒါပေမဲ့ ပရိသတ်ကို လေး စားစွာနဲ့ ကျွန်တော့် ခေါင်းထဲမှာ စိတ်ကူး ပုံဖော်တဲ့ အရုပ်၊ အသံတွေကို ကျွန်တော် နားလည် သလို၊ မြင်သလို ပရိသတ်မြင်အောင်၊ တွေ့အောင် ရိုက်ကူးပြနိုင်တဲ့ အတွက် ကျွန်တော့် ဇာတ်ကားတွေ အောင်မြင်ခဲ့တာ။ ပရိသတ်ကို နားလည်အောင် လုပ်မ ပေးနိုင်လို့ ပရိသတ်မှာ ရှုပ်ထွေး သွားရင် ဇာတ်မှာ တစ်ချက် ကျိုးတာ ပဲ။ ရစ်သမ်မှာ သွားပြီး တစ်ချက်ကျိုး တယ်။ ဒီတော့ တစ်ချိန်တည်းမှာ ဘာလုပ်နေရလဲ ဆိုတော့ လုပ်ရင်း ကိုင်ရင်း လေ့လာနေရတယ်။

ဆက်လက်ဖော်ပြပါမည်
ညိုသစ်ငယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*