မေလ ၁ ရက်နေ့ စင်ကာပူနိုင်ငံမှာ ဖျော်ဖြေမယ့် ရွှေမန်းသဘင်

မေလ ၁ ရက်နေ့ စင်ကာပူနိုင်ငံမှာ ဖျော်ဖြေမယ့် ရွှေမန်းသဘင်
March 7, 2017 Asian Fame
မေလ ၁ ရက်နေ့ စင်ကာပူနိုင်ငံမှာ ဖျော်ဖြေမယ့် ရွှေမန်းသဘင်

Shwe Man

ရွှေမန်းသဘင်ဇာတ်အဖွဲ့က မေလ၁ရက်နေ့မှာ စင်ကာပူနိုင်ငံကို သွားရောက်ဖျော်ဖြေမှာဖြစ်ပါတယ်။ ရွှေမန်း သဘင်မှာတော့ သဘင်မင်းသားကြီးဦးချမ်းသာ၊ တင်မောင်ဆန်းမင်းဝင်း၊နန်းခင်မွှေး၊ မေတင်မောင်ဆန်းဝင်း၊ မင်းရွှေ ရောင်တင်၊ ဆန်းမင်းအောင်၊ စွမ်းပြည့်ချမ်းသာ၊ ဆန်းရွှေစင်တို့နဲ့အတူ ဧည့်သည်အနုပညာရှင်ဖြစ်တဲ့ ဒေါင်းမလေးတို့က ကပြဖျော်ဖြေတင်ဆက်သွားကြမှာ ဖြစ်ပါတယ်။

လူရွှင်တော်များဖြစ်ကြတဲ့နေကျော်၊ ဒီလုံး၊ ပေါက်ကျော်၊ ချမ်းမြေ့တို့ကလည်း စင်ကာပူပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ တင်ဆက်ကြမှာပါမှာဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မင်းသမီးကြီး ဒေါ်နန်းခင်မွှေးက ” တေးသရုပ်ဖော်နဲ့ ပြဇာတ်ကပြမယ်။ ပြီးတော့ နှစ်ပါးသွားလည်း ကမယ်။ အော်ပရာကမယ်။ စင်ကာပူမှာကျတော့ များသောအားဖြင့် လာကြည့်ကြတာ မြန်မာတွေများတယ်။ အဲဒီတော့ရွှေမြန်မာတွေက အော်ပရာတို့၊ ပြဇာတ်တို့၊ နှစ်ပါးသွားတို့ဆိုတာကတာတွေကို သူတို့က တအားကြည့်ချင်ကြတယ်။ တခြားနိုင်ငံတွေကျတော့ ကရုံပဲကပြရတာပါ။ ဆိုတာကို အဲဒီလောက် မဟုတ်ဘူး။ အဆိုက တစ်ကြိမ်လောက်ပဲပါတယ်။ စင်ကာပူကကျတော့ သဘင်အနုပညာ စစ်စစ်တွေကို သူတို့တွေကြည့်ချင်တယ်။ နှစ်ပါးသွားမှာ မင်းသားဆိုလည်း မင်းသားကတာ၊ မင်းသမီးဆိုလည်း မင်းသမီး ကတာတွေကို ကြည့်ချင်ကြတယ်။ စင်ကာပူမှာတော့များသောအားဖြင့် အငြိမ့်ခန်းကပြရတာများတယ်။ ဘိုးဘိုးကြီး နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းတွေသီဆိုရတယ်” လို့ ပြောပြပါတယ်။ ရွှေမန်းသဘင်အဖွဲ့က စင်ကာပူနိုင်ငံကိုတော့ ဧပြီ၃ဝရက်နေ့မှာ စတင်ထွက်ခွာမှာဖြစ်ပြီး မေလ၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*