ဧပြီလမှာ မျက်လုံးခွဲစိတ် ကုသမှု ခံယူရဦးမယ့် Bobby Soxer (ထက်ထက်)

ဧပြီလမှာ မျက်လုံးခွဲစိတ် ကုသမှု ခံယူရဦးမယ့် Bobby Soxer (ထက်ထက်)
March 7, 2017 Asian Fame
ဧပြီလမှာ မျက်လုံးခွဲစိတ် ကုသမှု ခံယူရဦးမယ့် Bobby Soxer (ထက်ထက်)

BobbySoxerလွန်ခဲ့တဲ့ တစ်နှစ်က နယ်ရှိုး တစ်ခုမှာ မျက်လုံး ထိခိုက်မိသွားတဲ့ ဟစ်ဟော့ပ်အဆိုတော်မလေး Bobby Soxer အနေနဲ့ လာမယ့် ဧပြီလ မှာ သူမ မျက်လုံး ထပ်မံ ခွဲစိတ် ဖို့ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် သူမရဲ့ မျက်လုံး ကျန်းမာရေး အ ကြောင်းမေးမြန်းဖြစ်တဲ့အခါ

“မျက်လုံးက နောက်ဆက်တွဲ အနေနဲ့ အတွင်းတိမ်ဖြစ်နေတာ ပေါ့နော်။ ဧပြီလမှာ ဆရာဝန်နဲ့ Appointment ပြန်ယူထားတယ်။ ဧပြီလ မှာပြသလို့ရှိရင် သိရမှာပေါ့နော်။ ဆရာဝန်က ခွဲတော့မလား၊ မခွဲတော့ဘူးလားဆိုတာ ကတော့ လုံးဝခွဲရမှာပါ”လို့ Bobby Soxer ကပြော ပါတယ်။ မျက်လုံး အက်ဆီးဒင့် ဖြစ်ခဲ့စဉ် တုန်းက သူမကို သနားကြ၊ ကရုဏာ သက်ကြ၊ ချစ်ခင်စွာနဲ့ အားပေးခဲ့တဲ့ ပရိ သတ်တွေ၊ အနုပညာ ညီအစ်ကို မောင်နှမ တွေကို ကျေးဇူးတင်ကြောင်း ဆိုတဲ့ Bobby Soxer က

“အားရှိပါတယ်။ တစ်ခါတလေ ကျလို့ရှိရင် စဉ်းစားမိတယ်။ ငါနဲ့ သွေးမတော် သားမစပ်တဲ့သူတွေ ငါ့ကို ဒီလောက်ကြီး ချစ်တာမျိုး ခံရတဲ့ဘဝ မှာ နေရတယ်ပေါ့။ အဲဒီလိုမျိုးပေါ့။ တစ်ခါတလေ ကိုယ့်ဘဝကို ကိုယ် သဘော အရမ်းကျတဲ့ အချိန်မျိုးလေး တွေရှိတယ်။ ညီမ မျက်လုံးဖြစ်တာ ဒီဖေဖော် ဝါရီလထဲမှာ တစ်နှစ်ပြည့်တာ ပေါ့နော်။ facebook တစ်နှစ်ပြည့်ရင် Remind ပြန်လုပ်တဲ့ စာလေးတွေ ထွက်လာ တဲ့အခါ ပရိသတ်တွေ ပေးထားတဲ့ Comment  တွေ၊ ကိုယ့် အနုပညာရှင် မောင်နှမ အချင်းချင်း ကိုယ့်ကို အားပေးနှစ်သိမ့် ထားတဲ့ Comment  တွေကိုဖတ်ပြီးတော့ စိတ်ထဲမှာ ကြည်နူးမိ တယ်ပေါ့နော်။ အားလည်းရှိတယ်။ ကျေးဇူး လည်း တင်ပါတယ်။ ဘယ်လိုပြောမလဲ။ စင်ပေါ်မှာပဲ ညီမနေနိုင်နေတဲ့ အချိန်၊ ညီမ တက်ကြွနေတဲ့ အချိန်မှာမျိုးပဲ အားပေးနေ တာမျိုး မဟုတ်ဘဲ ညီမ အားငယ်နေတဲ့ အချိန်၊ စင်ပေါ်မှာ သီချင်းမဆိုနိုင်တဲ့ အချိန်တွေမှာ လည်း ညီမကို အားပေးနေတဲ့ အတွက်ပါ” လို့ သူမကဆိုပါတယ်။

မျက်လုံး ဒဏ်ရာရပြီး နေပြန်ကောင်း လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရင်ကထက် ပိုဂရုစိုက်ရတာမျိုးတွေ ရှိမလားလို့ မေးပြန်တော့ “ဒီအ တိုင်းပါပဲ။ အဓိကကတော့ ညီမအရင် ကတည်းက ပြောသလိုမျိုး လူတစ်ယောက် အနေနဲ့ ဖြစ်ဖို့ ကံပါ လာလို့ဖြစ်သွားတယ်။ နေမကောင်း ဖြစ်ပြီးလို့ ရှိုးပြန် ဆိုရတဲ့အခါ မှာတော့ နည်းနည်းလေး စိတ်ထဲမှာ ကြောက်သလိုလို၊ ရွံ့သလိုလို ရှိပေမယ့်လည်း အခု တော့ အသားပြန်ကျ သွားပါပြီ”လို့ Bobby Soxer ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း