တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူများအတွက် ဟန်ဇာမိုးဝင်းရဲ့ အားပေးစကား

တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူများအတွက် ဟန်ဇာမိုးဝင်းရဲ့ အားပေးစကား
March 7, 2017 Asian Fame
တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူများအတွက် ဟန်ဇာမိုးဝင်းရဲ့ အားပေးစကား

Han Zar

စံပြသဘင်က အခုလက်ရှိမှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ပြင်ဆင်နေကြတဲ့ ကလေးငယ်တွေ ဇာတ်သံဆိုင်းသံများကြောင့်
စာကျက်ပျက်မှာစိုးတာကြောင့် ဇာတ်ကပြမှုတွေ ရပ်နားထားတယ်လို့ သိရပါတယ်။ စာမေးပွဲပြီးမှသာ ဇာတ်ပြန်ထွက်ဖြစ်မှာဖြစ်ပြီး စာမေးပွဲရက်တွေဆိုရင် ရှောင်လေ့ရှိကြောင်းလည်း စံပြသဘင်မှ ဟန်ဇာမိုးဝင်းက ပြောပါတယ်။

” အမှန်တော့ဒီရက်တွေက လှိုင်သာယာမှာကမှာပါ။ ဒါပေမယ့်၁ဝတန်းစာမေးပွဲရက်ဖြစ်နေတော့ ကျွန်တော် တို့မကပါဘူး။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့စာမေးပွဲရက်တွေဆိုရင် ရှောင်ပါတယ်။ ကျောင်းသားတွေစာ မေးပွဲဖြေနေတဲ့အချိန်မှာ အသံတွေညံနေတယ်ဆိုရင် စာကျက်ဖို့ခက်တယ်။ စိတ်က လွှင့်နေမှာစိုးလို့ စာမေး ပွဲရက်တွေဆိုရင် ရှောင်ပါတယ်” လို့ ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကလည်း မကြာခင်မှာရောက်ရှိ တော့မှာဖြစ်တဲ့အတွက် စာမေးပွဲဖြေဆိုကြမယ့် ညီငယ်၊ ညီမငယ် တွေအတွက် ဟန်ဇာမိုးဝင်းက အခုလိုအားပေးစကား ပြောကြားပေးခဲ့တာက..

” ၁ဝတန်းကနတ်ကြီးတယ်။ ဒါကြောင့်နည်းနည်းဂရုစိုက်ပါ။ ၁ဝ တန်းဟာ အထက်တန်းကျောင်းသားဘဝမှာ အကြီးမားဆုံးတစ်ခုအဖြစ် ကျွန်တ်ာတို့ကျော်ဖြတ်ခဲ့ကြရတယ်။ အဲဒီတော့ ၁ဝတန်းစာမေးပွဲဖြေမယ့် ညီငယ်၊ညီမငယ်တို့ကို ပြောချင်တာက လူ့ဘဝရဲ့ဆုံးဖြတ်ချက်ထဲမှာ၁ဝတန်းစာမေးပွဲက ပါဝင်နေတဲ့အတွက် ၁ဝတန်း ဖြေမယ့်အချိန်မှာ စိတ်မလေဘဲနဲ့ စာထဲကိုစိတ်နှစ်ပြီး သေချာကြိုးစားလိုက်ပါ။ လူ့ဘဝရဲ့ ကြီးမားတဲ့ လှေကားထစ်တစ်ခုကို နင်းပြီးတော့ တက်သွားလိုက်ပါ။ ရှေ့မှာလှေကားထစ်တွေ အများကြီးဖြတ်ရဦးမယ်။ အဲဒီတော့ မိမိတာဝန်မိမိကျေပွန်အောင် ကျောင်းသားတစ်ယောက်အနေနဲ့ ကြိုးစားပါ။ကျွန်တော်လုပ်ပေးနိုင်တာတစ်ခုကတော့ ညီအကိုမောင်နှစ်မတွေ အားလုံး၁ဝတန်းစာမေးပွဲကို အေးအေး ဆေးဆေးဖြေဆိုနိုင်ပါစေ၊ စာမေးပွဲအောင်ပါစေလို့ မေတ္တာပို့ပြီးဆုတောင်းပေးတာပါပဲ။ ကြိုးစားရမှာက မိမိအပိုင်းပါ” လို့ ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*