ကလေးယူဖို့ ကြိုးစားနေတဲ့ မြင့်မြတ်

ကလေးယူဖို့ ကြိုးစားနေတဲ့ မြင့်မြတ်
March 7, 2017 Asian Fame
ကလေးယူဖို့ ကြိုးစားနေတဲ့ မြင့်မြတ်

Myint-Myatသရုပ်ဆောင် မြင့်မြတ်က အိမ်ထောင် ကျပြီးတဲ့ နောက်ပိုင်း အခု လတ်တ လောမှာတော့ ဒါရိုက်တာ ဇော်မျိုး ရိုက်ကူးတဲ့ “အမည် ပေါက်နှင့် ကျူး” ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား မှာတော့ မြင့်မြတ်က ကျူးကျော် ရပ်ကွက် မှာနေတဲ့ လူငယ် တစ်ဦး အနေနဲ့ ပါဝင် သရုပ်ဆောင် ထားပြီး သူ့အနေနဲ့ ဇာတ်ရုပ်တွေ ကိုလည်း မျှတအောင် ရိုက်ကူး နေပါတယ်လို့ ဆိုပါတယ်။

“ဇာတ်မျိုးစုံကိုတော့ မျှတအောင် ရိုက်ကူးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို လာငှားတာ ကလည်း ဒီလိုဇာတ်ရုပ်တွေ ချည်းပဲဖြစ်နေတာ၊ အဓိကကတော့ မျှ တော့ မျှအောင် ရိုက်ကူးပါတယ်။ ဒီလို ဇာတ်ရုပ်တစ်ခုတည်း မဟုတ်ဘဲနဲ့ ကျန်တဲ့ ဟာသ၊ ရိုမန့်၊ အက်ရှင် ဇာတ်ရုပ်မျိုးစုံ လည်းမျှ အောင်ရိုက်ကူးပါ တယ်”လို့ မြင့်မြတ်က ပြောပါတယ်။

အိမ်ထောင်ကျပြီး သွားပြီဖြစ်တဲ့ မြင့် မြတ်က ရင်သွေး လေးလည်း လိုချင်နေ ပြီး သားလေးကို ပိုလို ချင်တယ်လို့ဆိုပါ တယ်။

“ကျွန်တော်အမြန်ဆုံး ရအောင် ကြိုးစားပါ့ မယ်။ အဓိက ကတော့ ဘာလေး ပဲဖြစ်ဖြစ် ကိုယ့်သားသမီးပါပဲ။ ယောက်ျားလေး ကတော့ ပိုလိုချင်တယ်” လို့ ပြောပါတယ်။ တစ်ယောက် နဲ့တစ် ယောက်နား လည်မှုတွေ နဲ့ရှေ့ဆက်သွား မယ်ဆိုတဲ့ မြင့်မြတ်က အလုပ် အကြွေးတွေ ရှိနေတဲ့ အတွက် ကြောင့် ဟန်းနီးမွန်း ထွက်ဖို့ စီစဉ်ထားတာ မရှိသေး ကြောင်းလည်း ပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*