အိချောပို အတွက် သိန်းသုံးရာတန် အကယ်ဒမီ ရွှေဝတ်စုံ ဖန်တီးနေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

အိချောပို အတွက် သိန်းသုံးရာတန် အကယ်ဒမီ ရွှေဝတ်စုံ ဖန်တီးနေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုး
March 6, 2017 Asian Fame
အိချောပို အတွက် သိန်းသုံးရာတန် အကယ်ဒမီ ရွှေဝတ်စုံ ဖန်တီးနေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

MyoeMinSoe

ဒီဇိုင်နာ မျိုးမင်းစိုးက ဒီနှစ် အကယ်ဒမီ ပေးပွဲမှာ အိချောပိုရဲ့ ပွဲတက်ဝတ်စုံ အတွက် ရွှေသုံးဆယ် သားခန့်ပါဝင်မယ့် ရွှေဝတ်စုံကို ဖန် တီးချုပ် လုပ်နေတယ်လို့ သိရပါ တယ်။ ဒီဇိုင်းပိုင်းကို သေသေချာချာ ဖန်တီးထားတဲ့အတွက် ရွှေတွေပြုတ် ထွက်မှာ မစိုးရိမ်ရပါဘူး လို့ မျိုး မင်းစိုး က ပြောပါတယ်။

“ကျွန်တော်က ဒီနှစ်မှာ အိချော ပိုအတွက် ရွှေဝတ်စုံဖန်တီးပေးမှာ ပါ။ အိချောပို ကလည်း ရွှေဝတ်စုံကို ဝတ်ချင်တယ် လို့ပြောတယ်။ ကျွန်တော့် အတွက်ကလည်း အရင်က ရွှေဝတ်စုံတွေ ချုပ်ဖူးပေမယ့် အကယ်ဒမီကတော့ ပထမဆုံးပါ။ ပန်း ဒီဇိုင်းလေး တွေကို ပန်းထိမ် နဲ့ သေသေချာချာလေး လုပ်ထားတာ ဆိုတော့ ပြုတ်တော့ မထွက်ပါဘူး။  မြန်မာမှု နန်းဆန်ဆန်လေး နဲ့ ယနေ့ခေတ်အမြင်ကို ပေါင်းစပ် ဖန်တီး ထားပြီး တန်ဖိုးထားဝတ်တဲ့ သဘောပါပဲ။ ရွှေကိုလည်း အောင်သမာဓိမှာ ခတ်တယ်။ တန်ဖိုးအားဖြင့် သိန်း၃ဝဝ ကျော်လောက် ရှိပါ တယ်” လို့ မျိုးမင်းစိုးက ပြောပြပါတယ်။

အဲဒါအပြင် ရွှေကြိုမောင်မယ်တွေ ဝတ်ဆင်မယ့် ဝတ်စုံတွေကိုလည်း ဒီဇိုင်နာ မျိုးမင်းစိုးက ဒီဇိုင်နာ ပြည်စိုးအောင် နဲ့အတူ ဖန်တီးနေ တယ် လို့ သိရပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုး ဖန်တီးမယ့် ရွှေကြိုများရဲ့ ဝတ်စုံဒီဇိုင်းနဲ့ ပတ်သက်ပြီး “ကျွန်တော်ကတော့ ဒီနှစ်ရွှေကြိုမှာ ၄တွဲ၊ ကိုပြည်စိုးအောင်က ၄တွဲ အတူတူ ပေါင်းပြီး ချုပ်သွားမှာပါ။ ရွှေတိဂုံဘုရား နောက်ခံလေး နဲ့ဆိုတော့ မြန်မာ ဆန်ဆန်လေးဖြစ်အောင်၊ တစ်ခါမှ စင်ပေါ်မှာ မဝတ်ဖူးတဲ့ ပုံစံလေး တွေကို ပဝါလေးနဲ့၊ ရေသီနားလေး နဲ့ ချုပ်ပေးမှာပါ။ ဘုရင့်သမီးတော် ပုံစံလေး ပေါ့။ ထင်ပေါ်တဲ့ အရောင်၊ ရင့်တဲ့ အရောင်လေးတွေကို ရွေးထားတယ်”လို့ ဒီဇိုင်နာ မျိုးမင်းစိုးက ပြောပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*