အခုနှစ် အကယ်ဒမီပွဲအတွက် လူဦးရေ ၂၅ဝဝ ဖိတ်ကြားသွားနိုင်ရန်ရည်ရွယ်ထား

အခုနှစ် အကယ်ဒမီပွဲအတွက် လူဦးရေ ၂၅ဝဝ ဖိတ်ကြားသွားနိုင်ရန်ရည်ရွယ်ထား
March 6, 2017 Asian Fame
အခုနှစ် အကယ်ဒမီပွဲအတွက် လူဦးရေ ၂၅ဝဝ ဖိတ်ကြားသွားနိုင်ရန်ရည်ရွယ်ထား

Lu Min

အခုနှစ် (၆၄) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင်ပွဲ ကျင်းပပြုလုပ်မယ့် နေရာကတော့ ပြည်သူ့ ရင်ပြင်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီလိုကျင်းပခွင့်ရခဲ့တဲ့အတွက် လည်း ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဝမ်းသာ ဂုဏ်ယူနေတဲ့အကယ်ဒမီလူမင်းက ..

” ထူးခြားတာက ရွှေတိဂုံ စေတီတော်မြတ်ကြီးက ကမ္ဘာမှာ တန်ခိုးအကြီးဆုံး ဘုရားကြီး၊ ဥာဏ်တော် အမြင့်ဆုံးဘုရားကြီး။ ကိုယ်တို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ တိုင်းပြည်ရဲ့ အသည်းနှလုံးပေါ့။ ဒီလို ရွှေတိဂုံ စေတီတော်မြတ်ကြီးကို နောက်ခံ ထားပြီး ကျင်းပခွင့်ရတဲ့အတွက် ကိုယ်တို့ အနုပညာလောကသားတစ်ခုလုံး အတွက်လောက သားတွေ အားလုံး ဂုဏ်ယူနေပါလိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် ပြည်သူ့ရင်ပြင်မှာကျင်းပခွင့်ရ အောင်လည်း တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ ဒီနှစ်က လည်း နေရာအခက်အခဲက တော်တော်လေးရှိတဲ့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က လည်း ခွင့်ပြုထားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အခုနှစ် အကယ်ဒမီ အတွက်ဝတ်စား ဆင်ယင်မှုနှင့်ပွဲကျင်းပမယ့် နေရာ မှာ ပြုလုပ်ထားတဲ့ အစီအစဉ်များကိုလည်း ဥက္ကဋ္ဌလူမင်းက အခုလိုပဲ ဆက်လက်ပြောကြားခဲ့ပါတယ်။

” အဝတ်အစားနဲ့ ပတ်သက်ပြီးတော့ ကိုယ်တို့ကြော်ငြာချက် ထုတ်သွားပါမယ်။ ဖိတ်စာထဲမှာလည်း သီးခြားသတ်မှတ်ချက်တွေ ထည့် သွင်းထားဖို့လည်း ကိုယ်တို့ စဉ်းစား ထားပါတယ်။ အဓိကက ကိုယ်တို့က ဘုရားကြီးနောက်ခံထား ပြီးတော့ ကျင်းပမှာဖြစ်တဲ့အတွက် ဝတ်စား ဆင်ယင်မှုမှာ မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင်မှုပဲ ဝတ်တဲ့ပွဲ ဖြစ် တယ် ဆိုပေမယ့်လည်း နောက်ပိုင်းမှာ ဒီဇိုင်းသဘောအရ၊ ခေတ်အရ မြန်မာ့မူဝတ်စုံကိုပဲ ပြောင်းလဲ ထွင်တာမျိုးတွေ ရှိလာတယ်။ အဓိက တော့ မြန်မာ့ အမျိုးသားဝတ်စုံ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဝတ်စုံကို ဝတ်စားဆင်ယင်စေဖို့၊ နောက်ဒီအတိုင်းထွင်ထားတဲ့ နေရာတွေမှာလည်း လုံလုံခြုံခြုံနဲ့ ဖြစ်စေဖို့ပါ ကြော်ငြာ ချက်ထုတ် သွားဖို့ ရှိပါတယ်။ လူဦးရေ ၂၅ဝဝ ဝန်းကျင်လောက် ဖိတ်ဖို့ ကိုယ်တို့ ရည်ရွယ်ထားပါတယ်။ အတွေ့အကြုံ က အကောင်းဆုံးဆရာသမားပါပဲ။ အရင့်အရင် နှစ်တွေက အတွေ့ အကြုံအရ အားနည်းချက်တွေကို တစ်နှစ်ပြီးတစ်နှစ် ပြင်သွားရတာပဲ။ ဒီနှစ်မှာ ဆိုလို့ရှိရင်လည်း အဓိက ဖြစ်တဲ့ သရုပ်ဆောင်တွေအားလုံး ဝင်လာတဲ့ လမ်းမှာရုပ်သံ Media အသီးသီးက အင်တာဗျူးဖို့စီထားတဲ့ အချိန်မှာ ဥပမာ မင်းသား၊ မင်းသမီး တစ်ယောက်က Booth ခုရှိတယ်ဆိုရင် ၈ခါ အင်တာဗျူးရတယ်။ နောက်ရောက်နေတဲ့လူတွေက အကြာကြီးတန်းစီစောင့်နေရတယ်။ အဲလိုမဖြစ်အောင်ဒီနှစ်မှာတော့ ကိုယ်ကအပြောင်းအလဲတစ်ခုအနေနဲ့ ကိုယ်က အဓိကရိုက်ကူး ထုတ်လွှင့်ပေးမယ့် မြန်မာ့အသံက အင်တာဗျူးတွေကိုပဲ ရိုက်ကူးပြီတော့ အဲဒီရိုက်ကူးတဲ့ Signal ကိုပဲ ကျန်တဲ့ ရုပ်သံတွေကို မျှဝေပြီးတော့ ထုတ်လွှင့်ဝေဖို့ပါ။ အဓိကကတော့ ကုန်ကျမှုစရိတ်ကို စပွန်ဆာရှင်နဲ့ ညှိပြီးတော့ အဓိက Bella က ပံ့ပိုး တဲ့နေရာမှာ ကိုယ်တို့ရုပ်ရှင်အစည်းအရုံးကြီးကို ကျပ်သိန်း ၂ဝဝဝ ရန်ပုံငွေထည့်သွင်းပြီးတော့ အခမ်းအနားကုန်ကျစရိတ်ကို ဘတ်ဂျက်သိန်း ၃ဝဝဝ ရထားပါတယ်” လို့ ပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*