ယခုနှစ် အကယ်ဒမီ အတွက် ရွှေဝတ်စုံများ ဖန်တီးသွားမယ့် Aroma

ယခုနှစ် အကယ်ဒမီ အတွက် ရွှေဝတ်စုံများ ဖန်တီးသွားမယ့် Aroma
March 6, 2017 Asian Fame
ယခုနှစ် အကယ်ဒမီ အတွက် ရွှေဝတ်စုံများ ဖန်တီးသွားမယ့် Aroma

Aung-Myat-ThuAroma အနေနဲ့ ဒီနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ တက်ရောက် ကြမယ့် အနုပညာရှင်တွေ ဖြစ်ကြ တဲ့ မြန်မာပြည် သိန်းတန် ၊ ကောင်းပြည့်၊ ရဲအောင်၊ သူရိယ၊ လင်းအောင်ခေတ်၊ စိန်လင်း (Aroma)၊ ရှင်းမြတ်၊ ရိုတ၊ ခင်ဇာခြည်ကျော်၊ ပွင့်၊ နဒီဝင့်နိုင်၊ မေမြင့်မိုရ်၊ စိုးနန္ဒာကျော်၊ ခင်မို့မို့အေး၊ လှလှမိုး၊ ဒေါက်တာ နုနန္ဒာ သန်း၊ နီနီမင်းသူ စတဲ့ အနုပညာရှင် အတွက် မိတ်ကပ်၊ ဆံပင်၊ ဝတ်စုံတွေကို တီထွင် ဖန်တီးသွားမှာဖြစ်ကြောင်း သိရ ပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေနဲ့ မတူအောင် ဝတ်စုံ တွေကို ဒီဇိုင်း ဖန်တီးသွားမှာ ဖြစ်ကြောင်းနဲ့ ပတ်သက်ပြီး Aroma မှ ကိုအောင်မြတ်သူက “ကျွန်တော်ဒီနှစ် Aroma က စီစဉ်တဲ့ အကယ်ဒမီ ဝတ်စုံတွေ အကုန်လုံးကို ရွှေအစစ်တွေနဲ့ ဖန်တီးသွားမှာပါ။ ရွှေဝတ်စုံတွေကို ကျွန်တော့်အနေနဲ့ ဒီဇိုင်း အရင်ဆွဲ ရတယ်။ ဒီဇိုင်းဆွဲပြီးတော့မှ ထွက်လာတဲ့ အဲဒီဒီဇိုင်းတွေကို ကျွန်တော် လိုချင်တဲ့ အတိုင်းအတာလေး အတိုင်း ဝိန့်စိန် ရွှေဆိုင်ကနေ ကျွန်တော့် ကိုကူညီ လုပ်ပေးတယ်။ အဲဒီအပေါ်မှာ ကျွန်တော်က အဆင်တန် ဆာတွေနဲ့ ဖန်တီးမှာပါ”လို့ပြောပါတယ်။

ပိုးထည်ကိုတော့ အမရပူရ နန်းခေတ် ပိုးထည်က ကူညီပံ့ပိုးပေးမှာ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းက ဒီအတိုင်း ဝတ်စုံတွေကို ဖန်တီး လာတာကြောင့် ဒီနှစ်မှာတော့ ပွဲတက်ရောက်ကြမယ့် မင်းသား၊ မင်းသမီးတွေ အနေနဲ့ လည်း ဒီပွဲမှာ တန်ဖိုးရှိစွာနဲ့ လျှောက်လှမ်း လို့ ရအောင် ရွှေဝတ်စုံကို ဖန်တီးဖို့စဉ်းစားပြီး လုပ်ခဲ့တာဖြစ်ကြောင်း ကိုအောင်မြတ်သူ ကပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*