ပရိသတ်ကို ကြည့်ပြီး မျက်ရည်ဝဲခဲ့ရတယ် ဆိုတဲ့ ဝါဆိုမိုးဦး

ပရိသတ်ကို ကြည့်ပြီး မျက်ရည်ဝဲခဲ့ရတယ် ဆိုတဲ့ ဝါဆိုမိုးဦး
March 6, 2017 Asian Fame
ပရိသတ်ကို ကြည့်ပြီး မျက်ရည်ဝဲခဲ့ရတယ် ဆိုတဲ့ ဝါဆိုမိုးဦး

Wa-Soသရုပ်ဆောင်၊ အဆိုတော် ဝါဆိုမိုးဦးရဲ့ “မိုက်လားပြော ကြည့်” တေးအယ်လ်ဘမ် ပရိုမိုးရှင်းပွဲကို မတ်လ၂ ရက်နေ့ (တောင်သူ လယ် သမားနေ့) နေ့ခင်း ၃နာရီက လှည်းတန်း စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ ဝါဆိုမိုးဦးရဲ့ ပရိသတ်တွေ တစ်ခဲနက် လာရောက် အားပေးခဲ့ ကြပြီး ဒီပွဲမှာ ပဲ စီးရီးခွေ တစ်ထောင်ကျော် ရောင်းချခဲ့ရတယ် လို့ သိရပါ တယ်။ ဒီလိုတစ်ခဲနက် အားပေးလိမ့်မယ်လို့ မထင်ထားမိဘူး ဆိုတဲ့ ဝါဆိုမိုးဦးရဲ့ ဝမ်းသာပီတိ စကားသံက

“ဒီစီးရီးခွေလေးက ဝါဆို့တစ်ဘဝလုံးမှာ တကယ်ကို မျှော် လင့်ခဲ့ရတဲ့ အခွေလေးပါ။ ကြိုးစားမှုတွေ၊ အားထုတ်မှုတွေ အကုန်လုံး ပါတယ်။ ဒါကို ပရိသတ်တွေ အသိအမှတ်ပြုတဲ့ အတွက် တအား ကျေးဇူးတင်တယ်။ ပရိသတ်တွေကို ကြည့်ပြီး ပျော်လွန်းလို့ မျက်ရည်တောင် ဝဲပါတယ်” လို့ ဝါဆိုမိုးဦးက ပြောပါတယ်။

ဝါဆိုမိုးဦး ကလည်း “မိုက်လားပြောကြည့်” စီးရီးခွေထဲက တေးသီချင်းများနဲ့ ပရိသတ် တွေကို အားပါးတရ ဖျော်ဖြေပေးခဲ့ပြီး ပထမဆုံး စီးရီးခွေဝယ်ယူသူ ပရိသတ် အယောက် ၂ဝဝကို သူ့ရဲ့ ဒီဇိုင်းပုံ ပါတီရှပ်တွေကို အမှတ်တရလက် ဆောင်အဖြစ်ပေးခဲ့ပါတယ်။

 မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*