ထိုင်ဝမ်မော်ဒယ် ဂျက်ဆီကာ ဘေဘီဖက် နဲ့ အမ်တီဗီရိုက်ကူးမယ့် လွှမ်းပိုင်

ထိုင်ဝမ်မော်ဒယ် ဂျက်ဆီကာ ဘေဘီဖက် နဲ့ အမ်တီဗီရိုက်ကူးမယ့် လွှမ်းပိုင်
March 6, 2017 Asian Fame
ထိုင်ဝမ်မော်ဒယ် ဂျက်ဆီကာ ဘေဘီဖက် နဲ့ အမ်တီဗီရိုက်ကူးမယ့် လွှမ်းပိုင်

hlaw

အွန်လိုင်းမှာ Hot ဖြစ်ခဲ့တဲ့ ထိုင်ဝမ်မော်ဒယ် ဂျက်ဆီကာဘေဘီဖက်နဲ့ Music Video ရိုက်ကူးမှုကိုတော့ ဒါရိုက်တာအောင်မြတ်က ရိုက်ကူးမှာဖြစ်ပြီး သီချင်းကတော့ လွှမ်းပိုင်နဲ့ ဘန်နီဖြိုးတို့ရဲ့သီချင်းပဲဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ လွှမ်းပိုင်က…”ကျွန်တော်ရယ်၊ သူရယ်သီချင်းအသစ်လေးလုပ်ထားတာပါ။ အဲဒီသီချင်းလေးကို ရိုက်ဖြစ်မှာပါ။ ကျွန်တော် ရိုက်မယ်ဆိုပြီးစဉ်းစားထားသလိုမျိုးပေါ့။ အသက်ကြီးကြီး အဘိုးကြီးတွေက ကောင်မလေးကို လိုက်ပြီးတော့ နှာဘူးထတဲ့ ပုံစံ လေးပေါ့။ အပြောင်သဘောလေး ပေါ့။ သီချင်းကတော့ ကျွန်တော့်ရဲ့ ဂီတဗေဒထဲမှာပါမယ့်သီချင်းလေးပါ။ အဲဒါလေးကို ရိုက်ဖြစ်တာပေါ့နော်” လို့ ရိုက်ကူးမှုပုံစံကို ပြောပြပါတယ်။ လွှမ်းပိုင်လည်း ရုပ်ရှင်ဇာတ်ကားလေးတွေ တော်တော်များများရိုက်ကူးထားတာကြောင့် သူ့ရဲ့ ဒုတိယစီးရီးခွေအတွက် အနည်းငယ် ကြန့်ကြာနေပြန်ပါတယ်။ သူက မေလထဲမှာမှ အခွေ ထွက်တော့မယ်လို့ ဆိုပြီး သူ့ရဲ့ အနုပညာတွေနဲ့ပတ်သက်လို့…

” ၂လပိုင်းက ရိုက်ကူးရေးတွေနဲ့ အလုပ်များသွားတဲ့အတွက် အခွေကို မပြင်ဆင်နိုင်လိုက်လို့ ၃လပိုင်းကို ပထမကတော့မှန်းထားတယ်။ အခု ၃လပိုင်းကနေ ၅လပိုင်းကို ထပ်ရွှေ့ ထားပါတယ်။ သီချင်းခွေပြီးသွား ရင်တော့ ကိုဘိုစန်းနဲ့ တစ်ကားရိုက် ဖို့ပြောထားတယ်။ ဘာကားဖြစ်မလဲတော့ ကျွန်တော်လည်းမသိသေးဘူး။ ၆လပိုင်းကျရင်လည်းြေ<ွကဇာတ်ကားလေး တင်မယ်လို့ ပြောပါတယ်။ ကျွန်တော်ထွက်လာမယ့် အနုပညာလေးတွေကိုလည်း ကြည့်ပေးကြပါဦး” လို့ပြောပါတယ်။ လွှမ်းပိုင်တို့လို အဆိုတော်လည်း ဖြစ်သလို သရုပ်ဆောင်လည်းလုပ်ဖြစ်နေတဲ့ လူငယ်အနုပညာရှင်တစ်ယောက်အတွက်က တော့ ဖက်ရှင်ပိုင်းကို သေသေချာချာပြင်ဆင်ဝတ်ဖြစ်ရတာလည်းများပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်လို့ လွှမ်းပိုင်ဘယ်လို လေ့လာဖြစ်လဲလို့မေးတော့..

” များသောအားဖြင့် ဝတ်တာစားတာမှာ အခုခေတ် ယောကျာ်းလေးရော၊ မိန်းကလေးရောက Instagram မှာ မော်ဒယ်တွေကတော့ ဝတ်ပြနေကျပေါ့။ ဆောင်းတွင်းဆိုရင် လည်း ဆောင်းတွင်းနဲ့လိုက်မယ့်ပုံစံမျိုး၊ နွေရာသီဆိုရင်လည်း နွေရာသီနဲ့ လိုက်မယ့်ဖက်ရှင်မျိုးပေါ့နော်။ အဲဒီလို သူတို့ဝတ်တဲ့ ဖက်ရှင်မျိုး ကိုပဲ အဓိကလိုက်ကြည့်ကြပြီးတော့ သူတို့ ဆီမှာမော်ဒယ်တစ်ယောက်က ပစ္စည်း တစ်ခုကိုဝတ်လို့ခေတ်စားပြီဆိုလို့ရှိရင် အားလုံးက လိုက်ဝတ်ကြတယ်။ ကိုယ် တွေလည်း အဲဒီလို လိုက်ပြီးတော့ ပါအောင်ဝတ်၊ ဒါပါပဲ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*