Rap ကို Band နဲ့ဆိုချင်တဲ့ ဟစ်ဟော့ပ်အဆိုတော် Y.zet မေလအတွင်း တစ်ကိုယ်တော်တေးစီးရီးထွက်ဖို့ ရည်မှန်း

Rap ကို Band နဲ့ဆိုချင်တဲ့ ဟစ်ဟော့ပ်အဆိုတော် Y.zet မေလအတွင်း တစ်ကိုယ်တော်တေးစီးရီးထွက်ဖို့ ရည်မှန်း
March 3, 2017 Asian Fame
Rap ကို Band နဲ့ဆိုချင်တဲ့ ဟစ်ဟော့ပ်အဆိုတော် Y.zet မေလအတွင်း တစ်ကိုယ်တော်တေးစီးရီးထွက်ဖို့ ရည်မှန်း

Y Z

၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သူငယ်ချင်းဖြစ်သူ Oasix နဲ့အတူ ထွက်ရှိခဲ့တဲ့ “ပြောစမ်းပါ” အခွေကို အမ်တီဗီထွက်ဖို့ ညှိနှိုင်းနေပေမယ့် မိမိရဲ့တစ်ကိုယ်တော်စီးရီးကိုတော့ မေလအတွင်းထွက်နိုင်တော့မှာပါလို့ ဟစ်ဟော့ပ်အဆိုတော် Y.Zet ကပြောပါတယ်။ သူက…

” ကျွန်တော်သွားချင်တဲ့ပုံစံအတိုင်းပေါ့။ ကျွန်တော်က Rap ကို Band တွေနဲ့ ဆိုချင်တာပေါ့နော်။ အဲဒီအတွက်ကို ကျွန်တော်သွားချင်တဲ့ပုံစံတွေရောက်ဖို့ကို တော် တော် လုပ်ယူနေရပါတယ်။ ကျွန်တော်အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် ကြိုးစားပြီးလုပ်နေပါတယ်” လို့ ဆိုပါတယ်။ Y.zet တို့၊ ရွှေထူးတို့၊ Oasix တို့ ကသူငယ်ချင်းတွေဖြစ်ကြပြီး အိမ်တစ်အိမ်တည်းမှာ အတူနေထိုင်ပြီး ဂီတကို ဖန်တီးနေကြသူတွေလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေထူးရဲ့ “စိတ်ကူးယဉ်စာအုပ်” အမ်တီဗီမှာ Y.zet နဲ့ရွှေထူးတို့ သီဆိုထားတဲ့ “ငါမှန်တယ်”ဆိုတဲ့ သီချင်းလည်း ပါဝင်ထားပါတယ်။ သိပ်မကြာသေးခင်ကမှ ဆံပင်ပုံစံပြောင်းလိုက်တဲ့ Y.zet ကို သူအရင်ထားခဲ့တဲ့ Dread Locks ဆံပင်ပုံစံအကြောင်းလည်း မေးမြန်းခဲ့ပါသေးတယ်။ အွန်လိုင်းမှာ Hot ဖြစ်ခဲ့တဲ့ ဆံပင်ပုံစံကို ဘာဖြစ်လို့ ပြောင်းလိုက်တာလဲလို့မေးတော့ ..

” အဲဒီဟာကို ကျွန်တော်မနှစ်က ၃ လပိုင်းကနေ စပြီးထားတာပေါ့။ ကျွန်တော် ဖြုတ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်ကအမေပဲရှိတော့တယ်လေ။ အမေကနင်ငါ့ဆီကိုလာရင် အဲဒီဟာကြီးနဲ့ မလာနဲ့ ။ အမေက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းကပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လူငယ်တွေအတွက် အထာကျတယ်ဆိုပေမယ့် လူကြီးတွေအတွက်ကတော့ အဆင်မပြေဘူးပေါ့နော်။ အမေ့ကိုလည်း ကျွန်တော်ကဘာမှ စိတ်ချမ်းသာအောင်ထားနိုင်တာ မဟုတ်တဲ့ အတွက်ကြောင့် ဒါလေးဖြုတ်ပေးလိုက်ရတာ ဘာမှမဖြစ်ပါဘူးဆိုပြီးအမေ့အတွက် ဖြုတ်ပေးလိုက်တာပါ” လို့ Y.zet ကပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*