သီချင်းဘက်ကိုပဲ ဦးစားပေး လုပ်ဖြစ်သွားမယ့် အကယ်ဒမီ ချစ်စနိုးဦး

သီချင်းဘက်ကိုပဲ ဦးစားပေး လုပ်ဖြစ်သွားမယ့် အကယ်ဒမီ ချစ်စနိုးဦး
February 28, 2017 Asian Fame
သီချင်းဘက်ကိုပဲ ဦးစားပေး လုပ်ဖြစ်သွားမယ့် အကယ်ဒမီ ချစ်စနိုးဦး

Chit-Snow-Ooချစ်စနိုးဦးက လတ်တလောမှာ နယ်ပွဲတွေပဲ သီချင်း ဆက်တိုက် ဆိုဖြစ်နေပြီး သင်္ကြန် ပြီးရင်တော့ သူ့ရဲ့ တစ်ကိုယ်တော် စီးရီး “ခိုနားခွင့်ပေးပါ” စီးရီးရဲ့ အမ်တီဗီ ထွက်ရှိဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ အမ်တီဗီ ထွက်ရှိဖို့ အတွက် အခက်အခဲလေး တွေ ရှိကြောင်းကို ချစ်စနိုးဦး က..

“အစ်မစီးရီးခွေက ၆ ပုဒ် လောက် ရိုက်ပြီးသွားပြီ။ နောက်ထပ် ၅ ပုဒ်လောက် ကျန်သေးတယ်။ အရင်တုန်းက ဆိုရင် လေးငါးဆယ် သိန်း လောက်နဲ့ ဗီစီဒီ တစ်ပုဒ် ရတယ်။ အခုခေတ် ကျတော့ မရတော့ ဘူး။ အကုန်လုံးက အများကြီးတွေ အ ကုန်ခံပြီး ရိုက်ကူးနေကြတော့ အစ်မ လည်း စုလိုက်၊ ရိုက်လိုက်နဲ့ နည်း နည်းလေး အချိန်ယူနေတာ။ သင်္ကြန် ပြီးမှပဲ ထွက်မယ် ထင်တယ်။ ကိုယ် ကတော့ အမြန်ဆုံး ထွက်ချင်တာ ပေါ့။ ပရိုဂျူဆာလည်း မရှိဘူး။ ကိုယ့်ဘာသာ လုပ်နေတဲ့အခါကျ တော့ မှန်းတာတော့ မှန်းတာပေါ့။ ဒါပေမဲ့ မှန်းသလောက် ချက်ချင်း မြန်မြန် မရဘူး။ ရိုက်တာကလည်း ကိုယ်တစ်ယောက်တည်း ရိုက်လို့မှ မရတာ။ ကိုယ်ရိုက်ကူးနိုင်တယ် ဆိုပေ မယ့် ဒါရိုက်တာက အားမှ၊ ဟိုလူအား မှ၊ ဒီလူအားမှ ရိုက်ကူးရတာ ဆိုတော့ ညှိရင်း ညှိရင်းနဲ့ တစ်လတစ်ပုဒ် လောက်ပဲ ရိုက်ကူးဖြစ် တယ်” လို့ ပြောပါတယ်။ “ခိုနားခွင့်ပေးပါ” အမ်တီဗီ ထွက်ရှိလာရင်လည်း အကောင်းဆုံး မျှော်လင့်ထားပေမယ့် ပရိသတ် ကြိုက်တာ၊ မကြိုက်တာက စီးရီးခွေ ထွက်လာမှ ပရိသတ် ရဲ့ Feedback ကို နားထောင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ ချစ်စနိုးဦးက “မြန်မာပေါကား တွေရပ်” ရုပ်ရှင်ဇာတ်ကား ကြီးမှာ ချင်းတိုင်းရင်းသူ တစ်ယောက် အဖြစ် ပါဝင်ရိုက်ကူးထားပြီး နောက်ပိုင်းမှာတော့ သီချင်းဘက် ကို ပဲ ဦးစားပေး လုပ်ဖြစ်သွားမှာ ဖြစ် ကြောင်း ပြောပါတယ်။

တွယ်တာ

၊ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*