ပညာရဲရင့် ပွဲလယ်တင့်တဲ့ အမျိုးသမီးသုံးဦး Hidden Figures

ပညာရဲရင့် ပွဲလယ်တင့်တဲ့ အမျိုးသမီးသုံးဦး Hidden Figures
February 28, 2017 Asian Fame
ပညာရဲရင့် ပွဲလယ်တင့်တဲ့ အမျိုးသမီးသုံးဦး Hidden Figures

Hidden-Figures-1-620x426

ဟောလိဝုဒ်က ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားထွက်ရှိလာခဲ့ရာ ပြသမှုကြာမြင့်ချိန်က ၂နာရီနဲ့ ၇မိနစ်ပါ။ ရုံတင်နေဆဲကာ လတစ်လကျော်အတွင်းမှာပဲ အမေရိကန် ဒေါ်လာ ၂၅သန်းသာ ကုန်ကျခဲ့တဲ့ ဒီရုပ်ရှင်ဟာ အမေရိကန်ဒေါ်လာ သန်း၁၄ဝကျော် ပြန်ဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတကင်နေဒီ သက်ရှိထင်ရှား တာဝန်ထမ်းဆောင် နေတဲ့အချိန် ၁၉၆၁ ခုနှစ်၊ ဗာဂျီးနီးယားပြည်နယ်မှာ “နာဆာ”ဆိုတဲ့ အမည်နဲ့ အာကာသစီမံကိန်းကြီးတစ်ခုကို အကောင်အထည်ဖော်ဆောင်ရာမှာ မိမိတို့က ဘယ်လောက်ပဲ အောက်တန်းကျ တဲ့လူမျိုးအဖြစ် ဝိုင်းဝန်းသက်မှတ်ပြီး နိမ့်ချကာ စည်းအပြင် ထုတ်ကြပေမယ့် မိမိတို့တိုင်းပြည်အတွက် မိမိတို့ရဲ့လုပ်ငန်းဆောင်တာများ၊ မိမိတို့ထက်ဂုဏ်ရည်ပါရမီ ရင့်သန်ပြီး မိမိတို့မစွမ်းဆောင်တဲ့အရာကို ဝင်ပြီး စွမ်းဆောင်ပေးတဲ့ အာဖရိကန်လူမျိုး အမေရိကန်ဖွား နီဂရိုးအမျိုးသမီးသုံးယောက် ကို အားကိုးယုံကြည်စွာ ဆရာတင်ခဲ့ရတဲ့ အမေရိကန် လူမျိုးတို့အကြောင်းလည်းဖြစ် သလို၊ ၁၉၆၉ခုနှစ်များ အပိုလို၁၁နဲ့လပေါ် လူရောက်အောင် ပို့ဆောင်တဲ့ မာကျူရီပရောဂျက်ရဲ့ ပျံသန်းမှုဆိုင်ရာအတွက် အမေရိကန် သိပ္ပံပညာရှင်တွေ ဝေဝါးနေတဲ့ ကိန်းဂဏန်း တွေကို တာဝန်ယူတွက်ချက်ပေးပြီး အောင် မြင်မှုရဲ့ နောက်ကွယ်မှာသာ နေထိုင်သွားကြရတဲ့ နီဂရိုးအမျိုး သမီးသုံးဦးရဲ့ ဖြစ်ရပ်မှန်ဘဝ ဇာတ်ကြောင်းလည်း ဖြစ်ပါတယ်။

သူတို့ သုံးယောက် အမည်ကတော့ ဒိုရိုသီဗားဂတ်၊ မယ်ရီဂျက်ဆန်နဲ့ ကတ်သရင်း ဂျွန်ဆင်တို့ပဲ ဖြစ်ပါတယ်။ စာရေးဆရာ Margot Lee Shet-terly ရေးသားတဲံ့Hidden Figures ဆိုတဲ့ စာအုပ်ကို အခြေခံ ကျောရိုးယူ ပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပညာရဲရင့်ပွဲ လယ်တင့်တဲ့ အဲဒီပါရမီရှင်အမျိုး သမီးသုံးဦးအဖြစ် သရုပ်ဆောင်သူတွေက တော့ ကတ်သရင်းဂျွန်ဆင်အဖြစ် တာရာဂျီ ဟန်ဆန်၊ ဒိုရိုသီ ဗားဂတ်အဖြစ် အိုတာဗီယာစ ပန်ဆာနဲ့ မယ်ရီဂျက်ဆန်အဖြစ် ဂျနယ်လီမို နေးတို့ ဖြစ်ကြပါတယ်။ သူတို့သုံးဦးဟာ အာဖရိကန်လူမျိုး အမေရိကန်ဖွား နီဂရိုး မများဖြစ်ကြပေမယ့် နာဆာမှာ အရေးကြီးတဲ့ သင်္ချာတွက်ကိန်းတွေကို အမေရိကန်လူဖြူ သိပ္ပံပညာရှင်ဆိုသူတွေနဲ့အတူ ရင်ပေါင် တန်းပြီး တွက်ချက်ကာ ကမ္ဘာ့ပထမဆုံး အာကာသ ခရီးစဉ်တွေအောင် မြင်နိုင်ဖို့အတွက် မထင်ရှားသူများဘဝနဲ့ နောက်ကွယ်က စွမ်းဆောင်ပေးကြရပါတယ်။

ဆိုဗီယက် (ရုရှား)နဲ့ အာကာသ ပြိုင်ပွဲ ကြီးယှဉ်ပြိုင်နေရတဲ့ အချိန်မှာ နာဆာဟာ စွမ်းဆောင်ရည် မြင့်မားတဲ့ အာဖရိကန်လူမျိုး အမေရိကန်ဖွား သင်္ချာပညာပါရမီရှင် နီဂရိုး အမျိုးသမီးသုံးဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (သူတို့ဟာ တစ်ချိန်မှာ အမေရိန်ကန်သမိုင်းရဲ့ အကြီးမားဆုံး လုပ်ငန်းစဉ်ကြီးတွေကို လုပ် ဆောင်နိုင်တဲ့ ဦးနှောက်စွမ်းအားတွေကို ပိုင် ဆိုင်ထားကြတာပဲလို့ သိမြင်သွားကြပြီး သူတို့သုံးဦးကို လူသားကွန်ပျူတာတွေလို့ ခေါ်ကြ ပြောကြမိတဲ့အထိ လူသားအကျိုးပြုသူများ ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။)

ကမ္ဘာပတ်လမ်းကြောင်းထဲကို အာကာသ မှူးဂျွန်ဂလင်းန်ကို ပို့ဆောင်ပေးနိုင်ပြီး ကမ္ဘာကို ပြန်လာနိုင်ဖို့ အာမခံချက်တွေ ရဲရဲ ရင့်ရင့် ပေးနိုင်မယ့် ပျံသန်းခြင်းဆိုင်ရာ တွက် ချက်မှုတွေကို မြန်မြန်ဆန်ဆန်နဲ့ အမှန်ကန် ဆုံး ရရှိနိုင်ဖို့အတွက် နီဂရိုးအမျိုးသမီးပညာ ရှင်သုံးယောက်အစွမ်းကုန်ကြိုးစားအား ထုတ် ခဲ့ကြတာတွေကို ကြည့်ကြရမှာဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ သမိုင်းဝင်သူရဲ ကောင်းတွေအဖြစ် မှတ်ကျောက်တင်ခံကြ ရပြီး အာကာသပြိုင်ပွဲမှာ အမေရိကန် ပါဝင် နိုင်ရေး၊ လိင်၊ အသားအရောင်နဲ့ ကျွမ်းကျင်မှု ဆိုင်ရာ ခွဲခြားနိမ့်ချ ဆက်ဆံမှုတွေကို အပြုံး မပျက် ကျော်ဖြတ်ခဲ့ကြပုံတွေ၊ သူတို့ရဲ့စွမ်း ဆောင်ရည်တွေကို အားကျအတု ယူစရာတွေ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဝင်းကိုမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*