‘တောင်တန်းတွေရဲ့အလွန် ‘ ဝတ္ထုကို Limited Edition အဖြစ် ထုတ်ခြင်းက ငွေကြေးအမြတ်အစွန်းအတွက် မဟုတ်ကြောင်း ပုညခင် ပြော

‘တောင်တန်းတွေရဲ့အလွန် ‘ ဝတ္ထုကို Limited Edition အဖြစ် ထုတ်ခြင်းက ငွေကြေးအမြတ်အစွန်းအတွက် မဟုတ်ကြောင်း ပုညခင် ပြော
February 27, 2017 Asian Fame
‘တောင်တန်းတွေရဲ့အလွန် ‘ ဝတ္ထုကို Limited Edition အဖြစ် ထုတ်ခြင်းက ငွေကြေးအမြတ်အစွန်းအတွက် မဟုတ်ကြောင်း ပုညခင် ပြော

Pone Nya Khin copy

 စာအုပ်ထုပ်ပိုးထားတာကို မြင်တွေ့ရပါတယ်။ Limited Edition အနေနဲ့တော့ အုပ်ရေ ၃ဝဝသာ ထုတ်လုပ်သွားမှာ ဖြစ် ကြောင်းလည်း သိရပါတယ်။ ဆရာမ ပုညခင်က Limited Edition အနေနဲ့ အုပ်ရေ ၃ဝဝ ဖြန့်ချိဖို့ ကြေညာခဲ့ပေမယ့် အမှာ ၂ဝဝဝ ကျော်ရောက်လာတဲ့ အတွက် အခက်အခဲ အနည်းငယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို Limited Edition ထွက်ရှိမှုမှာလည်း ဝေဖန်မှုများစွာရှိခဲ့တာကြောင့် ဒီဝေဖန် ချက်တွေအပေါ် ဆရာမ ပုညခင်ကို မေးမြန်းတော့..

“အစ်မက Limited Edition ၃ဝဝ ထုတ်မယ်။ အမှာကလည်း ၂ဝဝဝ ကျော်ဖြစ်လာတယ်။ ဒါကလည်း အစ်မရဲ့ ပထမဆုံး Limited Edition ဖြစ် တဲ့အတွက် မရလိုက်တဲ့ သူတွေက ထပ်ထုတ်ပေးဖို့ တောင်း ဆိုကြတယ်။ ဒီအပေါ်မှာ ဘာလုပ်ရမှန်းမသိတာကြောင့် အစ်မရဲ့ ပရိသတ်တွေကို လှမ်းမေး လိုက်တာပါ။ အဲဒါနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ကောလာဟလတွေက ပိုထုတ်တယ်ဆိုပြီး ပြန့်နှံ့လာတာတွေ့ရတယ်။ အစ်မကလည်း ငွေကြေး အမြတ်အစွန်းအတွက် ရည်ရွယ်ပြီး ထုတ်တာ မျိုးမဟုတ်ဘဲ အမှတ်တရလက်ဆောင်ပေး ချင်သူတွေ၊ သိမ်းထားချင်သူတွေအတွက် ရည်ရွယ်ပြီးထုတ်ခဲ့တာပါ။ ဒါကြောင့် အစ်မ Limited Edition ကို ၃ဝဝ ပဲ ထုတ်မယ်။ ပုံမှန်အပြင်အဆင်နဲ့က တော့ ပုံမှန်ဈေးနှုန်းနဲ့ လိုသလောက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါ တယ်။ နောက်တစ်ခုက ရိုးရိုးစာအုပ် ကို အိတ်ထဲထည့်ပြီး ရောင်း တယ်လို့ ပြောနေကြတဲ့ အပေါ်မှာလည်း အစ်မ အနေနဲ့ အထွေအထူး ရှင်း လင်းခြင်းမရှိပါဘူး။ အစ်မပရိသတ်တွေနဲ့ အစ်မကြားမှာ ယုံ ကြည်မှုတစ်ခုရှိပါ တယ်။ အထဲမှာ ဘာ ပါပါ၊ မပါပါ ဆရာမ ထုတ်တဲ့ စာအုပ်ကို ဝယ်မယ်ဆိုတဲ့ ပရိသတ်တွေအများ ကြီးပါ” လို့ ပြောပါ တယ်။ ဆရာမ ပုညခင်က နောက်ထပ်လုံးချင်းဝတ္ထု တစ် ပုဒ်ကို စတင်နေပြီဖြစ်ပြီး ဝတ္ထုမဟုတ်တဲ့ စာအုပ်တစ် အုပ်ကိုလည်း ထွက်ရှိသွားမယ် လို့ သိရပါတယ်။

မြတ်မိုးပွင့်
မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*