အခက်အခဲတွေ ကြားထဲက ရုန်းကန်ခဲ့ရတဲ့ သရုပ်ဆောင် ဇော်ဇော်အောင်ရဲ့ ဇာတ်ပို့ ဇာတ်ရံဘဝ ဖြတ်သန်းမှု

အခက်အခဲတွေ ကြားထဲက ရုန်းကန်ခဲ့ရတဲ့ သရုပ်ဆောင် ဇော်ဇော်အောင်ရဲ့ ဇာတ်ပို့ ဇာတ်ရံဘဝ ဖြတ်သန်းမှု
February 27, 2017 Asian Fame
အခက်အခဲတွေ ကြားထဲက ရုန်းကန်ခဲ့ရတဲ့ သရုပ်ဆောင် ဇော်ဇော်အောင်ရဲ့ ဇာတ်ပို့ ဇာတ်ရံဘဝ ဖြတ်သန်းမှု

ZAW_1415

မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကမှာ ဇာတ်ပို့ဇာတ်ရံများ အဖြစ်ကနေ အောင်မြင် ထင်ရှားတဲ့ သရုပ်ဆောင် များအဖြစ် ကြိုးစား စွမ်းဆောင် တက်လှမ်း ရယူပိုင်ဆိုင်ခဲ့ကြသူ အနု ပညာရှင်တွေ ရှိခဲ့ကြပါတယ်။ ဖိုးပါကြီး၊ စိန်မြင့်၊ အံ့ကျော်၊ သန်းဖေလေး၊ မိုးဒီ၊ ဇော်ဦး၊ စံရှားတင်၊ ဝါဝါအောင်၊ တက္ကသိုလ်ဂွမ်းပုံ စတဲ့ ဇာတ်ပို့ဇာတ်ရံ အနုပညာရှင်တွေ ကတော့ သူ့ခေတ် သူ့အခါမှာ ကိုယ်စီ လူသိများ ထင်ရှား ကျော်ကြားအောင် မြင်ခဲ့ကြပြီး အနုပညာ မှတ်ကျောက် တင်နိုင်ခဲ့သူတွေပဲ ဖြစ်ကြပါ တယ်။ ဇာတ်ကားတစ်ကားမှာ ဇာတ်လမ်း ဇာတ်ကွက် အချိတ်အဆက် မိမိ ဇာတ်ဆောင် ဇာတ်ရုပ် သရုပ်သကန် ပီပြင်စေဖို့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ ပါဝင်မှု အခန်း ကဏ္ဍ အပေါ် လိုက်ပြီး အနုပညာ အရည်အသွေး ပြည့်ဝ မှုပေါ် လွင်စေကာ အကောင်း ဆုံး ဇာတ်ကား တစ်ကား ဖြစ်စေတယ် လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ဒီတစ်ပတ် ဇာတ်ပို့ ဇာတ်ရံများ အခန်းကဏ္ဍ နဲ့ပတ်သက်လို့ ပေါ်ပြူလာ ဂျာနယ်မှ အထူးပြု တင် ဆက် ရာ အခုအခါ မြန်မာ့ရုပ်ရှင် ဗီဒီယို နယ်ပယ်မှ သရုပ်ဆောင် လောကထဲ မှာ ပရိသတ် တို့အကြား လူသိ ထင်ရှားနေသူ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ သရုပ် ဆောင် ဇော်ဇော်အောင်နဲ့လမင်းကဗျာကို တွေ့ဆုံမေးမြန်း တင်ဆက်လိုက်ပါတယ်။

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် အနုပညာအစ

အခုလက်ရှိ ကျွန်တော်တို့ ဇာတ်ပို့ ဇာတ်ရံ ဖြတ်သန်းနေရတဲ့ ပုံစံ ကတော့ ဟိုးအရင် ကထက် ဇာတ်ပို့ တွေ ပိုများလာတယ်။ အရင်ခေတ် က ဇာတ်ပို့ နေရာကို ဘယ်သူ့ကို ခေါ်ရိုက်ကူးရမလဲဆိုပြီး စဉ်းစားရ တယ်။ ဦးမျိုးမင်းတို့၊ မင်းမော်ကွန်း တို့ စရိုက်ကူးမှ ကျွန်တော့်ကို သူငယ် ချင်း အခန်းတွေမှာ သုံးလာတယ်။ ကျွန်တော်ဝါသနာပါလို့ဆိုပြီး အစ်ကို ဆရာကျော်ရဲအောင် နောက်ကို လိုက်တယ်။ လိုက်ရင်းနဲ့ တစ်ခန်းလို တစ်ခန်းဝင် ရိုက်ကူးရင်း ဖြတ်လျှောက် ဘဝကနေစပြီး အနုပညာ လောကကို ဝင်လာတာပါ။

ဇာတ်ပို့ဇာတ်ရံတို့ ဘဝ ရပ်တည်မှု အခက်အခဲ

ကျွန်တော် ဇာတ်ပို့ တစ်ယောက် အနေနဲ့ အဓိက အခက်အခဲကတော့ ပိုက်ဆံ မဖြစ်စလောက်လေး နဲ့ ကိုယ့် ဘာသာကိုယ် အဆင်ပြေအောင် နေ ရတယ်။ ဇာတ်ကား တစ်ကား ရိုက် ကူးရင် ဇာတ်ပို့ တစ်ယောက်က Taxi ပြန် တွက်ရင် သုံးပုံတစ်ပုံ လောက် က Taxi  ဖိုးပြန်ပါသွားတယ်။ ကျွန်တော်တို့ စရိုက်ကူးတုန်းက ရွှေဈေး နဲ့ရတယ်။ ဥပမာ- ကျွန်တော် တို့ လေးသောင်း ရရင် ရွှေဈေး က လေးသောင်းခွဲ၊ တစ်ကားရိုက်ပြီး ရွှေတစ်ကျပ်သား ဝယ်လို့ရတယ်။ အခုခေတ် ကျတော့ ဘယ်လိုမှ လိုက် လို့မရတော့ဘူး။

ဇာတ်လမ်း ဇာတ်ကွက် နေရာပေးမှု နှင့် ဇာတ်ပို့ဇာတ်ရံတို့ အနုပညာ အရည်အသွေး

လက်ရှိအနေအထားမှာ ဇာတ်ပို့တွေ နေရာ ရလာဖို့အတွက် ကိုယ့်ဘာသာ ကိုယ် ကြိုးစားရတယ်။ ကျွန်တော့် အနေနဲ့ လက်ရှိ အချိန်ကာလမှာ ဇော်ဇော်အောင် ဆိုပြီး ဇာတ်ပို့နေရာ ရရှိနေပေမယ့် ကျေနပ် အားရမှု ဆိုတာကတော့ အနုပညာရှင်တိုင်း အတွက် အနုပညာ နဲ့ပတ်သက်ရင် သိပ်ရှိကြတာ မဟုတ်  ဘူး။ နိုင်ငံခြားမှာတော့ ဇာတ်ပို့တွေကို နေရာပေးတာတွေ ရှိတယ်။ မြန်မာပြည်နဲ့တော့ ကွာတာလေးတွေ ရှိတယ်။

ဇာတ်ပို့ဇာတ်ရံတို့ရဲ့ အနုပညာကြေး အတိုင်းအဆ

ကျွန်တော်တို့မှာ အပြိုင်အဆိုင် တွေရှိတယ်။ မင်းသားနေရာ ကနေ ဇာတ်ပို့ရိုက်တဲ့ သူတွေရှိတယ်။ အဲဒီလို အဆင့်တွေ ခွဲလိုက်တော့ ကျွန်တော်တို့ အနုပညာကြေး ပိုတောင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် တော့ဘူး။ မင်းသားဟောင်းတွေ၊ တချို့ မင်းသားသစ်တွေ က ဇာတ်ပို့ဇာတ်ရံ နေရာကနေ ဝင် ရိုက်ကူးနေတော့ ကျွန်တော်တို့ အတွက် လုပ်ပိုင်ခွင့် သိပ်မရှိတော့ပါဘူး။ လောဘလည်း တအား မကြီးတော့ဘူး။ ပုံမှန်လေး ကိုယ့်လမ်းကိုယ် အေးဆေး ကြိုးစားနေတယ်။ ဇာတ်ကား တစ်ကားမှာ ဇာတ်ပို့က ၄ဝ ရာခိုင်နှုန်း လောက်တော့ အရေးပါတယ်။ ဇာတ်ပို့ဆိုတာ အရင်ခေတ် ကတည်းက အရေးပါသလို နောက်ခေတ် တွေမှာလည်း အရေးပါနေဦးမှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*