ဟစ်ဟော့ပ်အဆိုတော် ဂျောက်ဂျက် ပြောမယ့် စကားလုံးဘုရင်

ဟစ်ဟော့ပ်အဆိုတော် ဂျောက်ဂျက် ပြောမယ့် စကားလုံးဘုရင်
February 27, 2017 Asian Fame
ဟစ်ဟော့ပ်အဆိုတော် ဂျောက်ဂျက် ပြောမယ့် စကားလုံးဘုရင်

Jouk Jack copy

ဂျောက်ဂျက်သူ့ရဲ့ တတိယ အခွေဖြစ်တဲ့ ‘စကားလုံးဘုရင်’ ကို ပရိသတ်ရှေ့ ချပြတော့မှာပါ။ သူက ‘စကားလုံးဘုရင်’နဲ့ပတ်သက်ပြီး တော့က “ကျွန်တော်ဒီအခွေမှာ ဖီးချားရင်း အားကိုမယူထားဘူးFamily ကSatan တစ်ယောက်ပဲပါ တယ်။ အတီးသမား ၅ယောက်ပါ တယ်။ Mixing တွေက သူတို့ ၅ယောက် စလုံးပဲ သူတို့ကိုယ်တိုင် စိတ်ကြိုက်ဆွဲကြတယ်။ ဒီအခွေကို အကောင်းဆုံး လုပ်ထားတယ်ပြော တာ မဟုတ် ဘူး။ ကျွန်တော် လုပ်နိုင် တာထက်ကို ပိုပြီးတော့လုပ်ထား တယ်။ ကျွန်တော်ဒီနေ့တစ်ရက်ကို ၈ နာရီပဲ အိပ်ရင်နောက်နေ့မှာ ၆ နာရီ ပဲအိပ်၊ ပြီးတော့နေ့ရော၊ ညရော အလုပ် တွေလုပ်ထားတယ်။ ပြောချင် တဲ့ အကြောင်းအရာတွေ၊ သွားချင် တဲ့လမ်းကြောင်းတွေကို အခွေထဲမှာ တစေ့တစောင်း ပါ ပါတယ်” လို့ပြော ပါတယ်။ မတ်လ ၅ ရက်နေ့ ရန်ကုန် လှည်းတန်းစင်တာမှာ လုပ်မယ့် ပရိုမိုးရှင်းမှာ သူငယ်ချင်း တွေနဲ့အတူ တပျော်တပါး သီချင်းတွေဆို မယ့် ဂျောက်ဂျက်က မန္တလေးမှာပရို မိုး ရှင်းမလုပ်နိုင်တဲ့အတွက်ကိုလည်း

“ပရိုမိုးရှင်းကတော့ ဟုတ်ပါ တယ်။ ရန်ကုန်တစ်ခုတည်းပါပဲ။ အစကတော့ မန္တလေးတို့ဘာတို့ သွားချင်တယ်။ ဒါပေမဲ့ အချိန်နီးကပ် မှလုပ်လိုက်ရတဲ့အတွက် မန္တလေး ပရိသတ်ကိုလည်း တောင်းပန်ရ ပါဦးမယ်။ အစကတော့ လာဖို့ စိတ်ဆန္ဒရှိပေမယ့် ကပ်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ ဟိုဟာမနိုင်၊ ဒီဟာမနိုင်ဖြစ်ပါသေးတယ်။ ကျွန် တော်ကိုယ်တိုင်ကလည်း ပေါ့ လျော့ မှုကြောင့်ပေါ့နော်။ အဲဒီအခါ မန္တလေးကိုလာဖို့အတွက် ချက်ချင်း ကြီးစီစဉ်ဖို့ဆိုတာ ဘယ်လိုမှ အဆင် မပြေဘူးပေါ့နော်။ အဲဒီအတွက် နောက်ပိုင်းမှာ ကျွန်တော်တို့ Music Tour လေးတစ်ခုတော့လုပ်ဖို့ရှိပါ တယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*