သိန်း ၆ဝဝ နီးပါး အကုန်အကျခံ ရိုက်ကူးထားတဲ့ ဝါဆိုမိုးဦး ရဲ့ Music Video အခွေ

သိန်း ၆ဝဝ နီးပါး အကုန်အကျခံ ရိုက်ကူးထားတဲ့ ဝါဆိုမိုးဦး ရဲ့ Music Video အခွေ
February 27, 2017 Asian Fame
သိန်း ၆ဝဝ နီးပါး အကုန်အကျခံ ရိုက်ကူးထားတဲ့ ဝါဆိုမိုးဦး ရဲ့ Music Video အခွေ

ZAW_1199သရုပ်ဆောင် အဆိုတော် ဝါဆိုမိုးဦးရဲ့ “မိုက်လားပြောကြည့်” တစ်ကိုယ်တော် စီးရီးခွေကို  မတ်လ(၂) ရက်နေ့မှာ စတင် ဖြန့်ချိတော့ မှာ ဖြစ်ပါတယ်။ ဒီအခွေထဲ မှာတော့ လူငယ်ကြိုက်တေး သီချင်းတွေ အဓိက ထည့်သွင်းထားပြီး ငွေကြေး အမြောက်အမြား အကုန်အကျခံ ရိုက် ကူးထားတယ်လို့ သိရပါတယ်။ ဒီလို အကုန်ကျခံ ရိုက်ကူးထားတဲ့ အပေါ် ဝါဆိုမိုးဦးက…

“တစ်ခွေလုံးဆိုရင် ဝါဆို သိန်း ၅ဝဝကျော် ၆ဝဝ နီးပါး လောက် အကုန်ကျ ခံထားပါတယ်။ ဝါဆိုက သရုပ်ဆောင် တစ်ယောက်ပါ။ သီချင်း ဆိုရတာ ခက်ခဲပါတယ်။ ဒါကြောင့် လေ့ကျင့်မှု တွေ အများကြီး လုပ်ခဲ့ရပါတယ်။ ဒါကလည်း ပရိတ်သတ်တွေ အတွက် ပါ။ နောက် တစ်ချက် က ဝါဆို အလုပ် တစ်ခုခု လုပ်တော့မယ် ဆိုရင် သေသေချာချာလေး လုပ်ချင်တဲ့ ဝါဆို့ရဲ့ အကျင့်ကြောင့်လည်း  ပါပါ တယ်။ ဒီအခွေက ဝါဆို့ အကြိုက်ပါပဲ။ ဝါဆို စိတ်တိုင်းကျ ဖန်တီး ထားတယ်။ ပရိတ်သတ်တွေ ကြိုက်ရင် ဝါဆိုကျေနပ်တယ်။ ပရိသတ် တွေ ဆီကလည်း အများကြီး မျှော်လင့်ထားပါတယ်” လို့ ဝါဆိုမိုးဦး ကပြောပါတယ်။

“မိုက်လားပြောကြည့်” စီးရီးခွေမှာ ဝါဆိုမိုးဦးရဲ့ ဂီတလောက က သူငယ်ချင်းတွေ အပြင် အနုပညာ လောကက သူငယ်ချင်း တွေကပါ ဝိုင်းဝန်း ကူညီ ပေးထားကြပါတယ်။ ဒီအခွေက ဝါဆို မိုးဦးရဲ့ ပထမဆုံး တစ်ကိုယ်တော် အခွေ ဖြစ်ပြီး ရွှေဂျော်ဂျော်၊ G-Fatt ၊ ဖြိုးလေး(Snare) တို့က တေးသီးချင်းများ ရေးသား ပေးထားတဲ့အပြင် နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ဖြိုးလေး (ှညမေန) နဲ့ စန္ဒီမြင့်လွင် တို့က Featuring များအဖြစ် ပါဝင် သီဆိုထားကြပါတယ်။ ဒါ့အပြင် နိုင်းနိုင်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း ၊ ဖြိုးလေး (Snare)၊ အလင်းရောင်၊ ရွှေထူး၊ သန္တာဗိုလ်၊ ဆန်းသစ်လ၊ ယွန်းမီမီကျော်၊ မေ စတဲ့ သရုပ်ဆောင် များစွာကလည်း ပါဝင် သရုပ်ဆောင် ထားပြီး ဒါရိုက်တာ ဝင်းလွင်ထက်၊ အောင်မြတ်၊ အာကာ၊ ထူးပိုင်ဇော်ဦး၊ မေဘရဏီ၊ သုံးပေါင်၊ ကိုထက် နဲ့ ကိုရန်နိုင် တို့က Music Vedio များကို ရိုက်ကူးပုံဖော် ထားကြပါတယ်။ ဒီအခွေ ဖန်တီးနေတဲ့ အချိန် တွေ့ကြုံရတဲ့ အခက်အခဲတွေ နဲ့ ပက်သက် လို့ မေးမြန်းတော့…
ZAW_1213
“ဒီအခွေ ဖန်တီးနေတဲ့ အချိန်မှာ အခက် အခဲတွေ ပြော မပြတတ် လောက်အောင် များပါတယ်။ စိတ်ကော၊ လူကော တအား ပင်ပန်းခဲ့ရတယ်။ သီချင်းတစ်ပုဒ် သွင်းရင်လည်း Recording (၁၅) ခါလောက်ဝင်ရတယ်။ ဝါဆို့ကို အနု ပညာ မောင်နှမတွေ အားလုံးက ဝါဆို လိုအပ်နေချိန် မှာ အစစ အရာရာ ဝိုင်းဝန်း ကူညီကြတယ်။ သင်ကြား ပေးကြတယ်။ ကိုဖြိုးလေး ကလည်း သူ့ရဲ့ အတွေ့အကြုံ မှန်သမျှ ကို ပြောပြ ပါတယ်။ သီချင်းတွေလည်း ရေးပေးတယ်။ အခက်အခဲ များစွာ ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက်လည်း ဝါဆို ပျော်ပါတယ်။ အနုပညာ ရှင် ပေါင်းများစွာ ပါဝင်တဲ့ အတွက်လည်း ရသမျိုးစုံကို ခံစားရမှာပါ” လို့ ဝါဆိုမိုးဦး ကပြောပါတယ်။

ဒီအခွေရဲ့ Audio CD မှာတော့ တေးသီချင်း ၁၂ပုဒ် ပါဝင်ပြီး music Video DVD  မှာ သီချင်း ၁ဝ ပုဒ်ထည့် သွင်းထားတာ ဖြစ်ပါတယ်။

မိုက်လားပြောကြည့် စီးရီးခွေ ပရိုမိုးရှင်းပွဲ ကိုတော့ မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီမှ ၆ နာရီအထိ လှည်းတန်း စင်တာမှာ ပြုလုပ် သွားမှာဖြစ်ပြီး ဝါဆိုမိုးဦးနဲ့ အတူ အနုပညာရှင် များစွာက တေးသီချင်း ဖျော်ဖြေမှုနဲ့အတူ အမှတ်တရ လက်မှတ် ရေးထိုးပေး သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*