လုံးဝ အလျော့မပေးဘဲ ကြိုးစားသွားမယ့် သင်ဇာဝင့်ကျော်

လုံးဝ အလျော့မပေးဘဲ ကြိုးစားသွားမယ့် သင်ဇာဝင့်ကျော်
February 27, 2017 Asian Fame
လုံးဝ အလျော့မပေးဘဲ ကြိုးစားသွားမယ့် သင်ဇာဝင့်ကျော်

ThinZarWintKyaw(1)သင်ဇာဝင့်ကျော် က ရွှေကြာ ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ ဝိုင်း၊ ဖွေးဖွေး တို့နဲ့အတူ ရိုက်ကူးရ မှာဖြစ်တဲ့ အတွက် ဇာတ်ကား ရိုက်ကူးဖို့ စိတ်အား ထက်သန်ပြီး လက်ခံ ရိုက်ကူးခြင်း ဖြစ်ကြောင်း ပြောပါတယ်။ “ရွှေကြာကို ကိုဝိုင်းရိုက်ကူးမယ်၊ ဖွေးဖွေးလည်းပါမယ် ဆိုကတည်းက သင်ဇာ ရိုက်ကူးခဲ့ချင် နေပြီ။ ဘာလို့လဲ ဆိုတော့ သူတို့နဲ့ တစ်ခါမှ မဆုံဖူးဘူးလေ။ ကိုဝိုင်းတို့ ရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေ ကလည်း တအား လည်း အောင်မြင်တယ်။ တအားလည်း ပေါက် တယ်ဆိုတော့ ကိုယ်လည်း ရိုက်ချင်တာပေါ့။ ဇာတ်လမ်းလေး လည်း တအား ကြိုက်တယ်။ ဒါရိုက်တာ၊ ပါဝင်တဲ့ သရုပ်ဆောင်တွေ နဲ့ လည်း လက်တွဲလုပ်ချင်စိတ်ရှိတယ်။ အဲဒါ ကြောင့် ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ် တာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ဒီဇာတ်ကားမှာ ဟိုတယ် မန်နေဂျာ အ ဖြစ် သရုပ်ဆောင် ရမှာဖြစ်တဲ့ သင်ဇာဝင့် ကျော်က အဝတ်အစားပိုင်းတွေ ကို ကြို တင်ပြင်ဆင် သလို ဇာတ်လမ်း ကိုလည်း ကြို တင် လေ့လာထားပြီး အစစအရာရာ ပြင်ဆင် ထားတယ် လို့ ပြောပါတယ်။ ဒီဇာတ်ကားမှာ လက်တွဲ အလုပ်လုပ်တဲ့ အနုပညာ ရှင်တွေက ထပ်ဆင့် အကယ်ဒမီတွေ ဖြစ်တာကြောင့် သူ့အနေ နဲ့လည်း အစွမ်းကုန် ကြိုးစားသွား မှာဖြစ် ကြောင်းကိုလည်း သင်ဇာဝင့်ကျော် က

“ပရိုဂျူဆာ ကလည်း ဘယ်လောက်ပဲ ကုန် ကုန် သူပုံအောပြီး ရိုက်မယ်။ အနုပညာကို  ချစ်မြတ်နိုး တဲ့သူ၊ ဝတ္ထုပိုင်း ကလည်း တအားကောင်းမယ့် ဝတ္ထု၊ သရုပ်ဆောင်တွေ ဆိုရင်လည်း ဖွေးဖွေးဆိုရင် ထပ် ဆင့် အကယ်ဒမီ၊ ကိုဝိုင်းဆိုလည်း ထပ်ဆင့် အကယ် ဒမီ၊ သူတို့ နဲ့ တွဲလုပ်ရမယ် ဆိုတော့ ကိုယ်လည်း အစွမ်းကုန် ကြိုးစားမှ ရမယ်ဆိုတဲ့ စိတ်ဖြစ်တာပေါ့။ ဒါကြောင့် ဒီဇာတ်ကားမှာ သင်ဇာ့ဘက် ကလည်း အစွမ်းကုန် ကြိုးစားမယ်။ လုံးဝ အလျှော့မပေး ဘူး။ လွယ်လွယ်နဲ့လည်း မလျော့ဘူး ဆိုတဲ့ စိတ် နဲ့ကြိုးစားမှာပါ။ ပရိသတ်ကြီး စိတ်မပျက်စေ ရပါဘူး”လို့ ပြောပါတယ်။

ရွှေကြာရုပ်ရှင် ဇာတ်ကားအတွက် အနု ပညာရှင်များနဲ့ ပရိုဂျူဆာ တို့ နှစ်ဦးနှစ် ဘက်ကြား စာချုပ်ချုပ် ဆိုခဲ့ကြပါတယ်။ ဒီလို စာချုပ်နဲ့ အလုပ် လုပ်ရတဲ့ အတွက် ရုပ်ရှင်လော ကအတွက် ကောင်းမယ့် အခွင့်အရေး တစ်ခု၊ ကောင်းမယ့် စာချုပ်ချုပ် ဆိုမှု တစ်ခုလို့ ပဲမြင် ကြောင်း သင်ဇာဝင့်ကျော် က ပြောပါတယ်။

Gym မှာ လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိတဲ့ သင် ဇာဝင့်ကျော်က အခုလတ်တလော မှာတော့ ပင်ပန်းပြီးတော့ ဝိတ်တွေ ကျသွား ကြောင်း ကို..”သင်ဇာက ဝိတ်လည်းချနေတယ်။ ဝိတ် ချပြီးတော့ မန္တလေးမှာ “ပိုက်ဆံ” ဆိုတဲ့ ဇာတ် ကားသွား ရိုက်ကူးပြီးတော့ ဝမ်းတွေလျှော နေတာ။ အဲဒီ နောက်ပိုင်း လူက ဘယ်လောက် စားစားမဝတော့ဘူး။ တောက်လျှောက် အ လုပ်ကလည်း ပင်ပန်းတယ်။ ခရီးတွေ သွား တယ်၊ ပြီးရင် ပြန်လာပြီး ခရီးပြန်သွားတယ်။ အခုလည်း ဇာတ်ကား ရိုက်ကူးမှုတွေ က တောက်လျှောက် ပြန် ရိုက်ကူးနေ ရတယ်။ သေချာ နားဖို့ အချိန်မရှိတော့ဘူး။ ဝအောင် လုပ်ဖို့ အချိန် မရှိဘူးဖြစ်နေတယ်။ ပင်ပန်းပြီး တော့ ဝိတ်ကျသွားတဲ့ သဘောပေါ့”လို့ ပြော ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*