‘ထာဝရအမေ’ ဇာတ်ကားကို ထိုင်းနိုင်ငံမှာ Post Production သွားလုပ်ရင်း ဆေးရုံ တက်လိုက်ရတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်

‘ထာဝရအမေ’ ဇာတ်ကားကို ထိုင်းနိုင်ငံမှာ Post Production သွားလုပ်ရင်း ဆေးရုံ တက်လိုက်ရတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်
February 24, 2017 Asian Fame
‘ထာဝရအမေ’ ဇာတ်ကားကို ထိုင်းနိုင်ငံမှာ Post Production သွားလုပ်ရင်း ဆေးရုံ တက်လိုက်ရတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်

Zinyaw-MgMgဒါရိုက်တာ စင်ရော်မောင်မောင် က “ထာဝရအမေ” ရုပ်ရှင် ဇာတ်ကား အတွက် Post Production ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Kantana Motion Pictures Co.,Ltd  မှာ သွားရောက်ပြုလုပ်ခဲ့ ပါတယ်။ ဇာတ်ကား အတွက် အသံနဲ့ ပတ်သက်တဲ့ အထူးပြုလုပ်ချက်တွေ ကို ပြုလုပ်တာ ဖြစ်ပြီး လိုင်းပေါင်း တစ်ရာကျော် သွင်းကြောင်းကို ဒါရိုက်တာ စင်ရော်မောင်မောင်က အခုလို ပြောပြပါတယ်။

“အသံနဲ့ပတ်သက်လို့ အထူး ပြုလုပ်ချက်တွေ သွားလုပ်တယ်။ လိုင်းတစ်ရာကျော် သွင်းတယ်။ ဥပမာ- ခင်လေးရီ ကိုယ့်ကို လက်ထပ် တော့ကွာ ဆိုရင် ခင်ရယ်၊ လေး ရယ်၊ ရီရယ်၊ ကိုယ်ရယ်၊ လက်ရယ်၊ ထပ်ရယ်ကို ညီအောင် တစ်လုံးချင်း ညှိတယ်။ ခင်နဲ့ လေးနဲ့ ရီအကြား က အသံတွေကို ဖြတ်ထုတ်တယ်။ ဒီ ခင်လေးရီကို မကြိုက်ရင် အရှေ့က ခင်လေးရီကို ပြန်ထည့်တယ်။ အဲဒါမှ မကြိုက်ရင် အသံကို ဦးမောင်ရဲ့ ရုံးခန်းမှာ သွင်းပြီး ဘန်ကောက်မှာ ပြန်လုပ်တယ်။ အဓိက Main က ဒိုင်ယာလော့ခ် စကားပြော တာရယ်၊ မြူးဇစ်ရယ် တအား အရေး ကြီးဆုံး ပဲ။ လေယာဉ်ပျံသံ၊ တံခါး ပိတ်သံ၊ ဗုံးပေါက်သံ၊ သေနတ် သံ၊ ရေခဲ တောင် တက်ရင် ရေခဲတောင် မှာ မကြားဖူးတဲ့ အသံမျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေ ထည့်တယ်။ ဒါက အသံ ပိုင်း။ ပြီးတော့ အရုပ်တွေ။ ဒီနားမှာ ဖြူတယ်၊ ဒီနားမှာ ဝါးတယ်၊ ဒီနားမှာ မှောင်တယ်၊ ဒီနားမှာ လင်းတယ်။ နေတိုး မျက်နှာက ကြမ်းတယ်၊ ချော တယ်၊ ဝတ်မှုံရွှေရည် မျက်နှာဖွေး တယ်၊ ဆင်းန်က အပေါ်က ရိုက်တော့ အရောင်တစ်မျိုး ထွက်တယ်။ အောက်ကရိုက်တော့ အရောင်တစ် မျိုးထွက်တယ်။ အဲဒါတွေ အားလုံး ကို ကာလာညှိတယ်။ ပြီးတော့ စာတန်း ထိုး၊ အစရှိတဲ့ လုပ်ငန်းပေါင်း မြောက်မြားစွာကို သွားလုပ်တဲ့ Post Production ဖြစ်တယ်။ ကျွန်တော် ရိုက်ကူးဖူးတဲ့ ဇာတ်ကားတွေထဲမှာ တော့ အကြိုက်ဆုံး ဖြစ်တယ်။ အား အရဆုံးဖြစ်တယ်။ ဒီဇာတ်ကား အတွက် လုပ်တာ ကတော့ မပြီးသေး ဘူး။ လုပ်နေတုန်းပါ။ ခေါက်တုံ့ ခေါက်ပြန်ကို သွားလုပ်နေ ရတယ်။ မတ်လကုန် မှပြီးမယ်” လို့ ပြောပြပါ တယ်။ “ထာဝရအမေ” ရုပ်ရှင်ဇာတ် ကားကို မတ်လအကုန်မှာ ဆင်ဆာ တင်တော့မှာလို့ သိရပါတယ်။

ဒါ့အပြင် ဒါရိုက်တာ စင်ရော် မောင်မောင်က “ထာဝရအမေ” ဇာတ်ကားနဲ့ “မဇ္ဈိမအလင်း” ဗုဒ္ဓဝင် ဇာတ်ကားတို့ အတွက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဘန်ကောက်မြို့ရှိ Kantana Company မှာ Post Production  ကိစ္စရပ်များကို သွား ရောက် လုပ်ကိုင်ရင်း ကနေ ဖေဖော် ဝါရီလ ၁၄ ရက်နေ့ မှာ လတ်တလော ကျန်းမာရေး အခြေအနေအရ ဆေးရုံ တက်လိုက်ရကြောင်း သိရပါတယ်။ ဆေးရုံ တက်လိုက် ရခြင်း အကြောင်း ကိုတော့ ဒါရိုက်တာ စင်ရော်မောင် မောင်က..

“အမေ ဇာတ်ကားနဲ့ ဗုဒ္ဓဝင် ဇာတ်ကား တို့အတွက် လိုအပ်တဲ့ အရုပ်၊ အသံ၊ ကာလာတွေကို သွား လုပ်တယ်။ အဲဒါ လုပ်ရင်းနဲ့ Kantana မှာ ဆေးရုံတက်လိုက်ရ တယ်။ အခုလို ဆေးရုံ တက်ဖြစ်လိုက် ရတာက ညအိပ်တဲ့ အခါမှာ နှစ်နှစ် ခြိုက်ခြိုက် အိပ်မပျော်ဘူး။ အိပ်ရေး ပျက်တာတွေ များနေတယ်။ တစ်ည မှာ ၈ နာရီလောက် အိပ်ရမှာကို ၃ နာရီလောက် အိပ်ပျော်တယ်။ နည်းနည်းလည်း အဝလွန်တော့ အသက်ရှူလမ်းကြောင်း နည်းနည်း ပိတ်ချင်သလို ဖြစ်နေတယ်။ အဲဒါနဲ့ ဆေးစစ်ချက် ပြုလုပ်တဲ့အခါမှာ ညအိပ်တဲ့အခါ တပ်ဆင်ပြီး အိပ်ရတဲ့ စက်တစ်မျိုး လိုနေတယ်။ အဲဒီစက် တပ်ဆင်ရင် အဆင်ပြေမယ်ပေါ့ နော်။ အခုတော့ သက်သာနေပါ တယ်။ ညအိပ်ရင် တပ်ဆင်ရမယ့် စက်ကိုလည်း မှာထားပါတယ်။ စက်ရလို့ ရှိရင်တော့ စက်သုံးပုံ သုံးနည်းလေး ဘန်ကောက်မှာ သွား လုပ်ရဦးမယ်။ အခုတော့ တော်တော် လေး သက်သာနေပါပြီ။ တခြား စိုးရိမ်စရာ မရှိပါဘူး” လို့ ကျန်းမာ ရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ဖေဖော်ဝါရီလ ၁၅၊ ၁၆ ရက်နေ့တို့မှာတော့ ကျန်းမာစွာ နဲ့ Kantana  မှာ  Post Production  လုပ်ငန်း များ ပြန်လည် ဆောင်ရွက်နေ ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာ ခဲ့ပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*