ရုပ်ရှင် နှစ်တစ်ရာပြည့် မတိုင်မီ ကြိုတင် ပြင်ဆင်သင့်တဲ့ အချက်အလက် များကို အကယ်ဒမီ ဆွေဇင်ထိုက် ပြောပြပြီ

ရုပ်ရှင် နှစ်တစ်ရာပြည့် မတိုင်မီ ကြိုတင် ပြင်ဆင်သင့်တဲ့ အချက်အလက် များကို အကယ်ဒမီ ဆွေဇင်ထိုက် ပြောပြပြီ
February 17, 2017 Asian Fame
ရုပ်ရှင် နှစ်တစ်ရာပြည့် မတိုင်မီ ကြိုတင် ပြင်ဆင်သင့်တဲ့ အချက်အလက် များကို အကယ်ဒမီ ဆွေဇင်ထိုက် ပြောပြပြီ

Shwe-Zin-Thaikလက်ရှိမှာ ရုပ်ရှင် ဥပဒေဟာ ထွက်ပေါ်လာခြင်းမရှိ သေးတာကြောင့် ရုပ်ရှင် ဥပဒေသာ တကယ် ပေါ်ထွက်လာခဲ့ပြီ ဆိုရင် လူတွေရဲ့ Role and Responsibilities ဆိုတဲ့အတိုင်း ကိုယ့်ရဲ့အခန်းကဏ္ဍ နဲ့ကိုယ့်ရဲ့တာဝန်တွေ ဝတ္တရား တွေဟာ သိသိသာသာ ထွက်ပေါ်လာ မှာဖြစ်တယ်လို့ အကယ်ဒမီ ဆွေဇင်ထိုက် က ဆိုလာပါတယ်။

ဒါ့အပြင် လာမယ့် ၃ နှစ် အတွင်းမှာ ရောက်လာတော့မယ့် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အကြို မရောက်ခင် ကြိုတင်ပြင် ဆင်ရမယ့် အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီး အကြံပြု ပြောပြပေးခဲ့တာ ကတော့ “Community Development လို့ ခေါ်ပါတယ်။ အရင်တုန်းက လိုမျိုး အပေါ်ကနေ ပြီးတော့မှ လမ်းညွှန်ချက် နဲ့ ချပေးတဲ့ အတိုင်းလုပ်တာ မဟုတ်ဘဲနဲ့ Community ထဲမှာ ရှိနေတဲ့ သူတွေ ရုပ်ရှင်ချစ်တဲ့ သူတွေ၊ အစုအဖွဲ့တွေ အကုန်လုံး ကနေ တစ် နိုင်တစ်ပိုင် လုပ်ကြတာကို အားပေးရမှာ ဖြစ်ပါတယ်။ ဒီလို နည်းအားဖြင့် လည်း လူတွေ အကုန်လုံးကို လှုံ့ဆော်ရာ ဖြစ်ပါတယ်။ အခုဆိုရင် အချိန် ၃နှစ် ရှိပါသေးတယ်။ အဲ့ဒီတော့ ၂ နှစ်လောက် ကတော့ Awareness Campaign ကြီးတစ်ခုကို လှုံ့ဆော်တာကို လုပ်ထားရမှာပါ။ ပြီတော့မှ ၂ဝ၂ဝ အောက်တိုဘာမှာ နှစ် တစ်ရာပြည့်မှာ ဆိုတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ လောက် ကတည်းက စပြီး ဖိတ်ကြားတာတွေကို လုပ်ရပါမယ်။ အပြည် ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်ကြီး တစ်ခုကို လုပ်သလိုပဲပေါ့။ ကျွန်မစိတ်ထဲမှာ ဆိုရင် အပြည်ပြည် ဆိုင်ရာ ရုပ်ရှင် ပွဲတော် ကြီးနဲ့ကို တွဲပြီးတော့ကို လုပ်ပေးချင်တာ။ အပြည်ပြည် ဆိုင်ရာ ရုပ်ရှင်ပွဲတော် တစ်ခုမှာ တချို့နိုင်ငံတွေမှာ ဆိုရင် နိုင်ငံ ပေါင်း ၆ဝလာတယ်။ တချို့နိုင်ငံတွေမှာ ဆိုရင် နိုင်ငံပေါင်း ၁၂ဝ အထိ လာတာတွေ ရှိတယ်။ အဲ့ဒီလိုမျိုး နိုင်ငံတွေလာတဲ့ အခါ စာတမ်းဖတ်ပွဲတွေ ကျင်းပ၊ ရုပ်ရှင် ဇာတ်ညွှန်း ပြိုင်ပွဲ တွေကို ကျင်းပ၊ အပြည်ပြည် ဆိုင်ရာ ရုပ်ရှင်ပွဲတော်ပြ တာကိုလည်း တစ်ပြည်လုံးက ပြည်သူတွေ လည်း ကြည့် နိုင်၊ တစ်ကမ္ဘာလုံး က လူတွေလည်း သိနိုင်အောင် လည်း ပဲ ကျင်းပရမယ်။ ရုပ်သံပေါင်း စုံကလည်း ထုတ်လွှင့်ရ မယ်။ အဲ့ဒါသာဆိုရင် ရုပ်ရှင်နှစ် တစ်ရာပြည့်ပွဲဟာ မြန် မာ့ ရုပ်ရှင်လောက အတွက် အလွန်တရာမှ ကောင်းမွန် သော၊တစ်ကမ္ဘာလုံးကို ရောက်စေသော အခွင့် အလမ်း လို့ ကျွန်မမြင်ပါတယ်” လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*