မေလမှာပြသမယ့် My Sassy Girl ဇာတ်ကားမှာ ပါဝင်ထားတဲ့ Joo Won

မေလမှာပြသမယ့် My Sassy Girl ဇာတ်ကားမှာ ပါဝင်ထားတဲ့ Joo Won
February 17, 2017 Asian Fame
မေလမှာပြသမယ့် My Sassy Girl ဇာတ်ကားမှာ ပါဝင်ထားတဲ့ Joo Won

Joo-WonMoon Joo-won က ဆိုးလ်မှာ မွေးဖွားသူ တစ်ဦးပါ။ အသက် ၈ နှစ်မှာတော့ အမေ ရိကမှာ ပညာ သွားရောက် သင်ကြားခဲ့ပြီး ၆လနဲ့ ပြန်လာခဲ့ပါတယ်။ Joo Won က ၂ဝ၁ဝ မှာ King of Baking ဇာတ်လမ်းတွဲမှာ ပထမဆုံး ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ ကို ဖမ်း စားနိုင်ခဲ့ပါတယ်။ ၂ဝ၁၁ မှာတော့ မိသားစု ဇာတ်လမ်းတွဲ “Ojakgyo Family” မှာ ပါဝင်ခဲ့ပြီး KBS Drama Awards က ပေးအပ်တဲ့ Best New Actor ဆုကို သိမ်းပိုက် နိုင်ခဲ့တယ်။ Joo Won ရဲ့ တတိယမြောက် ဇာတ်ကား ဖြစ်တဲ့ Bridal Mask က Joo Won ကို အောင်မြင်မှု ပေးခဲ့သလို Excellence ဆု နဲ့ Popularity ဆုများကို ဆွတ်ခူးပေးခဲ့ပါတယ်။

၂ဝ၁၃ မှာတော့ MBC က ရိုက်ကူးတဲ့ 7th Grade Civil Servant ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ကာ အဲ့ဒီနောက် KBS က ရိုက်ကူးတဲ့ ဆေးပညာ ဇာတ်လမ်းတွဲ”Good Doctor” မှာပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မှုက ထူးချွန်တာကြောင့် 2013 KBS Drama Awards မှာ Top Excellence၊ Netizens ၊ PD ၊ Best Couple အစရှိတဲ့ ဆုလေးဆုကို ရုပ်ရှင်တစ်ကားတည်း နဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လေးနှစ်တာ အနားယူပြီးနောက် Joo Won က SBS Drama Awards က ပေးအပ်တဲ့ Grand Price ကို ရရှိခဲ့သလို Fatal Intuition ဇာတ်ကားက လက်မှတ် ၁ သန်းထက် မနည်း ရောင်းခဲ့ရပါတယ်။၂ဝ၁၇ မှာတော့ Joo Won က မေလမှာ ထုတ်လွှင့်ပြ သတော့မယ့် My Sassy Girl ဇာတ်ကားမှာ ပါဝင်ထားပြီး အဆိုတော် မင်းသမီး BoA နဲ့ တွဲနေတယ်လို့ သူရဲ့ အေဂျင်စီ Huayi Brother က ကြေညာ ထားပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*