အိမ်ထောင်သည်တွေ အတွက် ရည်ရွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား

အိမ်ထောင်သည်တွေ အတွက် ရည်ရွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား
February 17, 2017 Asian Fame
အိမ်ထောင်သည်တွေ အတွက် ရည်ရွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား

Tidar-Linn၂ဝ၁၅ ခုနှစ် အတွက် နောက်ခံ တေးဂီတ အကယ်ဒမီဆုရရှိခဲ့တဲ့ “မောင့်အိမ်သူ” ရုပ်ရှင်ဇာတ်ကားကြီး ကို ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ ရန်ကုန်မှာ ရုံတင်ပြသတော့ မှာဖြစ်ပါ တယ်။ ဇာတ်ကားကို စိတ်ကူးပုံဖော် ရိုက်ကူးဖြစ်ခဲ့ပုံ ကိုတော့ ဒါရိုက်တာ သီတာလင်း (Laurel) က..

“အစ်မက အစ်ကိုငဲ ရဲ့ “မျှော် လင့်ခြင်းကွင်းပြင်” သီချင်းကို နား ထောင်တဲ့အခါမှာ ဒီခံစားချက်လေး နဲ့ ချိတ်မိသွားပြီး ဒီဇာတ်လမ်းလေး ကို ရေးဖြစ်ပြီး ရိုက်ကူးဖြစ်တာပါ။ အခု အစ်မ အိမ်ထောင်သည် အမျိုး သမီးတွေကို ပြောချင်တာက သတ္တိရှိ ပါ။ အရာရာကို ရင်ဆိုင်ပါ။ မြုံမထား ပါနဲ့။ ဒီဇာတ်ကားထဲက ရီလေးနွယ် ဆိုတဲ့ အမျိုးသမီးက မြုံထားပေမယ့် အစ်မတို့ အပြင်က အမျိုးသမီး တွေက မြုံမထားပါနဲ့။ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။ လှပအောင်နေပါ။ တစ်ဖက်က ဖောက်ပြန်တတ်တဲ့ မိန်းမတွေကိုလည်း ပြောချင်ပါတယ်။ ဇာတ်ကားထဲ မှာလည်း မက်ဆေ့ခ်ျ ပေးထားပါတယ်။ ကိုယ် တကယ်ချစ်တဲ့ သူတွေ့ရင်၊ ကိုယ်တကယ် အိမ်ထောင် ပြုမယ့်သူ နဲ့တွေ့လာရင် သူများလိုပဲ ကိုယ်လည်း ခံစားရပါလိမ့်မယ်ဆိုတာ အစ်မ ပြောချင်ပါတယ်။ မိန်းမ အချင်းချင်း ကိုယ်ချင်းစာပါ”လို့ ပြော ပြခဲ့ပါတယ်။ မောင့်အိမ်သူ ဇာတ်ကား ထဲမှာတော့ အကယ်ဒမီလူမင်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ လှယဉ် ကျေးတို့က အဓိက ပါဝင်သရုပ် ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကား ကောင်း တစ်ကားဖြစ်ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*